ဝါရှင်တန် – ဧပြီ(၁၃)
လုံခြုံရေးအဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ယူကရိန်း၊ အစ္စရေးနဲ့ တခြားနိုင်ငံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ပျံ့နှံ့သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့ စုံစမ်းစစ်ဆေးမှု တွေ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြုစုထားတဲ့ ထိရှလွယ်ပြီး လုံခြုံရေးအဆင့်သတ်မှတ် ထားတဲ့ အကြောင်းအရာတွေ ခွင့်ပြုချက်မရှိဘဲ ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုခဲ့တာပါ။
တရားရေးဦးစီးဌာနက စုံစမ်းစစ်ဆေးရေး စတင်တဲ့ နေ့တွေတည်းက အမေရိကန်ပြည်ထောင်စု ဟာ မဟာမိတ်တွေရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး လုံခြုံလျှို့ဝှက်နိုင်ဖို့အတွက် ပြောဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အာဏာပိုင်တွေက ရှာမတွေ့ခင်အထိ ဝက်ဘ်ဆိုဒ်ပေါ်မှာ တစ်လကျော်ကြား ဘာကြောင့် ရှိနေရသလဲဆိုတဲ့ သတင်းမီဒီယာတွေရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး မစ္စတာ အော်စတင် က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပြီး စာရွက်ပေေါက်ကြားမှုကိုသာ စုံစမ်းစစ်ဆေးနေတယ်လို့ ပြောခဲ့ပါ တယ်။
ဒီစာရွက်ပေါက်ကြားမှုကို ဖိလစ်ပိုင်၊ယူကရိန် အစရှိတဲ့ မိတ်ဖက်တွေနဲ့ အစည်းအဝေးကျင်းပခဲ့ ရပြီး အမေရိကန်ဟာ ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းရေးမိတ်ဖက်အဖြစ် ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ အာမခံခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်း၊တရုတ်၊ အရှေ့မလယ်ပိုင်းနဲ့ အဖရိက စစ်ပွဲတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ ဒီစာရွက်စာတမ်းတွေဟာ မဟာမိတ်တွေဆီကမဟုတ်ဘဲ အမေရိကန်နိုင်ငံသား တစ်ယောက်ဆီက ပေါက်ကြားတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။
ပျံ့နှံ့လာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းလျှို့ဝှက်စာတမ်းမှဦ ယူကရိန်းရဲ့ စစ်ရေး စွမ်းဆောင်ရည်တွေနဲ့ ချို့ယွင်းချက်တွေ၊ မဟာမိတ်မူဝါဒအရ မဟုတ်ပေမယ့် ယူကရိန်းကို လက်နက် ထေက်ပံ့ဖို့အပြင် တောင်ကိုရီးယားကို အမေရိကန် အစိုရဘက်က ဖိအားပေးတာ တွေအထိဖော်ပြထားတာပါ။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယား လွှတ်တော် အမတ်တွေဟာ အမေရိကန်ရဲ့ မဟာမိတ်တွေအပေါ် တရားဥပဒေမဲ့စွာသူလျှိုဆန်တဲ့ လုပ်ရပ်တွေ ပြုမှုနေတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
Ref: The Straits Times