တိဗက် – ဧပြီ(၁၂)
ကလေးငယ်တစ်ဦးကို ထိတွေ့နမ်းရှိုက်ဖို့ တောင်းဆိုနေတာကို ပြသထားတဲ့ ရုပ်သံဖိုင် ထွက်ပေါ် လာပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေခံထားရတဲ့ တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား အနေနဲ့ ဝန်ချတောင်းပန်ခဲ့ပါတယ်။
ဒီရုပ်သံဖိုင်မှာ ဂါရဝပြုဖို့ မတ်တပ်ရပ်နေတဲ့ ကလေးငယ်ရဲ့ နှုတ်ခမ်းကို နမ်းရှိုက်ဖို့အတွက် အသက် (၈၇) နှစ်အရွယ် ဒလိုင်းလားမားက တောင်းဆိုနေတဲ့ပုံတွေ ပါဝင်လာခဲ့တာပါ။
အဲဒီနောက် ဘာသာရေးခေါင်းဆောင်က ကလေးငယ်ကို ပြည်သူတွေမကြည့်သင့်တဲ့ အခြေအနေ အထိပြုလုပ်ခွင့်ပေးဖို့ တောင်းဆိုနေတဲ့ ပြောဆိုသံတွေလည်း ကြားနေရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က အိန္ဒိယမြောက်ပိုင်း ဒါဟာရမ်ရှာလာမြို့တော်ရဲ့ ဆင်ခြေဖုံး နေရာတစ်ခုမှာပြုလုပ်တဲ့ အခမ်းအနားမှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖြစ်ပါတယ်။
“သူတော်စင်သည် သူ၏ စကားလုံးများအားဖြင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ရခြင်းအတွက် ကလေး ငယ်နှင့် သူ၏ မိဘ၊ ကမ္ဘာတဝှမ်းရှိ သူ၏ မိတ်ဆွေများ ကို တောင်းပန်ကြောင်းဟု တောင်းဆု ပြုပါသည်။ သူတော်စင်သည် လူအများကို အများမြင်ခွင့်တွင်ဖြစ်စေ၊ ကင်မရာရှေ့၌ဖြစ်စေ ရိုးသားဖြူစင်ခြင်းနှင့် အပြန်အလှန်ထိတွေ့နိုင်သော နည်းလမ်းဖြင့် ထိတွေ့လေ့ရှိသည်။ သူ အနေဖြင့် ထိုအဖြစ်အပျက်ကို နောင်တရမိပါသည်” လို့ ဒလိုင်းလားမားရဲ့ တွစ်တာအကောင့် မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒလိုင်းလားမားဟာ အရင်တုန်းကလည်း လိင်သဘောဆောင်တဲ့ မှတ်ချက်တွေကြောင့် တောင်းပန်ခဲ့ရဖူးတယ်လို့ တွစ်တာမှာရေးသားသူတွေဆီက သိရပါတယ်။
တိဗက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့အတွက် လှုပ်ရှားမှုတွေမှာ ဒလိုင်းလားမားကို အသိ အမှတ်ပြုထားပေမယ့် ၁၉၈၉ ခုနှစ် နိုဘယ်စုရရှိပြီးနောက်မှာတော့ အသက်အရွယ်ရလာတာ နဲ့အတူ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဩဇာကြောင့် ကမ္ဘာ့ခေါင်းဆောင် တွေနဲ့ ဟောလိဝုဒ်ကြယ်ပွင့်တွေကြားမှာ သူ့ကို ဖိတ်ခေါ်မှုကျဆင်းလာတယ်လို့ သိရပါတယ်။
တရုတ်ပြည်ကတော့ ခွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် ဘေဂျင်းအစိုးရက သူ့ကို စွပ်စွဲထားခဲ့ပြီး ရဟန်အရေရုံထားတဲ့ ဝံပုလွေအဖြစ် ပြင်းပြင်းထန်ထန်ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း ဒလိုင်းလားမားက သူ့ရဲ့နေရာကိုဆက်ခံသူဟာ အမျိုးသမီး ဖြစ်ပါက အဲဒီအမျိုးသမီးဟာ ဆွဲဆောင်မှုရှိဖို့ လိုအပ်တယ်လို့ ပြောခဲ့တဲ့အတွက်တောင်းပန်ခဲ့ ရဖူးပါတယ်။
BBC နဲ့ အင်တာဗျူးတစ်ခုမှာလည်းသူပြောခဲ့တဲ့ မှတ်ချက်တွေကြောင့် ကမ္ဘာနဲ့အဝှမ်း ကျယ်ပြန့်စွာ ဝေဖန်ခဲ့ကြဖူးပါတယ်။
Ref: The Straits Times