အခြေခံပညာရေးလုပ်သားများသမဂ္ဂ (BEWU)က ဆရာနောင်ချိုနဲ့ ဆက်သွယ်မေးမြန်းချက်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်က Federal School of Aung Myay Thar Zan အွန်လိုင်းစာသင်ကျောင်း တာဝန်ခံ ဒေါ်အိရွှေစင်မြင့် အပါအဝင် (၁၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့မှာ သတင်း ထုတ်ပြန်ထား တယ်။ ဒါကြောင့် NUG အွန်လိုင်း စာသင်ကျောင်းတွေအပေါ် စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးလာတဲ့ အခြေအနေ၊ စစ်ကောင်စီလက်ထက် လွတ်လပ်စွာ ပညာသင်ယူခွင့်ဆုံးရှုံးမှုနဲ့ NUG စာသင်းကျောင်းတွေ ဖမ်းဆီးမခံရအောင် ဘာတွေကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလဲ။ ဒီအခြေအနေနဲ့ ပတ် သက်ပြီး အခြေခံပညာရေးလုပ်သားများသမဂ္ဂ (BEWU)က ဆရာနောင်ချိုနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး စစ်ကောင်စီအနေနဲ့ သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့ NUG ကနေ ဖွင့်လှစ်ထားတဲ့ အွန်လိုင်းကျောင်းတွေကို ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်ဆောင်ရွက်နေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်တို့က စစ်ကောင်စီကို သပိတ်မှောက်ထားတယ်။ ကျွန်တော်တို့ CDMဆရာ၊ ဆရာမတွေနဲ့CDM ကျောင်းသားမိဘတွေ ပူးပေါင်းပြီးပေါ်လာတဲ့ ပြည်သူပညာရေးကျောင်းတွေက ကျွန်တော်တို့က စစ်ကျွန်ပ ညာရေးကို မလိုအပ်ဘူး။ စစ်အာဏာရှင်စနစ်နဲ့ အတူ စစ်ကျွန်ပညာရေးကိုပါ တော်လှန်ရမယ်လို့ ယူဆထား တဲ့အတွက် ပြည်သူ့ပညာရေးဆိုပြီး ကျွန်တော်တို့ သွားချင်တဲ့ ဖက်ဒ ရယ်ဒီမိုကရေစီပညာရေးစနစ်ကို စသွားဖို့အတွက် ခြေလှမ်းပြင်ကြဖို့ ပြည်သူ့ပညာရေးကျောင်းတွေကို ဖွင့်လှစ်ခဲ့ကြတာ။ စစ်ကောင် စီက ဒီကျောင်းတွေကို အရေးယူတာတွေ ဖမ်းဆီးတာတွေ လုပ်တာလဲ ဒီဘက်က ကျွန်တော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားနေတဲ့ဟာကို စစ်အာဏာရှင်က ကြိုက်မယ်လို့ မထင်ဘူး။ စစ်တပ်က သူတို့ကို ထောက်ခံတဲ့ လက်ညိုး ထောင်ခေါင်းညိတ် ပညာရေးစနစ်ကို ဖော်ဆောင်ချင်တာ။ သူတို့ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီပညာရေးကို ဖော်ဆောင်နေတဲ့သူတွေကိုတော့ မလိုလားဘူး။ ဒါကြောင့် ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်တာလို့ ယူဆတယ်။ တရားမဝင်ပညာသင်ကြားခြင်းလို့ စစ်ကောင်စီက ပြောတယ်ပေါ့။ တကယ်တော့ တရားမဝင်တာ စစ်ကောင်စီပဲ။ အာဏာသိမ်းတာကို ၂၀၀၈ဖွဲ့စည်းပုံကို ကျော်လွန်ဆောင်ရွက်လိုက်တယ်ဆိုတည်းက ဒီစစ်ကောင်စီက တရားမဝင်တဲ့ အာဏာသိမ်းမှုကို ဆောင်ရွက်တဲ့ စစ်ကောင်စီကိုက တရားမဝင်တာပါ။ ၂၀၂၀ရွေးကောက်ပွဲရလဒ်အတိုင်း ထွက်လာတဲ့ ပြည်သူလူထု ရွေးကောက်ထားတဲ့ သူတွေနဲ့ NUG အစိုးရ ကသာ တရားဝင်မှုရှိပြီးသားပါ။ ဒီဘက်က တော်လှန်ရေးလုပ်နေတဲ့ အင်အားစုတွေကသာ ပြည်သူ လူထု ထောက်ခံမှုနဲ့ တရားဝင်မှုရှိပြီးသားပါ။ စစ်ကောင်စီပြောသလို တရားမဝင်ဘူးဆိုရင် တရားမဝင်တာက စစ်ကောင်စီပဲ ဖြစ်တယ်။ ဖမ်းဆီးအရေးယူတာတော့ သူတို့ကို ဆန့်ကျင်တာ ဖြစ်လို့ အာဏာရှင်တွေရဲ့ စရိုက်အတိုင်းဖြစ်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။
-NUG စာသင်းကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသားမိဘတွေကို စစ်ကောင်စီက ဖမ်းဆီးနေတာဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ပညာသင်ကြားမှုအပေါ် ခြိမ်းခြောက်နေတာ ဖြစ်တယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြုလိုပါသလဲ။
ကမ္ဘာကြီးမှာလည်း ဘယ်အခြေအနေမှာဖြစ်ဖြစ် ပညာရေးက လွတ်လတ်ခွင့်ရှိတယ်။ လွတ်လတ်စွာ ပညာ သင်ကြားခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေးထဲမှာ ပါပြီးသားပါ။ RIGHT TO EDUCATION ကို ခြိမ်းခြောက် နေတယ်ဆိုတာက စစ်ကောင်စီရဲ့ လူ့အခွင့်အရေးခြိမ်းခြောက်မှု ဖြစ်တယ် ဒီဟာတွေက စစ်အာဏာရှင်ရဲ့ စရိုက်အစစ်ပဲဖြစ်တယ်။ အာဏာရှင်တွေရဲ့ လုပ်နေကြပုံစံအတိုင်းပဲ လူအခွင့်အရေးကိုပေါ်ပေါ်တင်တင် ချိုး ဖောက်နေတာကျ ကျွန်တော်တို့ ပြည်သူ့ပညာရေးမှ မဟုတ်ပါဘူး တစ်နိုငငံလုံးမှာ ရွာတွေ မီးရှို့တာတွေ ပြည်သူလူထုတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေက လုပ်ဆောင်နေတာလည်း ပေါ်ပေါ်တင်တင်ပဲ ဆိုတော့ ကျွန်တော်တို့ ဒီဘက်ပညာရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ လွတ် လပ်စွာပညာသင်ကြားခွင့်နဲ့ ဆရာ၊ ဆရာမတွေရဲ့ လွတ်လပ်စွာ ပညာသင်ပေးခွင့်ကို ချိုးဖောက်နေတယ်လို့ ပဲ မြင်ပါတယ်။
-အရင်နှစ်တွေတုန်းကဆိုရင်လည်း Kaung for you ၊ FOEIM အပါအဝင် အခု Federal School of Aung Myay Thar Zan စတဲ့ အွန်လိုင်းကျောင်းတွေကို စစ်ကောင်စီအနေနဲ့ ဘာကြောင့် ဒီလိုမျိုး ထိန်းချုပ်ပိတ်ပင်ကန့်သတ်နေတယ်လို့ မြင်မိလဲ။
စစ်ကောင်စီက CDMဆရာ၊ဆရာမတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို လျော့တွက်ပုံရပါတယ်။ ပညာရေးကို မဖော်ဆောင်နိုင်ဘူး။ သူတို့ထင်တာက ကျောင်းအဆောက်အဦးကြီးရှိမှ အမိုးအကာရှိမှ စာသင်ကျောင်း တစ် ခုဖြစ်တယ်လို့ အရင်တုန်းက အတွေးအခေါ်ဟောင်းတွေနဲ့ စဉ်းစားပုံရပါတယ်။ အခုချိန်မှာ ပြည်သူ့ပညာရေးအ ဖြစ် အွန်လိုင်းကျောင်းတွေကို အရှိန်အဟုန်မြင့်မြင့်နဲ့ ပေါ်ပေါက်လာတယ်။ အောင်မြင်သင့်သလောက်လဲ အောင်မြင်တယ်။ တဖက်မှာလည်း ကလေးတွေရဲ့ ပညာစွမ်းရည်က စစ်ကောင်စီက ကျောင်းတွေမှာ တက် နေတဲ့ ကျောင်းတွေမှာ သင်ကြားနေတဲ့ သင်ကြားနည်းစနစ်တွေနဲ့ ဘာမှမဆိုင်တော့ဘူးလေ။ အသစ်တွေ ဖြစ်တယ်။ ပိုကောင်းတဲ့ ပညာရေးစနစ်ကို သွားနေနိုင်ပြီပေါ့။ အွန်လိုင်းမှာပါ အောင်မြင်မှုကို စစ်ကောင်စီက မလိုလားဘူးပေါ့။ ကျွန်တော်တို့ကို လျော့တွက်ထားပေမယ့် ပြည်သူ့ပညာရေးကျောင်းတွေ အရှိန်အဟုန် မြင့်မြင့်နဲ့ အားကောင်းမောင်းသန်ဖြစ်လာတာကို ထိန်းချုပ်ချင်လို့ သူတို့အနေနဲ့ ဖမ်းဆီးတာတွေ အရေးယူတာ တွေ ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ မြင်ပါတယ်။
-စစ်ကောင်စီရဲ့ အခုလို ရှာဖွေဖော်ထုတ် ဖမ်းဆီးမှုတွေဟာ NUG ကျောင်းတွေမှာ တက်ရောက်နေကြတဲ့ ကျောင်းသားတွေ မိဘတွေ သင်ကြားနေတဲ့ ဆရာ၊ဆရာမတွေအပေါ် လုံခြုံရေးသက်ရောက်မှု ကြီးမားနိုင်လား။
ပညာရေးဆိုတာရှေ့မှာ ပြောသလိုပါပဲ။ ပညာရေးဆိုတာ လွတ်လပ်ခွင့်ပါပဲ။ ကျွန်တော်တို့က ဒီအတန်းမှာ ရှိတဲ့ ဆရာသင်တာကို မကြိုက်ဘူးဆိုရင် ကျွန်တော်တို့ တခြားအတန်းမှာရှိတဲ့ ဆရာ၊ဆရာမရဲ့ သင်ကြားမှုဆီမှာ သွားရောက်ပြီး လွတ်လပ်စွာသင်ခွင့်ရှိတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်ဖို့လိုတယ်။ စစ်ကောင်စီရဲ့ ပညာရေး စနစ်ကိုမကြိုက်လို့ ဒီဘက်က NUGရဲ့ ပြည်သူ့ပညာရေးကျောင်းတွေ တော်လှန်ရေးအင်အားစုတွေ ဖွင့်ထားတဲ့ ကျောင်းတွေမှာ ပူးပေါင်းတာက လူတစ်ဦးချင်းစီရဲ့ လွတ်လတ်စွာ ရွေးချယ်ခွင့်ပဲ။ ဒါပညာရေးလွတ်လပ်ခွင့်ပဲ ဖြစ်တယ်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်ဝင်သင်နေမယ်ဆိုရင် ပညာရေးစနစ်ကောင်းတစ်ခု ဖြစ်မလာဘူး။ ပြည်သူ့ပညာရေးဖော်ဆောင်နေတာ မကောင်းဘူးဆိုရင် ပြည်သူတွေကပူးပေါင်းစရာ အကြောင်းမရှိဘူး။ ပြည်သူ့ပညာရေးကို ပိုနှစ်ခြိုက်လို့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ဖြစ်တယ်။ ပြည်သူ့ပညာရေးကျောင်းက ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတာက လုံခြုံရေးထက် အဓိကက သတင်းပေး ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေကို ကြည့်ရင် ဒါကသတင်းပေးပေါ့။
သူ့လူကိုယ့်ဘက်သားလိုတွေ ရှိနေလို့ပါ။ နောက်တစ်ခုက Non cdm တွေပါ။ ကျွန်တော်တို့က တချိန်က တစ်ကျောင်းထဲမှာ တာဝန်ထမ်းဆောင်နေခဲ့ပေမယ့် နိုင်ငံရေးယုံကြည်ချက်၊ တော်လှန်ရေးယုံကြည်ချက် တွေ မတူကြတဲ့အခါမှာ တဖက်စီဖြစ်သွားတာ ပြသာနာမရှိဘူး။ ရန်သူဘက်မှာနေပြီးတော့ ရန်သူရဲ့ အလိုတူ အလိုပါ လုပ်နေတဲ့ စစ်ကောင်စီဒေါက်တိုင်လုပ်နေတဲ့Non cdmတွေရဲ့ သတင်းပေးတိုင်ကြားမှု တွေကလည်း ပါနေ တယ်။ ဒါကပြည်သူပညာရေးမှာရှိနေတဲ့ ဆရာမတွေရဲ့ လုံခြုံရေးကို ကြီးကြီးမားမား သက်ရောက်မှုရှိနေတယ်။
