နယူးဒေလီ၊ ဧပြီ(၁၃)
ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အ ပံ့တွေ အိန္ဒိယအစိုးမှ ထပ်မံရရှိဖို့အတွက် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီထံလိပ်မူတဲ့ အကူညီတောင်းခံစာကို သမ္မတဇီလန်စကီးက ပေးပို့ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေး ဒုဝန်ကြီး အီမီနီ ဇာပါရိုဗာက ပြောပါတယ်။
ဧပြီလ ၁၀ ရက်ကနေ ၁၂ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေတဲ့ ဝန်ကြီးဟာ ယူကရိန်းသမ္မတမှ မိုဒီထံသို့ လိပ်မူထားတဲ့စာကို အိန္ဒိယနိုင်ငံခြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးအား အင်္ဂါနေ့မှာ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ပြည်ပရေးရာဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ပါတယ်။
အိန္ဒိယဆေးဘက်ဆိုင်ရာကျောင်းသားတွေကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းမှ နိုင်ငံခြားဆေးဘက်ဆိုင်ရာ ကျောင်း သားတွေကို သူတို့နေထိုင်ရာနိုင်ငံမှာ Unified State အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုခွင့်ပြုမယ်လို့ ဝန်ကြီးက ပြောပါတယ်။
ပြည်ပရေးရာဝန်ကြီးဌာနမှာ အတွင်းရေးမှူး ဆန်ဂျေဗာမာနဲ့ တွေ့ဆုံစဉ် ယူကရိန်းရဲ့လက်ရှိအခြေအနေတွေ နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ သူကထပ်လောင်းပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးမှာ အိန္ဒိယကုမ္ပဏီတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်နိုင်ကြောင်း ယူကရိန်းဝန်ကြီးက အဆိုပြုခဲ့တယ်လို့ တရားဝင်သတင်းရင်းမြစ်တွေက တဆင့် သိရပါတယ်။
အိန္ဒိယက ဆေးဝါး၊ ဆေးဘက်ဆိုင်ရာ ကိရိယာတွေကို ထောက်ပံ့ပေးပြီး ယူကရိန်းနိုင်ငံသို့ ကျောင်းကားတွေ ထောက်ပံ့ပေးမှာဖြစ်ကြောင်း အတွင်းရေးမှူး ဗာမာက ပြောပါတယ်။
ဗာမာနဲ့ အပြန်အလှန်ဆွေးနွေးမှုအတွင်း ဇာပါရိုဗာက စီးပွားရေး၊ ကာ ကွယ်ရေး၊ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကူအညီတွေအပြင် ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Ref: Indo Asian News