လွိုင်ကော် – ဧပြီ(၁၇)

ကယားပြည်နယ်၊ လွိုင်ကော်အရှေ့ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ စစ်ဘေးရှောင်ဆေးခန်းတစ်ခု လုံးဝပျက်စီးသွားခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ကပြောပါတယ်။

ဒီနေ့ ဧပြီလ(၁၇) ရက်နေ့ မနက်(၂) နာရီလောက်မှာ ဗုံး(၄)လုံးကြဲချခဲ့တာဖြစ်ပြီး (၃) လုံးပေါက်ကွဲ ခဲ့ပေမယ့် (၁)လုံးက မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဗုံးကြဲခဲ့တာဟာ စစ်ရှောင်စခန်းကိုဖြစ်နိုင်ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ကရင်နီ ပြည်အတိုင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးဗညားက သံလွင်တိုင်းမ် ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ရှောင်တွေရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ရှောင် အသက်(၅၃) နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက်(၁၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရ သင်္ကြန်မဏ္ဍပ် ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် လွိုင်ကော်အရှေ့ဘက်ခြမ်းကို လက်နက်ကြီး၊လေကြောင်းပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်အတွင်း ကယားပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် (၃၀၀) ကျော်ပြုလုပ်ခံထားရတယ်လို့ဒေသတွင်းသတင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNIC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.