April 10, 2023

ဂရိကို တင့်ကားဖျက်ဒုံးကျည်တွေ ဒေါ်လာသန်း ၄၀၀ဖိုးရောင်းဖို့ အစ္စရေးသဘောတူ လက်မှတ်ရေးထိုး

အေသင်၊ ဧပြီ(၁၁) နေတိုးအဖွဲ့ဝင်ဖင်လန်ကို လေကြောင်းရန် ကာကွယ်ရေးပေးဆောင်ဖို့ သဘောတူညီချက်ကို ချုပ်ဆိုပြီး ရက်ပိုင်းအကြာမှာဘဲ အစ္စရေးက စပိုက်ခ် (Spike) တင့်ကားဖျက်ဒုံးကျည်တွေကို ဂရိထံ ရောင်းချရဖို့ ဒေါ်လာ သန်း (၄၀၀) ပေးချေမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ စပိုက်ခ်ဟာ အစ္စရေးနိုင်ငံပိုင် ကာကွယ်ရေး ကန်ထရိုက်တာ ရာဖေးလ်မှ…

တက်စလာရဲ့ မီဂါပက့်ခ် ဘတ်ထရီထုတ်စက်ရုံကို ရှန်ဟိုင်းမှာ ဆောက်လုပ်မယ်

ရှန်ဟိုင်း ဧပြီ(၁၁) တက်စလာကုမ္ပဏီရဲ့ ကယ်လီဖိုးနီးယား အခြေစိုက် မီဂါပက့်ခ် စက်ရုံရဲ့ ထုတ်ပြန်မှုတွေကို ဖြည့်တင်းဖို့အတွက် တစ်နှစ်ကို မီဂါပက့်ခ် စွမ်းအင် တစ်သောင်းထုတ်လုပ်နိုင်တဲ့ စက်ရုံကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ဖွင့်လှစ်နေတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။ အီလွန်မာ့စ်ရဲ့ မော်တော်ကားထုတ်လုပ်တဲ့ တက်စလာကုမ္ပဏီဟာ ရှန်ဟိုင်းစက်ရုံကို တတိယ သုံးလပတ်မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်မှာ ထုတ်လုပ်မှု…

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဂျပန်အလေးထားစောင့်ကြည့်နေ

တိုကျို – ဧပြီ(၁၁) တရုတ်အစိုးရရဲ့ ထိုင်ဝမ်ကျွန်းကိုတိုက်ခိုက်ဖို့အထိ လှုံ့ဆော်လာတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဂျပန်ဘက်က စောင့်ကြည့်နေတယ်လို့ အစိုးရ ထိပ်ပိုင်းပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအောက်လွှတ်ောအမတ်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်ကာသီနဲ့ လော့အိန်ဂျလိစ့်မြို့ အစည်းအဝေးအပြီး တိုင်ပေကို ပြန်ရောက်ပြီးနောက်မှာ တရုတ်ဘက်က (၃) ရက်တာ စစ်ရေးလေ့ကျင့်ကို ဧပြီလ(၈) ရက်နေ့မှာ ကြေညာခဲ့တာပါ။ တရုတ်အစိုးရဟာ ဒီမိုကရေစီနည်းက အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို…

“စစ်တပ်က သူတို့ကိုထောက်ခံတဲ့ လက်ညိုးထောင်ခေါင်းညိတ် ပညာရေးစနစ်ကို ဖော်ဆောင်ချင်တာ။ သူတို့ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီပညာရေးကို ဖော်ဆောင်နေတဲ့သူတွေကိုတော့ မလိုလားဘူး။ ဒါကြောင့် ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်တာလို့ ယူဆတယ်”

အခြေခံပညာရေးလုပ်သားများသမဂ္ဂ (BEWU)က ဆရာနောင်ချိုနဲ့ ဆက်သွယ်မေးမြန်းချက်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်က Federal School of Aung Myay Thar Zan အွန်လိုင်းစာသင်ကျောင်း တာဝန်ခံ ဒေါ်အိရွှေစင်မြင့် အပါအဝင် (၁၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့မှာ သတင်း ထုတ်ပြန်ထား တယ်။…

ရက္ခိုင့်အာဇာနည်သူရဲကောင်းတွေနဲ့ ပြည်သူတွေကို အောက်မေ့ဦးညွှတ်တယ် လို့ NUG သဝဏ်လွှာ ပေးပို့

စစ်တွေ – ဧပြီ(၁၀) တော်လှန်ရေးခရီးကြမ်းအတွင်း အသက်၊အိုးအိမ်၊စည်းစိမ်၊ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးလှူခဲ့ကြတဲ့ ရက္ခိုင့်အာဇာနည်သူရဲကောင်းတွေနဲ့ ရက္ခိုင်ပြည်သူလူထုတရပ်လုံးကို လေးနက်စွာ အောက်မေ့ ဦးညွှတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ထားပါတယ်။ ဒီနေ့ ဧပြီလ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို ပေးပို့တဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ ဖော်ပြထားတာပါ။ ရက္ခိုင်ပြည်သူလူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်…

တော်လှန်ရေး အင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေကို ပြည်သူတွေသိရှိစေဖို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ စာတမ်းထုတ်ဝေ

မော်လမြိုင် – ဧပြီ(၉) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်တာကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေတဲ့ NUCC၊CRPHနဲ့ NUG တို့ရဲ့ တော်လှန်ရေးကြိုးပမ်းချက်တွေကို အချက်အလက်တွေနဲ့ ဖတ်ရှုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က စာတမ်း(၂)စောင်ထုတ်ဝေထားပါတယ်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ လက်နက်ကိုင် ပဋိပက္ခတွေ၊တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတဲ့အပြင် သုတေသနတွေကို ပုံမှန်လုပ်ဆောင်နေတာပါ။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက…