မွန်ပြည်နယ် စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်အပါအဝင် အဆိုတော်တွေကို ခေါ်ယူပြီး ဖျော်ဖြေနေပေမယ့်လည်း လူစည်ကားမှုမရှိကြောင်း သိရပါတယ်။

မွန်ပြည်နယ် စစ်ကောင်စီဟာ မော်လမြိုင် ကမ်းနားလမ်း ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်တွေကို ငွေကျပ်သိန်းပေါင်းများစွာကုန်ကျခံပြီး ပြင်ဆင်ထားပေမယ့် ပြည်သူတွေ ပါဝင်ဆင်နွှဲမှု မရှိသလောက် နည်းပါးနေတာပါ။

” အရင်ကဆို ဒီလိုညမျိုးဟာ ဗဟိုမဏ္ဍပ်ရှေ့ ကားမပြောနဲ့ ဆိုင်ကယ်တောင် သွားလို့မတဲ့အထိ လူတွေက တိုးနေတာ၊ အခုက လူထုက ရသေ့စိတ်ဖြေသဘောပဲလောက်ပဲ လာပြီး လာလေ့လာတဲ့သဘောပဲ” လို့ မော်လမြိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ သင်္ကြန်မဏ္ဍပ်အနီးတဝိုက်မှာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးအထူးတင်းကျပ်ထားသလို ကင်းပုန်ဝပ်နေတဲ့ အရပ်ဝတ် လုံခြုံရေးအများအပြားလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ ဗဟိုမဏ္ဍပ်ကို စစ်ကောင်စီခန့် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာပါ။

သတင်း/ဓာတ်ပုံ- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.