KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်အနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကစပြီး စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ တော် လှန်ရေး တပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒါကြောင့် ရွှေကုက္ကိုလ်မြို့သစ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ၊ နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့ ဒေသခံတွေမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရလဲ။ လတ်တလောမှာ ဘယ်လို အကူအညီတွေ လိုအပ်နေလဲ။ ဒီအ ခြေအနေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး ရွှေကုက္ကိုလ်မြို့သစ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ။
ကော့ကရိတ်မြို့နယ်အတွင်းမှာ မတ် ၂၅ရက်နေ့ကတည်းကနေ တိုက်ပွဲစဖြစ်ပွားတာ။ KNU,PDF ပူးပေါင်းတပ် ဖွဲ့နဲ့ စစ်ကောင်စီ ခမရ ၂၇၅ တို့အကြားဖြစ်ပွားခဲ့တာပေါ့လေ။ စစ်ကောင်စီကတော့ အမြဲတမ်းပဲ လက်နက်ကြီး နဲ့ ရမ်းသမ်းလုပ်နေတာပေါ့နော်။ ရွာသားတွေရဲ့ အိမ်တွေကတော့ ထိခိုက်ပျက်စီးမှုရှိတယ်။ ရွာသားတွေကတော့ ကြောက်ရွံထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေ ရတယ်။ နေရာအနှံ့မှာ၊ တချို့ကတောတောင်ထဲမှာ၊ တချို့က မြို့ထဲမှာရှိတာပေါ့။ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာ၊ လေယာဉ်ပစ် တာတော့ ဒေသခံတွေအတွက်က အကြီးမားဆုံး လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတော့ရှိတာပေါ့ ။ ဒါကြောင့် ထွက်ပြေးတိမ်းရှောင် နေရတယ် ဒေသခံတွေက။ နေရာဒေသတဝိုက်မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတယ်။ ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေရတော့ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုက ပိုမိုများလာတယ်။
-ရွှေကုက္ကိုလ်ဒေသတိုက်ပွဲအပါအဝင် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ အရေ အတွက် ဘယ်လောက်ထိများပြားလာနေလဲ၊ KNU နယ်မြေအတွင်း စစ်ဘေးရှောင်ဦးရေ အရေအတွက်လေး သိရရင် ပြောပေးပါဦး။
စစ်ဘေးရှောင်အရေအတွက်ဦးရေရဖို့တော့ ခက်ခဲနေပါသေးတယ်။ နေရာအနှံ့ပြန့်ကြဲနေတာရော၊ ကျွန်တော် တို့ကိုယ်တိုင်လည်း ကွင်းထဲအထိ ဝင်ရောက်ရယူနိုင်ဖို့ အခက်အခဲတွေ အများကြီးဖြစ်နေပါသေးတယ်။ ကော့ ကရိတ်မြို့နယ်ထဲက ကျုံဒိုး၊ ကော့ကရိတ် လတ်တလော စစ်ရေးပြင်းထန်တဲ့ နေရာဒေသတဝိုက်မှာရှိတဲ့ စစ်ဘေးရှောင်ကတော့ ကျွန်တော်တို့ အရေအတွက်အားဖြင့် တိတိ ကျကျ ဘာမှမသိရှိရသေးဘူး။ လတ်တ လော စစ်ရေးပြင်းထန်လာတဲ့ တပ်မဟာ ၇ အပါအဝင် တပ်မဟာ၄၊ တပ်မဟာ ၇ ခုစလုံးမှာ စစ်ဘေးရှောင် တွေက ပြန့်ကြဲနေတယ်။ အရင်ကတော့ငါးသိန်း။ အခုကတော့ ၆သိန်းအထက်မှာ ခန့်မှန်းရတာပေါ့လေ၊ ကျွန်တော်တို့ အတည်ပြုလို့ မရသေးဘူး။
-နောက်ဆုံးအနေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ အခြေအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြား လိုတာရှိမလဲ။ ပြောပေးပါဦး။
လူ့အခွင့်အရေးချိုးဖောက်မှုက ရေရှည်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက်က လူသားချင်းစာ နာထောက်ထားမှု လိုအပ်တယ်။ ဘေးကင်းလုံခြုံခွင့် အခွင့်အရေးချိုးဖောက်ခံနေရတယ်။ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အခွင့်အလမ်းချိုး ဖောက်ခံနေရတယ်။ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် အခွင့်အရေးချိုး ဖောက်ခံနေရတယ်။ ဒီလိုမျိုး စစ်ရေးပြင်းထန်လာတဲ့အပေါ် အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှု လက် နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေ မတရားဖမ်းဆီးသတ်ဖြတ် တာမျိုးတွေ လုပ်ဆောင်နေတဲ့ အပေါ်မှာ ဒါတွေကကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို စစ်ရာဇဝတ် မှုလည်း မြောက်တယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုလည်း ချိုးဖောက်ရာ ရောက် တယ်ပေါ့၊ အဲဒါကြောင့် ကျုးလွန်တဲ့သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိဖို့အတွက် ဆက်လက် ပြီးကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သွားမှာပေါ့နော်။ သက်ဆိုင်ရာ နိုင်ငံတကာအဆင့်ကရော ချိုးဖောက်ခံသူ၊ ထိခိုက်နစ်နာသူတွေအတွက်လည်း တရားမျှတမှုရရှိအောင် တတ်နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ ကြိုးပမ်းလုပ် ဆောင်နေပါတယ်။