“ဖွဲ့စည်းပုံပြင်ဆင်ရေးတို့၊ ရွေးကောက်ပွဲတို့ အဲဒီဘက်ကို  ဇောင်းပေးဆွေးနွေးတယ်ဆိုရင် မကြာခင် အဲဒီအဖွဲ့အစည်းတွေက ပါတီနိုင်ငံရေးအဆင့်ကို ရောက်သွားလိမ့်မယ်”

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ မြန်မာ့နိုင်ငံရေး ပြဿနာမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်ဖို့ စစ်ကောင်စီနဲ့တွေ့ဆုံပြီး ကြိုးပမ်းတာတွေ လုပ်ဆောင်နေတာပါ။ ဒါကြောင့် အပစ်ရပ် ၇ ဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကြိုးပမ်းမှု၊ ဖြစ်လာနိုင်တဲ့အခြေအနေ၊ အနာဂတ် မြန်မာ့နိုင်ငံရေး အခင်းအ ကျင်း ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေ သန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ််

-အရင်ဆုံးအပစ်ရပ် ၇ ဖွဲ့က အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ စစ်ကောင်စီနဲ့တွေ့ဆုံပြီး ကြိုးပမ်းမှု အပေါ် ဘယ်လိုမြင်ပါသလဲ။

အပစ်ရပ်၇ဖွဲ့ကတော့ အရင်တုန်းက အပစ်ရပ်၁၀ဖွဲ့ရှိတာ။ အဲဒီထဲမှာမှ လာတိုက်တဲ့အဖွဲ့တွေလည်း ရှိတယ်ဆို တော့ သူနဲ့ပူးပေါင်းပြီး ဆောင်ရွက်တာ ၇ဖွဲ့ရှိမှာပေါ့လေ။ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ ရွေးကောက်ပွဲတို့ဆိုတာက တော်လှန်ရေးလမ်းကြောင်း မဟုတ်ဘူးလေ။ ပါတီနိုင်ငံရေး လမ်းကြောင်းဖြစ်သွားပြီ။ လက်နက်ကိုင်ထားပြီး တော့ ပါတီနိုင်ငံရေးလုပ်မယ့်အလုပ်တွေကို EAOအဖွဲ့တွေက လုပ်တယ်ဆိုတော့ အဲဒီအဖွဲ့ရဲ့ ဩဇာအရှိန်အဝါ ပေါ့နည်းနည်းတော့ လျော့သွားတယ်။သူတို့အနေနဲ့ ပါတီလိုင်းထဲက လုပ်နိုင်တဲ့အလုပ်ကို လုပ်တော့မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်သွားတယ်။ တရားဝင်ပါတီတွေကို ပြောရမယ့်စကားပါ။ ဒါပေမယ့် EAO အဖွဲ့တွေက အဲဒီစကားပေါ်မှာ လက်ခံတယ်၊ ဆွေးနွေးတယ်ဆိုရင် ဒါကသူတို့ရဲ့ စွမ်းဆောင်ရည်ကျသွားတာပေါ့။ သူတို့က လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်နေတယ်။ တော်လှန်ရေးလုပ်ပြီး ဖိအားပေးရမယ်။ ကိုယ်လိုချင်တဲ့ဟာကို မရမချင်း လက်နက်မချဘူးဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အဲဒီစည်းကမ်းချက်တွေ သဘောထားတွေ ရှိရမှာပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ ရွေးကောက်ပွဲတို့ အဲဒီဘက်ကို  ဇောင်းပေးဆွေးနွေးတယ်ဆိုရင် မကြာခင် အဲဒီအဖွဲ့အစည်းတွေက ပါတီနိုင်ငံရေးအဆင့်ကို ရောက်သွားလိမ့်မယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေ အချင်းချင်းပွတ်တိုက်ပြီး သဘောထားကွဲ လုံးပါးပါးသွားအောင်  တော်လှန်ရေး လမ်းကြောင်းကနေ ပါတီနိုင်ငံရေးလမ်းကြောင်းထဲ ရောက်သွားအောင် သူ့ဘက်ကတော့ နည်းမျိုးစုံနဲ့ လုပ်မှာပဲ။ ခြုံပြောရရင် EAO လက်နက်ကိုင်အဖွဲ့တွေက လက်နက်ကိုင်လမ်းစဉ်နဲ့ပဲ အစိုးရကို ဖိအားပေးဖို့လိုတယ်။ တောင်းဆိုသင့်တယ်လို့ မြင်ပါတယ်။ အစိုးရအလိုကျလိုက်ပြီး လုပ်မယ်ဆိုရင် မကြာခင်ထားရာနေ၊စေရာသွား ဘဝကိုရောက်သွားလိမ့်မယ်လို့ မြင်ပါတယ်။

