မော်လမြိုင်၊ ဧပြီ(၈)
AAPP ရဲ့ ဧပြီ(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၆)ရက်အတွင်း ပြည်သူ (၃၂၂၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၇၆ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၅၇) ဦး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ကိုးကား – AAPP