April 12, 2023

ယူကရိန်းသမ္မတ ဇီလန်စကီးက အိန္ဒိယဝန်ကြီးချုပ်မိုဒီထံစာရေးပြီး အကူအညီတောင်းခံ

နယူးဒေလီ၊ ဧပြီ(၁၃) ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အ ပံ့တွေ အိန္ဒိယအစိုးမှ ထပ်မံရရှိဖို့အတွက် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီထံလိပ်မူတဲ့ အကူညီတောင်းခံစာကို သမ္မတဇီလန်စကီးက ပေးပို့ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေး ဒုဝန်ကြီး အီမီနီ ဇာပါရိုဗာက ပြောပါတယ်။ ဧပြီလ ၁၀ ရက်ကနေ ၁၂ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေတဲ့ ဝန်ကြီးဟာ ယူကရိန်းသမ္မတမှ မိုဒီထံသို့ လိပ်မူထားတဲ့စာကို…

အမေရိကန်လုံခြုံရေးအဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပေါက်ကြားမှု ပြင်းထန်စွာ အရေး ယူမယ်လို့ဆို

ဝါရှင်တန် – ဧပြီ(၁၃) လုံခြုံရေးအဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ယူကရိန်း၊ အစ္စရေးနဲ့ တခြားနိုင်ငံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ပျံ့နှံ့သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့ စုံစမ်းစစ်ဆေးမှု တွေ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြုစုထားတဲ့ ထိရှလွယ်ပြီး လုံခြုံရေးအဆင့်သတ်မှတ် ထားတဲ့ အကြောင်းအရာတွေ ခွင့်ပြုချက်မရှိဘဲ ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ တရားရေးဦးစီးဌာနက စုံစမ်းစစ်ဆေးရေး…

ထိုင်ဝမ်သမ္မတက သူ့နိုင်ငံကို မုန်တိုင်ထန်တဲ့ ပင်လယ်ပြင်ကို တွန်းပို့နေတယ်လို့ တရုတ်ခြိမ်း ခြောက်

ပေကျင်း – ဧပြီ(၁၃) ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တို့ရဲ့ ကယ်လီဖိုးနီးယားတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်တဲ့အနေနဲ့ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေကာ သမ္မတ ဆိုင်အင်ဝမ်ဟာ ထိုင်ဝမ်ကို မုန်တိုင်းထန်တဲ့ ပင်လယ်ထဲတွန်းပို့နေတယ်လို့ တရုတ်က ခြိမ်း ခြောက်လိုက်ပါတယ်။ အမေရိကန်မှာ မက္ကာသီနဲ့ တွေ့ဆုံပြီး ဂွါတီမာလာနဲ့ ဘာလီဇီမှာ ခရီးတစ်ထောက်ရပ်နားတဲ့ နိုင်ငံခြား ခရီးစဉ်မှာ ထိုင်ဝမ်ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို…

စစ်ကောင်စီ သေဒဏ်ချမှတ်ခဲ့တဲ့ အရပ်သား (၁၅၅) ဦးအထိရှိလာ

မော်လမြိုင် – ဧပြီ(၁၂) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူ တွေနဲ့ အရပ်သား (၁၅၅) ဦးသေဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မတွေ၊ လူသတ်မှု တွေနဲ့ စွပ်စွဲပြီး အမိန့်ချမှတ်ခံထားရတာပါ။ သေဒဏ်ချမှတ်ခံထားရသူတွေထဲမှာ အမျိုးသား (၁၃၆)…

စစ်ကောင်စီကို ထိရောက်ပြင်းထန်စွာအရေးယူမယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – ဧပြီ(၁၂) အပြစ်မဲ့အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လုံးဝလက်ခံခွင့်လွှတ်မှာ မဟုတ်ဘဲ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့ က စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားတွေအပါအဝင် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ ကလေးသူငယ်…

“လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာ၊ လေယာဉ်ပစ်တာတော့ ဒေသခံတွေအတွက်က အကြီးမားဆုံး လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ် မှုတော့ရှိတာပေါ့။ နေရာဒေသတဝိုက်မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတယ်။ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေ ရတော့ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုက ပိုမိုများလာတယ်။”

KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်အနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကစပြီး စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ တော် လှန်ရေး တပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒါကြောင့် ရွှေကုက္ကိုလ်မြို့သစ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ၊ နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့…

ဘီးလင်းအခြေစိုက် စစ်ကောင်စီ ခမရ (၃) တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဘီးလင်း၊ ဧပြီ(၁၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာအနီးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃) တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီ ခမရ (၃) တပ်ရင်းကို ကရင်အမျိုးသားလွတ် မြောက်ရေး…

မြဝတီမြို့နယ် မဲကနယ်ဒေသဘက်မှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ ဧပြီ(၁၂) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ ဧပြီလ (၁၁) ရက်နေ့က စစ်ကောင်စီနယ်ခြားစောင့်တပ် BGFနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက် ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှု အများအပြား အသုံး ပြုတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ် လာရောက်…