-လက်ရှိနိုင်ငံရေး ပြဿနာမှာ အပစ်ရပ်၇ ဖွဲရဲ့ ရပ်တည်ချက်အပေါ် ဘယ်လိုမြင်ပါသလဲ။

EAOအဖွဲ့တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့တူတာမဟုတ်ဘူး။ ကိုယ် Agenda နဲ့ ကိုယ်ရှိကြတယ်။ ကိုယ့်အခြေအနေနဲ့ ကိုယ်ရှိကြတယ်ပေါ့။ တချို့ EAOတွေက မလွှဲသာမရှောင်သာ စကစနဲ့ ဆက်ဆံရတာမျိုးပေါ့ အင်အားမရှိ လို့ ဖြစ်စေ၊ သူတို့နယ်မြေမှာ သီးခြားရပ်တည်လို့မရနိုင်တဲ့ အခြေအနေမျိုးဖြစ်စေ၊ အဲဒီလို အခြေအနေမျိုးနဲ့ စကစ နဲ့ ဆက်သွယ်ရတာတွေရှိတယ်။ ပူးပေါင်းဆက်သွယ်ရတာတွေ ရှိတယ်။ တချို့အဖွဲ့တွေကျတော့ တရုတ်ပြည် နဲ့ နီးစပ်တဲ့အဖွဲ့တွေပေါ့။ မြောက်ပိုင်း ၇ ဖွဲ့ပေါ့။ သူတို့လည်းကိုယ့်ဒေသရဲ့ အခြေအနေအရ တရုတ်ပြည်နဲ့ ပူး ပေါင်းဆောင်ရွက်ရတာရှိတယ်။ သူတို့ရည်မှန်းချက်ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူနိုင်ဘူး။ ကိုယ့် Agenda ကိုယ် တော့ သူတို့မှာရှိကြမယ်လို့ထင်တယ်။ ဒီလိုလုပ်ဆောင်မှုမျိုးကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေအားလုံး သဘောတူပါဝင်လာဖို့က ခက်ပါတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ တစ်ဖွဲ့ချင်းစီကို သီးခြား ဆွေးနွေးတယ်။ ဒီဘက်က NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေကို သီးခြားဆွေးနွေးတယ်။ သူကတော့ ချပြီးတော့ ကစားနေတာပေါ့။ သူတို့လိုချင်တဲ့ အခြေအနေအထိ မင်းအောင်လှိုင်နဲ့  ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ တသား တည်း တသွေးတည်းကျဖို့ကတော့ မလွယ်ဘူး။ ဒီဘက်မှာလည်း NUG, PDF နဲ့ဆက်သွယ်ဆောင်ရွက်တဲ့ အဖွဲ့ တွေလည်းရှိတယ်။  တစ်နိုင်ငံလုံးမှာလည်း ပြည်သူတွေရဲ့ စစ်ရေးအုံကြွမှုတွေက မငြိမ်မသက် နေရာတိုင်းမှာ ဖြစ်နေတယ်။ အဲဒီအခြေအနေမှာတော့ ကိုယ်လိုချင်တဲ့ အခြေအနေမျိုး ဖန်တီးချင်ဖို့တော့ မလွယ်ဘူး။ သူပေး ချင်တဲ့အခွင့်အရေးလောက်နဲ့ ဒီဘက်က ကျေနပ်နှစ်သိမ့်ပြီး တချိန်ချိန်မှာ အေးဆေးသွားမယ်။ တည်ငြိမ်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။ တိတိကျကျ လုပ်ဆောင်စရာရှိတာကို သူ့ဘက်က လုပ်တာပါ။ တခြားအဖွဲ့တွေကလည်း သူ့ဟာနဲ့သူ လုပ်နေကြတယ်လို့ ကျွန်တော်မြင်တယ်။

-နောက်ဆုံးအနေနဲ့ စစ်ခေါင်းဆောင်ကလည်း NUG ၊ PDF ပံ့ပိုးနေတဲ့ EAO တွေကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ပြောဆိုတာတွေ ရှိတယ်ပေါ့လေ၊ ဆိုတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

