ထိုင်ဝမ်၊ ဧပြီ(၇)
ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ မက်ကာသီတို့ အစည်းအဝေးကို ဘေဂျင်းအစိုးရက ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင်ဧပြီလ ၆ ရက်နေ့မှာ ထိုင်ဝမ်ရေလက်ကြားရှိ သင်္ဘောတွေကို စုံစမ်းထောက်လှမ်းဖို့ ရောက်ရှိနေတဲ့ တရုတ်လေယာဉ်နဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ထိုင်ဝမ်ဘက်ကအနီးကပ် စောင့်ကြည့်နေရပါတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ထိပ်တန်းဦးဆောင်မှုမှာ တတိယအမြင့်ဆုံးအဆင့်ရှိသူ မက်ကာသီနဲ့ အခြားသော ရီပါဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ်တွေက သမ္မတဆိုင်အင်ဝန်နဲ့ ဧပြီလ ၅ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာပါ။
အဲဒီစည်းအဝေးဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေး အနိမ့်ဆုံးအခြေအနေနဲ့ ဘေဂျင်း အစိုးရရဲ့ ခြိမ်းခြောက်မှုတွေကြားထဲမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံပိုင်သင်္ဘော ရှန်ဒေါင်ဟာ ထိုင်ဝမ်အရှေ့ဘက်ကမ်းခြေ ရေမိုင် ၂၀၀ အကွာထိ ရောက်ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်။
“ဒါက စစ်ရေးလေ့ကျင့်မှုဆိုပေမယ့် အချိန်အားဖြင့်သိပ်ကို ထိရှလွန်းပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ ကိုတော့ ကျွန်တော်တို့ဘက်က လေ့လာနေပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနဟာ မက်ကာသီအစည်းအဝေးကို ဝေဖန်ရှုတ်ချထားပြီး တစုံတရာ ခြိမ်းခြောက်မှုတွေ မပြုလုပ်ခဲ့ဘူးလို့ ပြောဆိုထားပါတယ်။
တရုတ်ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ “တရုတ်ပြည်သူလွတ်မြောက်ရေးတပ်ဟာ သူ့ရဲ့ တာဝန်တွေနဲ့ ဦးတည်ချက်တွေနဲ့အညီ ဆောင်ရွက်နေပြီး ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်း သွားမယ်လို့လည်း ပြောဆိုထားတာပါ။
ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို ဒုတိယအကြီအကဲကတော့ ပီလိုစီ ခရီးစဉ်နောက်ဆက်တွဲကြောင့် အခုလို တရုတ်ရဲ့ ပြင်းထန်ထဲ့ တုံ့ပြန်မှုကို အမတ်တွေက မျှော်လင့်မထားခဲ့ပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
“တရုတ်ကွန်မြူနစ်တွေဘက်က မက်ကာသီ ထိုင်ဝမ်ကို လာရောက်လည်ပတ်နိုင်ချေ ရှိတဲ့အပေါ်မှာ တော့ သူတို့က အထူးစိုးရိမ်နေကြတာပါ” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref,CNA