တိုကျို – ဧပြီ(၁၁)
တရုတ်အစိုးရရဲ့ ထိုင်ဝမ်ကျွန်းကိုတိုက်ခိုက်ဖို့အထိ လှုံ့ဆော်လာတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဂျပန်ဘက်က စောင့်ကြည့်နေတယ်လို့ အစိုးရ ထိပ်ပိုင်းပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအောက်လွှတ်ောအမတ်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်ကာသီနဲ့ လော့အိန်ဂျလိစ့်မြို့ အစည်းအဝေးအပြီး တိုင်ပေကို ပြန်ရောက်ပြီးနောက်မှာ တရုတ်ဘက်က (၃) ရက်တာ စစ်ရေးလေ့ကျင့်ကို ဧပြီလ(၈) ရက်နေ့မှာ ကြေညာခဲ့တာပါ။
တရုတ်အစိုးရဟာ ဒီမိုကရေစီနည်းက အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို သူတို့ပိုင်နက်အဖြစ် ပြောဆိုထား ပြီး ကျွန်းနိုင်ငံကတော့ ဒီလိုပြောဆိုတာတွေကို ကန့်ကွက်ထားပါတယ်။
“ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဂျပန်နိုင်ငံအတွက်ပဲ အရေးကြီး တာမဟုတ်ပါဘူး၊ နိုင်ငံတကာအသိုင်းအဝိုင်တစ်ခုလုံး ရဲ့ တည်ငြိမ်ရေးအတွက်လည်း အရေးကြီးပါတယ်” လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဟီရိုကာဇူ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်ဘက်က ဆန္ဒပြတဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ် ဖို့ကြေညာခဲ့သလို ဂျပန်ရေပိုင်နက်အတွင်းကိုလည်း တရုတ်ရဲ့ ပဲ့ထိန်းဒုံးတွေ ကျရောက်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဂျပန်အစိုးရက အိုကီနာဝါ ကျွန်းပေါ်မှာ အမေရိကန်လေတပ်ရဲ့ အကြီးစား အခြေချစခန်းတစ်ခုကို လက်ခံခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း တရုတ်ရဲ့ လေ့ကျင့်မှုတွေကို အနီးကပ်စောင့် ကြည့် နေတယ်လို့ သိရပါတယ်။
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့ဖြစ်တဲ့ ဧပြီလ(၉) ရက်နေ့မှာ ထိုင်ဝမ်ကျွန်းပေါ်ကို တိုက်ခိုက်ဖို့ဆိုပြီး လေ့ကျင့်ရေးလှုံ့ဆော်တာတွေလည်း ရှိခဲ့တာပါ။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ဘက် ကွပ်ကဲရေးရဲ့ WeChat အကောင့် ကတဆင့် ရုပ်သံဖိုင်တစ်ခုထုတ်လွှင့်ထားပြီး အဲဒီရုပ်သံမှာ ထိုင်ဝမ်မြောက်ပိုင်းရဲ့ ကောင်ကင် ပေါ်မှာ နျူကလီးယားစွမ်းအင်ရှိတဲ့ H-6 ဗုံးကျဲလေယာဉ်ပျံသန်းနေတဲ့ပုံကို တွေ့ရပါတယ်။
ရုပ်သံဖိုင်မှာ ပါဝင်တဲ့ အသံမှာတော့ ပဲ့ထိန်းဒုံးတွေ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုထားပြီး လေယာဉ်မှူး ထိုင်ခုံက ပုံတွေကို ပြသထားတာဖြစ်ပါတယ်။
အဲဒီနောက် လှုံ့ဆော်တိုက်ခိုက်မှုတစ်ခုမှာတော့ လေယာဉ်မှူးက ပစ်ခွင်းမှု ထိန်းချုပ်ရေး ခလုပ်ကို နှိပ်ဖို့ နဲ့ နှိပ်ပြီးတဲ့ အခြေအနေကို ပြသထားကာ ဒုံးဆံတွေကို အမှန်တကယ်ပစ်ခတ်တာရှိမရှိကို တော့ ဖော်ပြထားတာမရှိပါဘူး။
ရုပ်သံထွက်ပေါ်လာပြီးနောက်မှာတော့ ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးဖိုက်တာတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ပြီး တရုတ်တပ်ဖွဲ့တွေကို နောက်ယောင်ခံဖို့ စစ်သင်္ဘောတွေကို စေလွှတ်တာနဲ့အတူ အသာ တကြည်တုံ့ပြန်သွားဖို့နဲ့ ပဋိပက္ခတွေကို မစတင်ဖို့ ထိုင်ဝမ်ဘက်က ပြောခဲ့ပါတယ်။
ဧပြီလ(၁၀) ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ (၂၄) နာရီအတွင်း တရုတ်လေတပ်လှုပ်ရှားမှု မြေပုံမှာ ဖိုက်တာလေယာဉ်တွေဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ကြားခံစည်းကို ဖြတ်ကျော်လာပြီး ထိုင်ဝမ်အရှေ့ဘက် ပစိဖိတ်ပင်လယ်မှာလည်း တရုတ်ရဲ့ J-15 ဖိုက်တာလေယာဉ်တွေ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ်မဖော်ပြထားပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ထိုင်ဝမ်ဟာ ကျွန်းရဲ့ အရှေ့ဘက်မှာ ရှန်ဒေါင်းအမည်ရ တရုတ် သင်္ဘောကို ခြေရာခံ ထားမိတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သီးခြားထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ အတိအကျ ဖော်ပြထားတာမရှိတဲ့ နေရာတစ်ခုအတွင်းမှာရှိတဲ့ ထိုင်ဝမ်ထုတ် ရှီအုန်းဖန် သင်္ဘောဖျက်ဒုံးကျည်အတွက် အသုံးပြုတဲ့ လောင်ချာတွေနဲ့ ပင်လယ်အတွင်းရှိ ပဲ့ထိန်းဒုံး တွေတပ်တင်ထားတဲ့ တိုက်ခိုက်ရေး ရေယာဉ်တွေလည်း ပါလာခဲ့တယ်လို့ သိရပါတယ်။
Ref:CNA