ရန်ကုန် – ဧပြီ(၁၇)
နိုင်ငံတဝှမ်းက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၃၀၁၅) ဦးကို စစ်ကောင်စီကပြန်လွှတ်ပေးမယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
လွတ်ငြိမ်းခွင့်ပြုမယ့် အကျဉ်းသားတွေကို နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက အခုပြစ်ဒဏ် အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမှာဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုထားတာပါ။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ပြုမယ့် အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တာရှိမရှိနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ နှစ်သောင်းကျော်ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ (၁၇၀၀၀) ကျော်ဟာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပုံအဟောင်း(CJ)