April 15, 2023

ပဇီကြီးကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ KIO ထုတ်ပြန်

လိုင်ဇာ – ဧပြီ(၁၅) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရကပ်ဖြစ်တဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီက ဒီနေ့ဧပြီလ(၁၅) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်ပြုရမယ့်အစား ရန်သူသဖွယ် အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ အကြောင်းအမျိုးမျိုးပြပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့…

ကယားပြည်နယ် ဗဟိုမဏ္ဍပ်ဒရုန်းနဲ့ဗုံးကြဲခံရ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေထိခိုက်မှုရှိနိုင်

လွိုင်ကော် – ဧပြီ(၁၅) ကယားပြည်နယ်၊ လွိုင်ကော်မြို့ စစ်ကောင်စီပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက် ခံရတာကြောင့် ထိိခိုက်မှုတွေရှိနိုင်တယ်လို့ လွိုင်ကော်ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ(၁၅)ရက် သင်္ကြန်အကြတ်နေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်တပ် အရာရှိ တွေနဲ့ ရေကစားနေသူတွေထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ “အသေအပျောက်တော့မကြားဘူး။ထိခိုက်တာတော့ရှိတယ်။ဒါပေမယ့်ဘယ်သူ့ကိုမှပေးမဝင်ဘူး။သူတို့ဘာသာသူတို့အကုန်ပြင်ဆင်ထားပြီးသား။စစ်တပ်ကပဲအကုန်ကားတွေနဲ့ခေါ်သွားပြီးကုသ ပေးနေတယ်” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဗုံးပေါက်ကွဲပြီးနောက်…

KNU ဒေသခံတွေ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ

ညောင်လေးပင်၊ ဧပြီ(၁၅) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာသားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်ပြီးလမ်းပြအဖြစ် စေခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ဧပြီ(၁၁)ရက်နေ့က စစ်ကောင်စီတပ်ဟာ ဘောက ထာစခန်းကနေပြီး ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ မဘီလေးကျေးရွာနဲ့ ငဖယ်အင်းကျေးရွာက ဒေသခံတွေရဲ့ နေအိမ်(၂)လုံးကို ထိမှန်ပျက်စီးခဲ့တယ်လို့…

ဘီးလင်းမြို့နယ်မှာ လောင်းကစားဝိုင်းတစ်ခု ဗုံးခွဲသတိပေးခံရ

ဘီးလင်း၊ ဧပြီ(၁၅) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကတိုးဆိပ်ကျေးရွာမှာ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည် သူ့စစ်တွေ ဦးဆောင်ပြုလုပ်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုကို ဗုံးခွဲသတိပေးခဲ့တယ်လို့ ဘီလင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၃ ရက်နေ့ ည ၁၁ နာရီလောက်မှာ ကတိုးဆိပ်ကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသံဗုံးဖောက်ခွဲပြီး သတိပေးခဲ့တာဖြစ်ပါတယ်။ အသံဗုံးခွဲသတိပေးမှုအပြီးမှာ…

သထုံမှာ သင်္ကြန်ကာလ အမျိုးသား ၂ ဦးအတူတူ ဆိုင်ကယ်မစီးဖို့ စစ်ကောင်စီအမိန့်ထုတ်

သထုံ၊ ဧပြီ(၁၅) မွန်ပြည်နယ် သထုံမြို့နယ်အတွင်း သင်္ကြန်ကာလ အမျိုးသား ၂ ဦးအတူတူ ဆိုင်ကယ်မစီးကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပြီး စီးနင်းသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီကပြုလုပ်တဲ့ သထုံလမ်းလျှောက်သင်္ကြန်မှာ ပြည်သူတွေမပါဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ သတိပေးပြီးနောက် စစ်ကောင်စီကအမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ အမိန့်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။…

ပုလောမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ဒေသခံ PDF ဝင်တိုက်

ပုလော၊ ဧပြီ(၁၅) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထား တဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တပ်အင်အား ၃၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း နေရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့…

မွန်ပြည်နယ် ဗဟိုမဏ္ဍပ် ဖျော်ဖြေရေး ညပိုင်း မြင်ကွင်း

မွန်ပြည်နယ် စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်အပါအဝင် အဆိုတော်တွေကို ခေါ်ယူပြီး ဖျော်ဖြေနေပေမယ့်လည်း လူစည်ကားမှုမရှိကြောင်း သိရပါတယ်။ မွန်ပြည်နယ် စစ်ကောင်စီဟာ မော်လမြိုင် ကမ်းနားလမ်း ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်တွေကို ငွေကျပ်သိန်းပေါင်းများစွာကုန်ကျခံပြီး ပြင်ဆင်ထားပေမယ့် ပြည်သူတွေ ပါဝင်ဆင်နွှဲမှု မရှိသလောက် နည်းပါးနေတာပါ။ ” အရင်ကဆို ဒီလိုညမျိုးဟာ ဗဟိုမဏ္ဍပ်ရှေ့…

ပျူစောထီးလောင်းကစားဝိုင်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်ရောက် ပစ်ခတ်ပြီးနောက် ဖျက်သိမ်း

ပွင့်ဖြူ – ဧပြီ(၁၄) မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရှောက်တော ကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးဆောင်ပြီး ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်ပစ်ခတ်ပြီးနောက် အဲဒီလောင်းကစားဝိုင်းကို ဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၂) ရက်နေ့ ညနေပိုင်းက ပျူစောထီးခေါင်းဆောင် ဆိုသူကို Peacocks Brothers Urban Guerilla အဖွဲ့က ပစ်ခတ်ပြီးနောက် လောင်းကစားဝိုင်းကို ဖျက်သိမ်းခဲ့တာပါ။…