တိုကျို – ဧပြီ(၁၈) 

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G-7 ထိပ်တန်းသံကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာ ပြင်သစ် သမ္မတ မာခရွန်ရဲ့ ဝိဝါဒကွဲပြားစရာ မှတ်ချက်ထွက်ပေါ်လာပြီးနောက် တရုတ်အရေးနဲ့ ပတ်သက်ပြီး အဖွဲ့အတွင်း စည်းလုံးညီညွတ်ဖို့ ကြိုးပမ်းနေရတယ်လို့ သိရပါတယ်။

ပြင်သစ်သမ္မတရဲ့ ဘေဂျင်းခရီးစဉ်အပြီး ပြောဆိုချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လှုပ်လှုပ် ခတ်ခတ်အခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် G-7 နိုင်ငံခြားရေးဝန်ကြီးတွေကြား နည်းလမ်းရှာဖွေနေရပြီး ကိုယ့်ပြဿနာမဟုတ်တဲ့ ကိစ္စတွေကို ဥရောပက ရှောင်ရှားသင့်တယ်လို့ ပြင်သစ်သမ္မတ မာခရွန်ကပြောခဲ့တာပါ။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာရှာ ဟာရာရှိက သူ့ရဲ့ G-7 မိတ်ဖက်တွေကြား ပြောဆိုချက်မှာ တော့ G-7 ရဲ့ ညီညွတ်မှုဟာ အထူးအရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ 

ဧပြီလ(၁၇) ရက်နေ့မှာ စတင်ကျင်းပခဲ့တဲ့ G-7 အစည်းအဝေး ပထမပိုင်းမျာ တရုတ်အရေးနဲ့ ဒေသတွင်း စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြကာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရား ဥပဒေစိုးမိုးရေးကို အခြေပြုတဲ့ နိုင်ငံတကာ ဖြစ်စဉ်ကို ကာကွယ်ဖို့အတွက် G-7 ရဲ့ ဆုံးဖြတ်ချက် ကို ကမ္ဘာကြီးသိအောင် ပြသဖို့ တောင်းဆိုခဲ့ပါတယ်။ 

G-7 လက်ခံကျင်းပတဲ့ ဂျပန်နိုင်ငံဟာ ဒေသတွင်း စိန်ခေါ်မှုတွေကို အစည်းအဝေးအစီအစဉ် ထိပ်ဆုံးမှာ ပါဝင်ပြီး ထိုင်ဝမ်တစ်ဝိုက်ရှိ တရုတ်စစ်ရေးလေ့ကျင့်မှုတွေနဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးအစီအစဉ် ကိစ္စတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

ဆွေးနွေးပွဲစတင်ချိန်မှာ အမေရိကန်ရေတပ်ဟာ လွတ်လပ်စွာရေကြောင်းသွားလာခွင့် (Freedom of Navigation Operation) အရ ထိုင်ဝမ်ရေလက်ကြားထဲကို ပဲ့ထိန်းဒုံးကျည်တွေကို ဖျက်ဆီးနိုင် တဲ့ သင်္ဘောတစ်စင်း ရွက်လွှင့်စေခဲ့ပြီး တရုတ်က ဒီသင်္ဘောကို ခြေရာခံမိထားတယ်လို့ ပြောခဲ့ပါ တယ်။ 

ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ မှတ်ချက်တွေပေါ်မှာ ဝိဝါဒကွဲပြားချက်ဟာ တရုတ်အရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးထုတ်ပြန်ချက်မှာ G-7 အစုအဖွဲ့ အာဏာပိုင်တွေဟာ မီးကိုလောင်စာ ထည့်လောင်းတဲ့ ကိစ္စရပ်တွေကို ရှောင်ရှားဖို့ နည်းလမ်းရှာဖွေနေပြီး ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဝန်ခံချက်အရ တရုတ်နဲ့ ထိုင်ဝမ်အရေးကို မူဝါဒ အပြောင်းအလဲမရှိဘူးလို့ ဆိုထားပါ တယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.