ကန့်ဘလူ – ဧပြီ(၁၆)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာက စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် ဝမ်းနည်းစာနာခြင်း အထိမ်းအမှတ် မီးပိတ်တိတ်ဆိတ်တဲ့ လှုပ်ရှားမှု Blackout strike Campaign ပြုလုပ်သွားမယ်လို့ တော်လှန်ရေးအင်အားစုတွေက ကြေညာထားပါတယ်။
ဒီလှုပ်ရှားမှုကို လာမယ့် ဧပြီလ(၁၇) ရက် နှစ်ဆန်းတစ်ရက်နေ့ ည ၈ နာရီကနေ ၈နာရီ ၅ မိနစ်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ နေအိမ်မှာဖြစ်စေ၊ မိမိတို့ရောက်ရှိနေတဲ့ နေရာမှာ ဖြစ်စေ (၅) မိနစ်ကြာ မီးပိတ်တိတ်ဆိတ်ငြိမ်သက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၆၈) ဦးသေဆုံးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်