ဘီးလင်း၊ ဧပြီ(၁၅)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကတိုးဆိပ်ကျေးရွာမှာ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည် သူ့စစ်တွေ ဦးဆောင်ပြုလုပ်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုကို ဗုံးခွဲသတိပေးခဲ့တယ်လို့ ဘီလင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၁၃ ရက်နေ့ ည ၁၁ နာရီလောက်မှာ ကတိုးဆိပ်ကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသံဗုံးဖောက်ခွဲပြီး သတိပေးခဲ့တာဖြစ်ပါတယ်။

အသံဗုံးခွဲသတိပေးမှုအပြီးမှာ ကတိုးဆိပ်ရွာက လောင်းကစားဝိုင်း ပွဲပျက်သွားသလို သောင်ကြီးကျေးရွာမှာလုပ်နေတဲ့ လောင်းကစားဝိုင်းလည်း ရပ်နားသွားတယ်လို့ ဆိုပါတယ်။

အဲဒီလောင်းကစားဝိုင်းတွေမှာ ကြက်၊ အနီထောင်၊ ဖဲ၊ အန်ဂလုံ လောင်းကစားနည်းတွေပါဝင်ပြီး ကျပ်သိန်း ရာချီလောင်းကစားပြုလုပ်နေတာဖြစ်ကာ လိုင်းကြေးကို စစ်ကောင်စီတပ်နဲ့ရဲတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေက ကောက်ခံတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘီလင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကတော့ အသံဗုံးဖောက်ခွဲမှုဟာ စစ်ကောင်စီသြဇာခံတွေဝင်ငွေရရှိနေတဲ့ လမ်းကြောင်းကို ဖြတ်တောက်တာဖြစ်ပြီး ဆက်လုပ်နေပါက တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်အတွင်းမှာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက လောင်းကစားဝိုင်းတွေရှိခဲ့ပေမယ့် ပေါ်ပေါ် တင်တင် မလုပ်ရဲခဲ့သလို စစ်တပ်အာဏာသိမ်းပြီးနောက် ဇာတ်ပွဲတွေဘန်းပြပြီး လောင်းက စားဝိုင်းတွေကို ပေါ်တင်ပြုလုပ်လာကြတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.