ဘီးလင်း၊ ဧပြီ(၁၂)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာအနီးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃) တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီ ခမရ (၃) တပ်ရင်းကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်း ၂ စီးနဲ့ သွားရောက်တိုက် ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းတစ်စီး ထိခိုက်ပျက်စီးခဲ့တာပါ။
ဒရုန်းတိုက်ခိုက်ခံမှုမှာ တပ်ရင်းဗဟိုကင်းအဆောက်အဦး ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပေမယ့် မြေပြင်အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။စစ်ကောင်စီတပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၈ လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
စစ်တပ်ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ စစ်ကောင်စီတပ်ရင်း တိုက်ခိုက်မှုမှာ အ ဆောက်အဦးတချို့သာ ထိခိုက်ပျက်စီးခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် မဲလံကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF စခန်းကို KNLA ပူးပေါင်းတပ်က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခံပြီး BGF အရာ ရှိ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