သထုံ၊ ဧပြီ(၁၆)

မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန် – မော်လမြိုင်ရထားလမ်း သထုံဘူတာနဲ့ ရင်းငြိမ်ဘူတာကြားမှာ ဧပြီ (၁၄) ရက် မွန်းလွဲပိုင်းအချိန်က ကျောက်တင်ကုန်ရထားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ ရန်ကုန်ကနေ မော်လမြိုင်ဘက်သို့ မောင်းနှင်းလာတဲ့ ကျောက်တင်ကုန်ရထားကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကျောက်တင်ကုန်ရထား စက်ခေါင်းလေကာမှန်အက်ကွဲမှု ဖြစ်ပေါ်ခဲ့သလို ရထားသံလမ်း (၂) ပေနီးပါး ပြတ်တောက်ပျက်ဆီးမှုဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၁၃) ရက်ကလည်း သထုံမြို့နယ် ရန်ကုန် – မော်လမြိုင်ရထားလမ်း သထုံဘူတာနဲ့ သိမ်ဆိပ်ဘူတာကြားမှာ မော်လမြိုင် – ရန်ကုန် အမှတ် (၈၂) အစုန်လေအိတ်ရထား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရထားသံလမ်း ၁ ပေးနီးပါး ပျက်စီးခဲ့တာပါ။

ရန်ကုန်-မော်လမြိုင် ရထားလမ်းဟာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မကြာခ ဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရနေပြီး အဲဒီတိုက်ခိုက်မှုကြောင့် ရထားခရီးစဉ်တချို့ ဖျက်သိမ်းရတာတွေရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.