ရှန်ဟိုင်း ဧပြီ(၁၁)
တက်စလာကုမ္ပဏီရဲ့ ကယ်လီဖိုးနီးယား အခြေစိုက် မီဂါပက့်ခ် စက်ရုံရဲ့ ထုတ်ပြန်မှုတွေကို ဖြည့်တင်းဖို့အတွက် တစ်နှစ်ကို မီဂါပက့်ခ် စွမ်းအင် တစ်သောင်းထုတ်လုပ်နိုင်တဲ့ စက်ရုံကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ဖွင့်လှစ်နေတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
အီလွန်မာ့စ်ရဲ့ မော်တော်ကားထုတ်လုပ်တဲ့ တက်စလာကုမ္ပဏီဟာ ရှန်ဟိုင်းစက်ရုံကို တတိယ သုံးလပတ်မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်မှာ ထုတ်လုပ်မှု ကိုစတင်မှာဖြစ်ကာ အဲဒီလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆင်ဟွာ သတင်းဌာနက ဖော်ပြ ထားတာပါ။
လက်ရှိမှာတော့ ရှန်ဟိုင်းမှာရှိတဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ စက်ရုံကို ဖြည့်တင်းရင်း စက်ရုံသစ်ဟာ တစ်ကမ္ဘာလုံးကို ရောင်းချဖို့ တစ်နှစ်ကို စွမ်းအင်သိုလှောင်မှု (၄၀) ဂီဂါဝဂ် နာရီဝန်းကျင်နဲ့ ညီမျှတဲ့ ကနဦး မီဂါပက့်ခ် ယူနစ်တစ်သောင်း ထုတ်လုပ်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ကမ္ဘာကြီးဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုတာကို ပြောင်းလဲလာတာနဲ့ အမျှ တစ်ကမ္ဘာလုံးမှာ စွမ်းအင်သိုလှောင်မှု လိုအပ်ချက် မြင့်တက်လာမှုကို ဖြည့်ဆည်းဖို့ ရှန်ဟိုင်း စက်ရုံသစ်နဲ့အတူ တက်စလာဟာ သူတို့ရဲ့ မီဂါပက့်ခ် လီသီယမ်-အိုင်းယွန်းဘက်ထရီယူနစ် တွေရဲ့ ကုန်ကျစရိတ်ကို လျှော့ချဖို့ တရုန်နိုင်ငံရဲ့ ကမ္ဘာ့ထိပ်တန်း ဘက်ထရီထောက်ပံ့ရေး ကွင်းဆက်ကို အခွင့်ကောင်းယူမှာဖြစ်တယ်လို့ သိရပါတယ်။
တက်စလာဟာ သူတို့ရဲ့ ငွေကြေးအများစုကို လျှပ်စစ်ကားလုပ်ငန်းမှ ရရှိနေပေမယ့် အီလွန်မာ့စ် ဟာ သူတို့ရဲ့ ဆိုလာစွမ်းအင်နဲ့ ဘက်ထရီလုပ်ငန်းကို အကြမ်းဖျင်း အရွယ်အစားတူအောင် ချဲ့ ထွင်ဖို့ ကတိပြုထားခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်ဘက်ထရီကုမ္ပဏီ CATL ကစွမ်းအင်သိုလှောင်တဲ့ ဘက်ထရီပစ္စည်းတွေ တင်သွင်းမှုမှာ တက်စလာအပါအဝင် ဖောက်သည်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လျှပ်စစ်ကား (EV) စွမ်းအင်သုံး ဘက်ထရီတွေထက် စျေးကွက်ပိုကြီးမှာဖြစ်တယ်လို့ ဥက္ကဋ္ဌ ရိုဘင်ဇန်းက ပြောပါ တယ်။
လက်ရှိမှာတော့ တက်စလာဟာ ကယ်လီဖိုးနီးယားမှာ မီဂါစက်ရုံရှိပြီး တစ်နှစ်ကို တစ်သောင်း မီဂါပက့်ခ် ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
တက်စလာကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်မှာ Model-3 ကားတွေကို ရှန်ဟိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ တစ်ပတ်ကို ကားအစီးရေ (၂၂၀၀၀) ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်။
တက်စလာဟာ သူတို့ရဲ့ အကောင်းမွန်ဆုံးသော အော်တိုထုတ်လုပ်ရေးစက်ရုံဖြစ်တဲ့ Gigafactory Shanghai ကိုတိုးချဲ့ဖို့ စီစဉ်နေပြီး နှစ်စဉ် အစီးရေ (၄၅၀၀၀၀)တိုးချဲ့ဖို့ စီစဉ်နေတယ် လို့ ရိုက်တာမှာ ပြီးခဲ့တဲ့ မေလက ဖော်ပြထားပါတယ်။
ဒါပေမယ့် အမေရိကန် ကုမ္ပဏီဟာ တတိယသုံးလပတ်မှာ ဝယ်လိုအားစတင်နည်းလာတာကြောင့် ရှန်ဟိုင်းမှာ သိုလှောင်မှုမြင့်တက်လာတာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်သူတို့ရဲ့ အဓိက စျေးကွက်တွေ မှာ ပြင်းထန်တဲ့ စျေးနှုန်းဖြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ထားပါတယ်။
ကမ္ဘော့အကြီးဆုံး မော်တော်ယာဉ်စျေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ EV အရောင်းတိုးတက်မှုဟာ ပြီးခဲ့တဲ့နှစ်ထဲက နှေးကွေးသွားတာဖြစ်တယ်လို့ သိရပါတယ်။
Ref: Reuters