အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုရဲမင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

ထိုင်းနိုင်ငံထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအ လုပ်သမား (၁၅၀၀)နီးပါးဟာ အခုရက်ပိုင်းအတွင်း အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံနေရတာတွေ ဆက် တိုက်ဖြစ်ပွားနေပါတယ်။ ဒါကြောင့် MOU မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရတဲ့ အခြေအနေ၊ အလုပ်သမား တွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူ ကိုရဲမင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး MOU လုပ်သား(၁၀၀၀)ကျော် အလုပ်ထုတ်ခံရတယ်ပေါ့နော်။ ထိုင်းအလုပ်ရှင်တွေက ဘာအကြောင်းပြချက်တွေနဲ့ အလုပ်ထုတ်တာလဲ။

အဓိကကတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့အတူ ဒီအလုပ်ရုံတွေမှာ နိုင်ငံခြားအမှာနည်းလာတာ ပို့ကုန်အတွက် အခက်အခဲဖြစ်လာတာနဲ့လည်း သက်ဆိုင်တယ်။ စီးပွားရေးကျဆင်းလာတာနဲ့လည်း သက်ဆိုင်တယ်။ လူ ၁၀၆၀ အလုပ်ထုတ်ခံရတယ်။ ထိုင်းနိုင်ငံမဟာချိုင် ကျွန်တော်တို့ရုံးစိုက်တဲ့ ဒေသပါပဲ။ အလုပ်ဖြုတ်တဲ့စက်ရုံနဲ့ ကျွန်တော်တို့ (MHAC) မဟာမိတ်အဖွဲ့ရုံးနဲ့ သိပ်မဝေးဘူး။ အားလုံးက MOU လုပ်သားတွေပဲဖြစ်တယ်။ အေ ဂျင်စီပေါင်းစုံကပို့ထားတဲ့လုပ်သားတွေပဲ။ ထိုက်သင့်တဲ့ နစ်နာကြေးရဖို့နဲ့ အလုပ်အကိုင်အသစ် အမြန်ဆုံးရဖို့  လုပ်နေပါတယ်။ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း လာရောက်ဖြေရှင်းပေး နေတယ်။ တစ်နေ့ကို အုပ်စုခွဲခွဲပြီး လူအရမ်းများတော့ လူပေါင်း၂၀၀ကျော်လောက် ဖြေရှင်းတဲ့အခါမှာ လူပေါင်း ၁၀၀လောက် အလုပ်ကိုင်အသစ်ရဖို့ အခြေအနေရှိတယ်။

နောက်တစ်ခုက ထိုင်းနိုင်ငံအုန်းနွဲ့၊ အုန်းရိုင်နယ်မြေ ကျောက်သွေးရုံက MOU လုပ်သား၃၀၀ ကျော် ၄၀၀ နီးပါး အလုပ်ပြုတ်တယ်။ ကျွန်တော်တို့ နစ်နာကြေးရဖို့ဆောင်ရွက်ပေးတဲ့အခါ  အလုပ်ပြုတ်နစ်နာကြေးတစ်လစာ၊ ပြီးတော့ကြိုတင်မပြောတဲ့ကြေး ၁၅ရက်စာ ရပါတယ်။ သူတို့ အလုပ်အကိုင်အသစ်ရဖို့ ကျွန်တော်တို့ ဆောင် ရွက်ပေးနေတယ်။ ဆိုလိုတာက MOU လုပ်သား(၁၅၀၀)လောက် အစုလိုက်အပြုံလိုက် အလုပ်ပြုတ်သွားတယ်။

– လက်ရှိ အလုပ်သမားတွေ စက်ရုံထဲမှာနေနေကြသေးလား။ သူတို့ရဲ့ စားဝတ်နေရေးကရော ဘယ်လို အခြေအနေတွေ ရှိနေလဲ။

ဒီအလုပ်သမားတွေ တော်တော်များများက အပြင်မှာ အခန်းငှားနေတဲ့ အလုပ်သမားတွေဖြစ်တယ်။ စားဝတ် နေရေးကတော့ အခုလက်ရှိကတော့ အဆင်ပြေနေဦးမယ်။ နောက်ဆို သူတို့အခန်းခ၊ ရေခ၊ မီးခတွေ ပြဿ နာရှိလာမယ်။ အလုပ်အမြန်ဆုံးမရဘူးဆိုရင် သူတို့ဒုက္ခရောက်နိုင်တယ်။ နေရပ်ကို ပြန်ပို့ခံရနိုင်တယ်။ အလုပ် သစ်ပြန်ရဖို့က နံပတ်၁ပဲ။

– အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ရဖို့ ဘယ်လိုချိတ်ဆက်ကူညီဆောင်ရွက်ပေးတာတွေ လုပ်ဆောင်နေလဲ။

ဒါက အေဂျင်စီတွေပေါ်မှာ မူတည်တယ်။ ကိုရဲမင်းတို့က ထိုင်းအလုပ်ရှင်တွေနဲ့ မြန်မာအေဂျင်စီတွေနဲ့ အလုပ်သမားကြားကို ညှိနှိုင်းပြီးတော့ ဥပဒေပိုင်းဆိုင်ရာတွေ အလုပ်သမားတွေ နားမလည်တဲ့ဟာတွေကို ကိုရဲမင်း တို့က ညှိနှိုင်းလမ်းကြောင်းပြပြီး ညှိနှိုင်းဖြေရှင်းပေးရတာဖြစ်တယ်။ အလုပ်ရှာပေးဖို့ကတော့ မြန်မာအေဂျင်စီ တွေ သူတို့ကိုသိန်း(၂၀)၊ သိန်း(၂၅)၊ သိန်း(၃၀)ယူပြီး ပို့ထားပေးတဲ့ မြန်မာအေဂျင်စီတွေရဲ့ တာဝန်ဖြစ်တယ်။ သူတို့အနေနဲ့ ပိုက်ဆံရပြီးပြီးရော လုပ်ထားပေးတဲ့ မြန်မာအေဂျင်စီတွေရဲ့ တာဝန်ဖြစ်တယ်။ သူတို့က ပိုက်ဆံရ ပြီးပြီးရောဆိုပြီး ဒီအလုပ်ရုံက တကယ်လူလိုလား၊ မလိုလား၊ ဒီအလုပ်ရုံက ခြောက်လပဲခိုင်းတာလား သေချာမ စိစစ်ဘဲ လူများများပို့ရပြီးတာ ပြီးစလွယ်ပို့ထားတဲ့အတွက် ဒီအလုပ်သမားတွေ ဒုက္ခရောက်ခြင်းဖြစ်တယ်။ ဒီအေဂျင်စီက တာဝန်ယူဖို့၊ တာဝန်ခံဖို့လုပ်ရမယ်။ နောက်ထပ် မြန်မာအလုပ်သမားတွေ MOU အလုပ်သမား တွေ နောက်ထပ်ထိုင်းကို အများကြီးရောက်လာဖို့ရှိတယ်။  MOU နဲ့ပတ်သက်ပြီး ထိုင်းမှာတပ်ပျက်နေပြီ။ မြန်မာအလုပ်သမားသိန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်နေတယ် ထိုင်းနိုင်ငံမှာ။ 

-နောက်ဆုံးအနေနဲ့ MOU နဲ့လာလုပ်တဲ့ အလုပ်သမားတွေ စာချုပ်ပါအခွင့်အရေးတွေ အပြည့်အဝမရတာ ဘယ် လိုကြောင့်လဲ၊ ဒီလိုပြဿနာတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အဓိကအားနည်းချက်က ဘာများဖြစ်မလဲ။

