April 8, 2023

လေထုညစ်ညမ်းမှု မြင့်တက်လာတာကြောင့် ချင်းမိုင်မှာ Work From Home အမိန့် ထုတ်ပြန်

ချင်းမိုင်၊ ဧပြီ(၉) လေထုညစ်ညမ်းမှုဟာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အတိုင်းအတာအထိ မြင့်တက်လာတာကြောင့် ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမြို့တော် ချင်းမိုင်ရှိ ပြည်သူတွေကို အိမ်ထဲမှာပဲ နေထိုင်ဖို့နဲ့ Work from Home လုပ်ကြဖို့ အာဏာ ပိုင်တွေက ဧပြီလ ၇ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။ တောင်မီးလောင်တာနဲ့ တောင်ယာမီးရှို့ရာကနေ ထွက်ပေါ်လာတဲ့ အခိုးအငွေ့တွေဟာ ခရီးသွားတွေကြားမှာ ရေပန်းစားလေ့ရှိတဲ့ ချင်းမိုင် မြို့တော်ရဲ့…

ပြင်သစ် သမ္မတမက်ကွန်ရဲ့ခရီးစဉ်ကို ခမ်းနားထည်ဝါစွာ တရုတ်ကြိုဆို

ပေကျင်း – ဧပြီ(၉) တရုတ်နိုင်ငံက ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ကွန်ရဲ့ နိုင်ငံတော်ခရီးစဉ်မှာ ပုံမှန်မဟုတ်တဲ့ ခမ်းနားထည်ဝါမှုတွေနဲ့ ကြိုဆိုခဲ့ပြီး ပြင်သစ်မဟာမိတ် အမေရိကန်ကို တန်ပြန်ဖို့ တရုတ်ရဲ့ ခြေလှမ်းသစ်တွေဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ တရုတ်နိုင်ငံတောင်ပိုင်းက ရှီရဲ့ ဖခင်ဖြစ်သူနေရပ်ဟောင်းမှာ တရုတ် လက်ဖက်ရည်သောက်ဖို့ စီစဉ်ထားတဲ့ စီးပွားရေးကုန်ထုတ်စွမ်းအားကြီး မြို့တော် ကွမ်ကျိုး မှာ အတူသွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ အလည်အပတ်ခေါင်းဆောင်တွေကို…

တောင်တရုတ်ပင်လယ်အတွင်းက အချုပ်အခြာအာဏာဆိုင်ရာ ရပိုင်ခွင့်တွေကို ကာကွယ်သွား မယ်လို့ မလေးအစိုးရ ကတိပြု

ကွာလာလမ်ပူ – ဧပြီ(၉) တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတချို့မှာ မလေးရှား တည်ဆောက်ထားတဲ့ စွမ်းအင် စီမံ ကိန်းတွေအပေါ် တရုတ်အစိုးရဘက်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြပြီးနောက် ပင်လယ်အတွင်း မလေးရှားရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်သွားမှာ ဖြစ်တယ်လို့ ခိုင်မာစွာကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ မလေးအစိုးရပိုင် ပက်ထရိုနက်စ် စွမ်းအင်လုပ်ငန်းစုရဲ့ ဆောင်ရွက်မှုတွေကို စိုးရိမ်ပူပန်ကြောင်းပြောခဲ့ပေမယ့်…

အဝေးရောက် ဧရာဝတီအသင်း OIA က မြန်မာစစ်ဘေးရှောင်တွေကို အခြေခံစားသောက်ကုန်တွေလှူဒါန်း

မဲဆောက် – ဧပြီ(၈) ထိုင်းနိုင်ငံဘက်ကို ခိုလှုံလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို အဝေးရောက်ဧရာဝတီအသင်း (OIA) က စစ်ဘေးရှောင်နေရာ (၂) နေရာအတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအများဆုံးပါဝင်ပြီး အစား အသောက်၊ရေ၊ ဆေးဝါးတွေအရေးပေါ်လိုအပ်ချက်ရှိနေသလို တချို့နေရာတွေမှာ ရေချိုးဖို့ အဆင် မပြေတာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီနေ့ ဧပြီလ(၈) ရက်နေ့အထိ…

PDF သုံးဦးကို စစ်ကောင်စီလက်အပ်လိုက်တဲ့ ထိုင်း လ.ဝ.က ကို ဥပဒေကြောင်းအရ ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံရေးပါတီ တောင်းဆို

ဘန်ကောက် – ဧပြီ(၈) ထိုင်းလူဝင်မှုကြီးကြပ်ရေးက PDF ရဲဘော်သုံးဦးကိုဖမ်းဆီးပြီး နေရပ်ပြန်ပို့ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် လ.ဝ.က ဟာ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး အက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း လူသိရှင်ကြား ရှင်းလင်းရမယ်လို့ ထိုင်း Commoners ပါတီက တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၅) ရက်နေ့က တာ့ခ်ခရိုင် မဲဆောက်မြို့မှာ PDF စစ်သား(၃) ဦးဟာ…

မင်းလှအခြေစိုက် က.ပ.စ – ၁၀ ကို ရှော့တိုက်ဒုံး(၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက် ထိခိုက်သေဆုံးမှုရှိနိုင်

မင်းလှ – ဧပြီ(၈) မကွေးတိုင်း၊ မင်းလှမြို့အခြေစိုက် လက်နက်ကြီးကျည်ထုတ်လုပ်တဲ့ အမှတ် (၁၀) ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ(က.ပ.စ-၁၀) ကို ရှော့တိုက်ဒုံး(၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စက်ရုံမီးလောင်ခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ PRA မကွေးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၇) ရက်နေ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစက်ရုံဟာ တာဝေးပစ်ဒုံး၊ တင့်ကားသုံး အမြောက်ဗုံးသီးနဲ့ လေယာဉ်ပစ်ဒုံးတွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံတစ်ခုလည်းဖြစ်ပါတယ်။ လက်နက်ကြီးကျည်ထုတ်လုပ်ရေးစက်ရုံ…

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းချက်

“ဖွဲ့စည်းပုံပြင်ဆင်ရေးတို့၊ ရွေးကောက်ပွဲတို့ အဲဒီဘက်ကို ဇောင်းပေးဆွေးနွေးတယ်ဆိုရင် မကြာခင် အဲဒီအဖွဲ့အစည်းတွေက ပါတီနိုင်ငံရေးအဆင့်ကို ရောက်သွားလိမ့်မယ်” NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ မြန်မာ့နိုင်ငံရေး ပြဿနာမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်ဖို့ စစ်ကောင်စီနဲ့တွေ့ဆုံပြီး ကြိုးပမ်းတာတွေ လုပ်ဆောင်နေတာပါ။ ဒါကြောင့် အပစ်ရပ် ၇ ဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ…

နိုင်ငံတဝန်းမှာ တစ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ ဧပြီ(၈) နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း အမျိုးသမီး၂၉ ဦးသေဆုံးပြီး ၅၈ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ(Burmese Women’s Union) က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းက ၁၇ ဦး၊ ချင်းပြည်နယ်က ၄ ဦး၊ မကွေး တိုင်း ၃ ဦး ၊…