အေသင်၊ ဧပြီ(၁၁)

နေတိုးအဖွဲ့ဝင်ဖင်လန်ကို လေကြောင်းရန် ကာကွယ်ရေးပေးဆောင်ဖို့ သဘောတူညီချက်ကို ချုပ်ဆိုပြီး ရက်ပိုင်းအကြာမှာဘဲ အစ္စရေးက စပိုက်ခ် (Spike) တင့်ကားဖျက်ဒုံးကျည်တွေကို ဂရိထံ ရောင်းချရဖို့ ဒေါ်လာ သန်း (၄၀၀) ပေးချေမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

စပိုက်ခ်ဟာ အစ္စရေးနိုင်ငံပိုင် ကာကွယ်ရေး ကန်ထရိုက်တာ ရာဖေးလ်မှ ထုတ်လုပ်တဲ့ အီးယူနဲ့နေတိုး နိုင်ငံ အများအပြားက အသုံးပြုနေတဲ့ ပဲ့ထိန်းတင့်ဖျက်ဒုံးကျည်ဖြစ်ပါတယ်။

Spike ဒုံးကျည်တွေဟာ ဂရိစစ်တပ်ရဲ့ စစ်ဆင်ရေးဆိုင်ရာ ကိရိယာတွေကို အားကောင်းစေမှာဖြစ်ပြီး မကြာမီ ကာလအတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် ပိုမိုတိုးချဲ့သွားဖို့ မျှော်လင့် ထားကြောင်း ရာဖေးလ်ရဲ့ စီအီးအိုမှ ပြောကြားခဲ့တာပါ။

အဲဒီ သဘောတူညီချက်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုအားကောင်းစေတယ်လို့လည်း အစ္စရေးကာ ကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသေးတယ်။

နေတိုးအဖွဲ့ကို ဧပြီလ (၄) ရက်နေ့မှာ တရားဝင် ဝင်ရောက်ခဲ့တဲ့ဖင်လန်နိုင်ငံသို့ အဆင့်မြင့်လေကြောင်း ရန်ကာကွယ်ရေးစနစ် David’s Sling ကို ပေးအပ်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးနဲ့ ရာဖေးလ်တို့က ပြောဆိုခဲ့ကြပါတယ်။

ဖင်လန်ဟာ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကာကွယ်ရေးစနစ်ကို ယူရို ၃၁၆ သန်း (ဒေါ်လာ ၃၄၅ သန်း) နဲ့ လက်ခံရရှိမှာဖြစ်ပြီး စနစ်ရဲ့ ထုတ်လုပ်မှုမှာပါဝင်နေတဲ့ အမေရိကန်ပြည် ထောင်စုရဲ့ ခွင့်ပြုချက်ကိုတော့ လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။

ဆယ်စုနှစ်ခုနစ်ခုကြာ စစ်ဘက်ပူးပေါင်းမှုမရှိတဲ့ ဖင်လန်နိုင်ငံမှ ပါဝင်လာခြင်းဟာ ရုရှားနဲ့ NATOရဲ့ နယ်န မိတ်အရှည်ကို အကြမ်းအားဖြင့် နှစ်ဆတိုးစေပြီး ယူကရိန်းစစ်ပွဲဟာ အဆုံးအဖြတ်မရှိဘဲ ငြိမ်သက်နေတာ ကြောင့်  သူတို့ရဲ့ အရှေ့ဘက်ခြမ်းတစ်လျှောက်ကို အားကောင်းစေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေဟာ မော်စကိုမှ တန်ပြန်စစ်ဆင်ရေးတွေကိုလည်း ခြိမ်းခြောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ သဘောတူညီချက်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးမှာဖြစ်ကြောင်း ဖင် လန်က ပြောကြားခဲ့ပြီး နိုင်ငံတွေအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမှာ ကြီးမားတဲ့တိုးတက်မှုလို့ အစ္စရေးက ခေါ်ဆိုခဲ့ပါတယ်။
Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.