ပြတ်ပြတ်သားသားပြောဖို့လိုမယ်။ ဖရဲသီးလိုဆောင်ရွက်နေတဲ့ တချို့သော စစ်ကောင်စီရဲ့ ယန္တရားမှာရှိနေတဲ့ သူတွေ အနည်းအကျဉ်းရှိပါလိမ့်မယ်။ သို့သော်လည်း အများစုသောသူတွေက ကျွန်တော်တို့ဘက်က တော် လှန်ရေးအင်အားစုတွေကို စစ်ကောင်စီအလိုကျ ဆောင်ရွက်နေတာတွေကို အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှု ပြန်လည်ဖော်ဆောင်ဖို့ အတွက် အရေးတကြီးလိုအပ်တဲ့ အချက်အလက်ဖြစ်ပါတယ်။ ကျောင်း သားမိဘတွေ ဆရာ၊ဆရာမတွေလုံခြုံရေးက စိုးရိမ်စရာတော့ ရှိကြမယ်။ ဒါပေမယ့် အများကြီးစိုးရိမ်စရာ မလိုပါဘူး။ စစ်ကောင်စီအလိုတူ၊ အလိုပါ စစ်ကောင်စီဒေါက်တိုင်ဆောင်ရွက်နေကြတဲ့ Non cdm တချို့ရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတာပေါ့။ ကျွန်တော်တို့အနေနဲ့ ထိန်းကျောင်းဖို့အတွက်လည်း ကြိုးစားနေပါ တယ်။ ဒီဟာက လုံခြုံရေးအပေါ်ကို အများကြီးသက်ရောက်မှု မရှိပါဘူး။ အများကြီးလည်း စိုးရိမ်စရာမလိုဘူး အဲ့ဒါကို ကျွန်တော် သတင်းစကားပေးချင်ပါတယ်။
-နောက်ဆုံးအနေနဲ့ အွန်လိုင်းကနေ တက်ရောက်သင်ကြားကြတာဖြစ်ပေမယ့် အချက်အလက်ပေါက်ကြား တာတွေ၊ ဖမ်းဆီးဖော်ထုတ်အရေးယူခံရတာတွေ မရှိစေဖို့ NUG လမ်းညွှန်မှုနဲ့ ဖွင့်ထားတဲ့ ကျောင်းတွေအနေနဲ့ ဘယ်လိုမျိုး Digital လုံခြုံရေးကို အလေးထားဆောင်ရွက်သင့်သလဲဆိုတာ အကြံပြုတိုက်တွန်းပေးပါဦး။
အဓိကကတော့ ဒီအချက်အလက်တွေကို လုံခြုံတဲ့တစ်နေရာမှာ သိမ်းဖို့အတွက် ဆောင်ရွက်သင့်ပြီလို့ ထင် တယ်။ အွန်လိုင်းဖြစ်တဲ့အတွက်မို့ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေရှိတယ်။ နိုင်ငံ တကာမှာလည်း ရှိတယ်။ ဖေ့ဘုတ်တို့၊ အွန်လိုင်းပလက်ဖောင်းမှာ သူတို့ရဲ့နောက်မှာ လုံခြုံရေးကို သီးခြား တာဝန်ယူထားတဲ့ ကုမ္ပဏီတွေရှိတယ်။ အစုအဖွဲ့တွေ ရှိတယ်။ အဲဒီဟာတွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်ဆောင် ရွက်သင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့မှာလည်း အွန်လိုင်းကနေ အချက်အလက်ကောက်ရတဲ့ ဖြစ်တဲ့ အတွက် တာဝန်ယူတဲ့အတွက် ဒီလိုဟာတွေကို NUG အစိုးရက ဒီလုံခြုံရေးကို သီးခြားတာဝန်ယူတဲ့ အချက်အ လက်ထိန်းသိမ်းတဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီးတော့ ပြည်သူ့ပညာရေးကျောင်းတွေရဲ့ ဒေတာအချက်အ လက်တွေကို သိမ်းဖို့အတွက် ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ ပြည်သူပညာရေးကျောင်းမှာ ပါဝင်တဲ့ ကျောင်းသားကျောင်းသူ ဆရာ၊ ဆရာမတွေရဲ့ အချက်အလက်တွေအားလုံးကို လုံလုံခြုံခြုံနဲ့ အာမခံချက်ရှိရှိနဲ့ ဝန်ဆောင်ခလည်းပေးရပြီး ထိန်းသိမ်းပေးနိုင်တဲ့ ပလက်ဖောင်းတစ်ခုကို NUG အနေနဲ့ ဆောင်ရွက်သင့်ပြီ ။ အဲဒီမှာ ထိန်းသိမ်းသင့်ပြီလို့ ကျွန်တော်အနေနဲ့ အကြံပြု တိုက်တွန်းလိုပါတယ်ခင်ဗျ။