အဓိကကတော့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ရောက်သွားတဲ့အချိန်မှာ အရင်ကထက်ပို အလုပ်အကိုင် တွေ မရှိတော့တာ။ နိုင်ငံပိုပြီး ချွတ်ခြုံကျပြီး ဆင်းရဲသွားတာကအဓိက။ မြန်မာလူငယ်တွေက ရွေးစရာလမ်း မရှိတော့တဲ့အတွက် အနီးစပ်ဆုံး ထိုင်းနိုင်ငံကိုလာတာ။ အဲဒီမှာလည်း သိန်း(၂၀)၊သိန်း(၂၅) သူတို့အခက် အခဲတွေနဲ့အတူ ရှာလာတဲ့ ပိုက်ဆံတွေနဲ့အတူ လာရတယ်။ တချို့ဆို လယ်ပေါင်၊ ခြံပေါင်နဲ့ ဒုက္ခတွေ ရောက် တယ်။ သူတို့ပို့ပေးတဲ့ အေဂျင်စီက ထိုင်းနိုင်ငံထဲ အလုပ်အကိုင်ရှိတာ မရှိတာကို နားမလည်ဘူး။ ထိုင်းဘက်က မြန်မာပွဲစားတွေ ထိုင်းဘက်က အလုပ်ရှာပေးတဲ့ အေဂျင့်တွေက ပြောတဲ့စကားကို ယုံပြီးတော့ သူတို့ပိုက်ဆံရ ပြီးပြီးရော ပို့လိုက်တဲ့အတွက်လည်း အခုလိုမျိုး မြန်မာအလုပ်သမားတွေ အလုပ်ပြုတ်ရခြင်းဖြစ်တယ်။ အားနည်း ချက်က အဓိကအချက်ကဒါပဲ။ နောက်တစ်ချက်က ထိုင်းနိုင်ငံထဲမှာလည်း ငါးသန်းဆိုတဲ့ အေဂျင်စီတွေက လူ လည်လုပ်တာက ဒီစက်ရုံတစ်ရုံက လိုအပ်တဲ့အချိန် ခြောက်လသုံးမယ်လူပိုတွေအများကြီး၊ နောက်ခြောက်လ အလုပ်ခေါ်စာမရှိတဲ့အတွက် အလုပ်ဖြုတ်တယ်။ နာနတ်သီးစက်ရုံတစ်ရုံက ရာသီပေါ်လေးလစာသုံးမယ်။

နောက်ထပ်လတွေကို အလုပ်မပေးနိုင်လို့ အလုပ်ဖြုတ်မယ်။ ဒါတွေကိုသိသိနဲ့ လိမ်ညာခေါ်တာဖြစ်တယ်။ လေး နှစ်စာချုပ်ပြီး လိမ်ညာခေါ်တာဖြစ်တယ်။ အကြမ်းဖက်စစ်တပ်လက်အောက် မြန်မာသံရုံးဘက်က အလုပ်သမား သံအရာရှိတွေကလည်း လက်မှတ်ပဲထိုးပေးတယ်။ သေချာမစိစစ်တဲ့အတွက် အလုပ်သမားတွေ ဒုက္ခရောက် ရတာဖြစ်တယ်။ အခုလည်း ဒီအလုပ်သမားတွေ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရတာကို အကြမ်းဖက်စစ် တပ် လက်အောက်ခံ မြန်မာသံရုံးအောက်က မြန်မာအလုပ်သမားကိစ္စတွေ ဖြေရှင်းဖို့ လွှတ်ထားတဲ့  မြန်မာသံ အရာရှိငါးဦးက လုံးဝဖြေရှင်းပေးတာမရှိဘူး။ လာရောက်ကူညီပေးတာ မရှိဘူး။ အားနည်းချက်တွေက အဲ ဒါပဲ။အမေစုလက်ထက်တုန်းကတော့ တော်သေးတယ်။ ဝင်ရောက်ဖြေရှင်းပေးတာတွေ၊ ကုမ္ပဏီတွေကို အရေး ယူတာတွေ ပြင်းထန်စွာလုပ်တဲ့အတွက် လျော်တယ်၊ ထိုက်သင့်တာတွေ လုပ်ပေးတယ်။ ဒီခေတ်ကတော့ အကြမ်းဖက်မင်းအောင်လှိုင်စစ်တပ်လက်အောက်က အေဂျင်စီတွေ စစ်တပ်ကလာတဲ့သူတွေ ရှယ်ယာဝင်ထား တဲ့ ကုမ္ပဏီတွေ  ဖြစ်တဲ့အတွက် ဖြေရှင်းပေးခြင်းမရှိဘူး။ အလုပ်သမားတွေ နစ်နာတယ်။ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လာမယ်ဆိုရပ်လိုက်ပါ။ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လုံးဝမလာနဲ့ ထိုင်းနိုင်ငံမှာ အလုပ်ပြုတ်တဲ့သူတွေ သိန်းနဲ့ချီရှိတယ်။ ဘယ်လိုအကြောင်းပြချက်မှ မပေးဘူး။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့  အလုပ်ဖြုတ်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.