သူ့အနေနဲ့ကတော့ လက်နက်ကိုင်တော်လှန်ရေးကို မကြိုက်ဘူးပေါ့။ ဘယ်အဖွဲ့အစည်းကမှ လက်နက်ကိုင် ထားတာကို သူမကြိုက်ဘူး။ NUG ၊ PDF ကို ထောက်ခံရင် ဒါက သူအပြတ်အသတ်ချေမှုန်းမယ်။ နှစ်ပေါင်း၇၀ ကျော် လွတ်လတ်ရေးရပြီးတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိခဲ့တယ်။ ဘယ်အဖွဲ့ကိုမှ  သူအပြတ်တိုက်နိုင်ခဲ့တာ တပ်မတော်မှာမရှိခဲ့ဘူး။ အပြတ်တိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ သူ့အင်အားနဲ့သူ ရှိကြတယ်။ အဖွဲ့မှာလည်း နှစ်မျိုးရှိတယ်။ သူကတိုက်လို့မနိုင်လို့ အပစ်ခတ်ရပ်စဲထားရတဲ့ အဖွဲ့တွေရှိတယ်။ သူနဲ့အလှမ်းသင့်ပြီး သူ့ရဲ့လက်ဝေခံအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲတွေအပေါ်မှာတော့ သူအဲဒီလိုစကားပြောလို့ ရနိုင်တယ်။ သူနဲ့တိုက်နေတဲ့ အဖွဲ့တွေကတော့ ဒီစကားလုံးလောက်နဲ့ ဘယ်လိုမှ ဟိုဘက်က ခံစားလို့ မရနိုင် ဘူး။ သူပြောနေကျစကားပဲ။ သူကအပြတ်တိုက်ဖို့ဆိုတာ မလွယ်ဘူး။ မြန်မာပြည်ရဲ့အနာဂတ်ကတော့ ဒီလိုပဲ လုံးထွေးပြီး ဖက်ဒရယ်အခွင့်အရေးခေါင်းစဉ်အောက်မှာ ရှုံ့ချည်၊နှပ်ချည်ပေါ့ ကစားနေပြီး လိုရင်းမရောက် နှစ် ပေါင်း(၇၀)ကျော်လာပြီ။ တိုင်းရင်းသားတွေကလည်း စစ်တပ်ကိုမယုံဘူး။ စစ်တပ်ကလည်း တိုင်းရင်းသား တွေကို မယုံဘူး။ ဒါကတော့  ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ယုံကြည်မှုုတည်ဆောက်ဖို့အတွက် အများ ကြီး လုပ်ရဦးမယ့် အခြေအနေရှိတယ်။ ကြာလာလေလေ အမျိုးသားရင်ကြားစေ့ရေးက ကွဲလာလေလေပဲ။ နောက်ပိုင်းမှာ ဗမာအချင်းချင်းတောင်မှ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မရနိုင်တဲ့အခြေအနေမျိုး ရောက်သွားတဲ့ အတွက် ဒါကလက်နက်ကိုင်နဲ့ အဆုံးသတ်မလား။ ဆွေးနွေးပွဲနဲ့ အဆုံးသတ်မလားဆိုတာကတော့ ရေရှည်မှာ ပိုပြီးတော့ နှစ်ဖက်စလုံးက အထိနာလာမယ်။ ဒါမှမဟုတ် ဆွေးနွေးပွဲနဲ့အဖြေရှာမလား။ နှစ်ဖက်စလုံးအထိနာ နေချိန်မှာ ဆွေးနွေးနိုင်သလို စစ်တပ်အနေနဲ့လည်း တစ်နိုင်ငံလုံးကို မထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမျိုး သူ့တပ်ကို မထိန်းချုပ်နိုင်တဲ့အခြေအနေမျိုး တစ်ချိန်ချိန်မှာ ရောက်ကောင်းရောက်လာနိုင်တယ်။ ကိုယ့်တပ်က အောက်ခြေအဆင့် တပ်မတော်ခေါင်းဆောင်တွေက အာဏာပြန်သိမ်းတာကို ခံရနိုင်တယ်။ ငြိမ်းချမ်းရေးဆွေး နွေးပွဲနဲ့ ဇာတ်သိမ်းမယ်ဆိုရင် အများကြီး သဘောထားကြီးမှုတွေ ပြည်သူတွေကို နှိပ်စက်နေတာတွေ လုံးဝ သူ့ဘက်က လျော့ပစ်လိုက်ဖို့လိုတယ်။ သူ့ဘက်က သဘောရိုးနဲ့ဖိတ်ခေါ်ပြီး ကိုယ့်ညီအစ်ကိုသားချင်းလို စိတ် ဓာတ်မျိုး၊ ပြည်ထောင်စုစိတ်ဓာတ်မျိုးလုပ်နိုင်ဖို့ အခုတည်းက သူ့ဘက်ကခြေလှမ်းစပြင်ဖို့ လိုတယ်။ အခုတော့ သူမကြိုက်တဲ့သူကို အညိုးတေးထားပြီး ခြိမ်းခြောက်တာတွေ၊ ပါတီဖျက်သိမ်းတာတွေက ကျွန်တော်တို့ လိုချင် တဲ့ ငြိမ်းချမ်းရေးနဲ့ ပိုပိုပြီး အလှမ်းဝေးသွားနိုင်တယ်။

++++++++

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.