ပေကျင်း – ဧပြီ(၁၃) 

ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တို့ရဲ့ ကယ်လီဖိုးနီးယားတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်တဲ့အနေနဲ့ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေကာ သမ္မတ ဆိုင်အင်ဝမ်ဟာ ထိုင်ဝမ်ကို မုန်တိုင်းထန်တဲ့ ပင်လယ်ထဲတွန်းပို့နေတယ်လို့ တရုတ်က ခြိမ်း ခြောက်လိုက်ပါတယ်။ 

အမေရိကန်မှာ မက္ကာသီနဲ့ တွေ့ဆုံပြီး ဂွါတီမာလာနဲ့ ဘာလီဇီမှာ ခရီးတစ်ထောက်ရပ်နားတဲ့ နိုင်ငံခြား ခရီးစဉ်မှာ ထိုင်ဝမ်ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ချက်နဲ့ ပတ်သက်ပြီး ကမ္ဘာကို ပြသခဲ့တယ်လို့ ထိုင်ဝမ်သမ္မတက ဆိုခဲ့ပါတယ်။ 

ဒီခရီးစဉ်ဩာ ဘေဂျင်းကို ဒေါသထွက်စေခဲ့ပြီး တရုတ်နိုင်ငံက သူတို့အပိုင်လို့ ဆိုထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို အင်အားသုံး ပြန်လည်သိမ်းယူနိုင်ကြောင်း ပြသဖို့ ရက်ပေါင်းများစွာကြာတဲ့ စစ်ရေလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာပါ။ 

တရုတ်နိုင်ငံဟာ သမ္မတဆိုင်ကို ခွဲထွက်ရေးသမားတစ်ဦးအဖြစ် ရှုဖြင်ထားကာ ဆွေးနွေးပွဲ အတွက် သူမဆီကတောင်းဆိုမှုတွေကို ငြင်းပယ်ထားပြီး သူမကတော့ ငြိမ်းချမ်းရေးကို လိုလားပေမယ့် တိုက်ခိုက်ခံရပါက ထိုင်ဝမ်အစိုးရအနေနဲ့ ခုခံကာကွယ်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။ 

“ဆိုင်အင်ဝမ်က ထိုင်ဝမ်ကို အန္တရာယ်ထဲကို တွန်းပို့ပြီး ထိုင်ဝမ်ကို မုန်တိုင်းထန်တဲ့ပင်လယ်ထဲ အမေရိကန်နဲ့ တစ်ဖက်သတ်နီးပါး တွန်းအားပေးနေပါတယ်” လို့ တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံး (TAO) ပြောရေးဆိုခွင့်ရှိသူ ဇူ ဖမ်လီရမ်က  ပြောခဲ့ပါတယ်။ 

ထိုင်ဝမ်အနီးတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးတပ်တွေနဲ့ ပြင်ပ အင်အားစုတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ရန်စမှုတွေအတွက် လေးနက်တဲ့ သတိပေးချက်ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။  

စစ်ရေးလေ့ကျင့်မှု မစတင်မီ တစ်ရက်အလိုမှာ ထိုင်ဝမ်ကိုပြန်ရောက်လာတဲ့ သမ္မတဆိုင်အင်ဝမ် က ဒီခရီးစဉ်ကြောင့် ကျွန်းရဲ့လွတ်လပ်မှုကို ခြိမ်းခြောက်နေတဲ့ ရန်လိုသူကို ဆန့်ကျင်တိုက်ခိုက် တဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။ 

“ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီမိတ်ဖက်များထံမှ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုရရှိထားတဲ့ ထိုင်ဝမ်ဟာ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သတင်း စကားကို ဤခရီးစဉ်မှ နိုင်ငံတကာအသိုက်အဝန်းထံသို့ ပေးပို့ခဲ့ကြောင်း” လို့ သမ္မတဆိုင်က ပြောခဲ့ပါတယ်။ 

သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ရက်ပိုင်းက စီစဉ်ထားတဲ့အတိုင်း ပြီးဆုံးကြောင်း တရုတ်ဘက်က ကြေညာခဲ့ပေမယ့် ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေတာပါ။ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ (၂၄) နာရီအတွင်းထိုင်ဝမ်အနီးတစ်ဝိုက်မှာ တရုတ် စစ်လေယာဉ်(၃၅) စင်းနဲ့ ရေတပ်သင်္ဘော(၈) စင်းတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီ အဲဒီထဲက လေယာဉ်(၁၄) စင်းဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ပျမ်းမျှမျဉ်းကို ဖြတ်ကျော်ထားတယ်လို့ ပြော ပါတယ်။ 

အရင်က တရုတ်တိုက်လေယာဉ်တွေဟာ အလယ်မျဉ်းကို တခါတရံသာ ဖြတ်ကျော်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဩဂုတ်လက စစ်ရေးလေ့ကျင့်မှုတွေကျင်းပပြီးနောက်မှာတော့ ဖြတ်ကျော်မှုတွေ ပုံမှန်လုပ်ဆောင်ခဲ့ပြီး အဲဒီမျဉ်းတည်ရှိမှုကိုလည်း အသိအမှတ်မပြုဘူးလို့ တရုတ်ဘက်က ခြိမ်းခြောက်ထားပါတယ်။ 

ထိုင်ဝမ်အစိုးရဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် ငြင်းဆိုထား သလို ပြည်သူတွေကလည်း သူတို့ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ ပြောထားပါတယ်။

Ref: The News Daily

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.