ကနီ – ဧပြီ(၁၈)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ ဆက်သွယ်ရေးတာဝါတိုင် စခန်းကို PDF တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၇) ရက်နေ့ မနက်အစောပိုင်းက ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁) ကသွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) လောက် အထိုင်ချထားပြီး မိနစ်(၂၀) နီးပါးကြား နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ပြောထားပေမယ့် အသေးစိတ်အခြေအနေကိုတော့ သံလွင်တိုင်းမ် အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ​ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.