မဲဆောက် – ဧပြီ(၈)
ထိုင်းနိုင်ငံဘက်ကို ခိုလှုံလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို အဝေးရောက်ဧရာဝတီအသင်း (OIA) က စစ်ဘေးရှောင်နေရာ (၂) နေရာအတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအများဆုံးပါဝင်ပြီး အစား အသောက်၊ရေ၊ ဆေးဝါးတွေအရေးပေါ်လိုအပ်ချက်ရှိနေသလို တချို့နေရာတွေမှာ ရေချိုးဖို့ အဆင် မပြေတာတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒီနေ့ ဧပြီလ(၈) ရက်နေ့အထိ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်လာရတဲ့ ပြည်သူ (၁) သောင်းကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ် ဖြစ်တဲ့ မဲဆောက်နဲ့ မယ်လဘက်တွေမှာ စစ်ဘေးရှောင်တွေကို ထားရှိဖို့အတွက် အရေးပေါ် စခန်း (၁၅) ခုဖွင့်ပေးထားပြီး အဲဒီထဲမှာ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်း၊ ဆိတ်ခြံ၊နွားခြံတွေနဲ့ ရာဘာခြံတွေထဲမှာ နေထိုင်ခွင့်ပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – OIA