မော်လမြိုင် – ဧပြီ(၉)
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်တာကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေတဲ့ NUCC၊CRPHနဲ့ NUG တို့ရဲ့ တော်လှန်ရေးကြိုးပမ်းချက်တွေကို အချက်အလက်တွေနဲ့ ဖတ်ရှုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က စာတမ်း(၂)စောင်ထုတ်ဝေထားပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ လက်နက်ကိုင် ပဋိပက္ခတွေ၊တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတဲ့အပြင် သုတေသနတွေကို ပုံမှန်လုပ်ဆောင်နေတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက စစ်ကောင်စီကိုဖွဲ့စည်းခဲ့သလို တဘက်မှာလည်း NUCC၊CRPHနဲ့ NUG တို့က ပင်မတော်လှန်ရေးအင်အားစုတွေထဲကတခုအဖြစ် နွေဦးတော်လှန် ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ နိုင်ငံရေးအစုအဖွဲ့တစ်ခုဖြစ်ပါတယ်။
အာဏာသိမ်း (၂) နှစ်တာအတွင်းစစ်ကောင်စီရဲ့ အာဏာာရေရှည်ကိုင်စွဲရေးအတွက် ကြိမ်းပမ်းမှု တွေ၊လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုတွေ၊ ပင်မတော်လှန်ရေးအင်အားစုတွေရဲ့ တော်လှန်ရေး ကြိုးပမ်းချက်တွေကို ဒီစာတမ်းမှာ အသေးစိတ်ဖော်ပြထားပါတယ်။
ပင်မ တော်လှန်ရေးအင်အားစုကိုယ်စားလှယ်တွေဟာ တော်လှန်ရေးကာလတလျှောက် KNU၊ KPICT၊AAနဲ့ CNFစတဲ့ ERO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ပူးပေါင်းတော်လှန်ဖို့ ဆွေးနွေးတာ တွေရှိခဲ့သလို ရိုဟင်ဂျာအရေးမှာလည်း မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ တရားစွဲဆိုချက်တွေအပေါ် NLD အစိုးရက ကန့်ကွက်ခဲ့တာတွေအားလုံးကို NUG ကပြန်လည် ရုပ်သိမ်းပြီး (၂) နှစ်အတွင်း ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ပညာရေးခေါင်းဆောင်တွေနဲ့ (၄) ကြိမ် တွေ့ဆုံထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာန အသီးသီးကနေ အာဏာသိမ်းပြီး (၂) နှစ်အတွင်း နိုင်ငံရေး၊စီးပွားရေး၊နိုင်ငံတကာဆက်ဆံရေးတွေနဲ့ ဆိုင်တဲ့ ထုတ်ပြန်ကြေညာချက် စုစုပေါင်း(၃၇၂) စောင်ဝန်းကျင်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
NUG ဟာ (၂) နှစ်အတွင်း မြို့နယ်တရားရုံး (၂၄) ရုံးနဲ့ ဥပဒေရုံးပေါင်း (၂၂)ရုံးဖွင့်လှစ်နိုင်ခဲ့ သလို အုပ်ချုပ်ရေးမှာလည်း စစ်ကိုင်းတိုင်မှာ (၂၉) မြို့နယ်၊ မကွေးတိုင်းမှာ (၇)မြို့နယ် က လုပ်ငန်းခွင် စွန့်ခွာတဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းနိုင်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ လုပ်ငန်းခွင်စွန့်ခွာတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ ကျူးလွန်ထားပါတယ်။
NLD ပါတီဝင်တွေနဲ့ တော်လှန်ရေးမှာပါဝင်တဲ့သူတွေကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ဖို့အ အတွက် စစ်ကောင်စီက ပျူစောထီး၊သွေးသောက်၊သွေးသစ္စာ၊စွန်ရဲ၊မျိုးချစ်ညွန့်ပေါင်း၊ Yangon Castigate Group စတဲ့အဖွဲ့တွေကို ဖွဲ့စည်းထားပြီး အကြမ်းဖက်မှုတွေလုပ်ဆောင်ဖို့ အားပေးတာ တွေလည်း ရှိနေပါတယ်။
ဒီလိုတော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အသေးစိတ်ရေးသားထားတဲ့ ဉာဏ်လင်းသစ်ရဲ့ စာတမ်းတွေကိုအောက်ပါ ပူးတွဲ Link တွေမှာ အခမဲ့ ရယူဖတ်ရှုနိုင်ပါတယ်။
CRPH, NUCC, NUGတို့၏ ၂ နှစ်တာလှုပ်ရှားမှုများအင်္ဂလိပ်ဘာသာဖြင့်ဖတ်ရှုရန် :
မြန်မာဘာသာဖြင့်ဖတ်ရှုရန် :
စစ်ကောင်စီ၏ ၂ နှစ်တာလှုပ်ရှားမှုများအင်္ဂလိပ်ဘာသာဖြင့်ဖတ်ရှုရန် :
မြန်မာဘာသာဖြင့်ဖတ်ရှုရန် :
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဉာဏ်လင်းသစ် သုတေသနအဖွဲ့
All reactions:156156