ဒေလီ – ဧပြီ(၇) 

 ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ခေါင်းပြတ်ခန္ဓာကိုယ်ရုပ်အလောင်းတစ်ခုကို အရာရှိတွေ ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် လူ့အသက်ကို ယဇ်ပူဇော်မူကို ဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး သံသယရှိသူ (၅) ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်မှာ အသက်(၆၄) နှစ်အရွယ် မစ္စရှန်တီရှောဟာ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ မြို့တစ်မြို့ ဖြစ်တဲ့ ဂူဝါဟာတီမြို့ရှိ ကမက်ဟ်ရာ ဘုရားကျောင်းကို လည်ပတ်ရာမှာ အဲဒီအမျိုး သမီးကို ဓားနဲ့ခုတ်ပြီး ခေါင်းဖြတ်သတ်ခံခဲ့ရတာပါ။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မစ္စရှောရဲ့ ခန္ဓာကိုယ်အဖြစ် နောက်ဆုံးအတည်မပြုနိုင်ခင်အထိ ရဲတပ်ဖွဲ့ရှေ့တိုးဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘဲ အခုလိုတွေ့ရှိချိန်ကစပြီး တခြားမှာ အမြောက် အများ ဖြစ်ပေါ်နေတဲ့ တရားခံတွေကို ခြေရာခံရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“ထိုအမျိုးသမီးကို သတ်ဖြတ်ဖို့အတွက် လူ ၅ ဦးမှ စီမံခဲ့တာပါ။ စုစုပေါင်း ၁၂ ဦး ပါဝင်ပတ် သက်ခဲ့ပါတယ်”လို့ ဂူဝါဟာတီ ရဲကော်မရှင်နာမှ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။  

ရဲကော်မရှင်နာရဲ့ ပြောဆိုချက်အရ အသက်(၅၂) နှစ်အရွယ် ပါရာဒီပတက်ဟာ အစ်ကိုဖြစ်သူ သေဆုံးမှုနှစ်ပတ်လည်အဖြစ် ဘာသာရေးထုံးတမ်းအစဉ်အလာတစ်ခုကို ပြုလုပ်ဖို့ သူမကို သတ်ဖြတ်ဖို့ ကြိုးကိုင်ခဲ့တာဖြစ်ပါတယ်။ 

“တရားခံက ဒီလိုမျိုး လူသားယဇ်ပူဇော်ခြင်းဟာ သေဆုံးသွားသူရဲ့ ဝိဉာဥ်ကို နှစ်သိမ့်စေမယ်လို့ ယုံကြည်ပုံရနေပါတယ်” လို့ ကော်မရှင်နာက ပြောခဲ့ပါတယ်။ 

အိန္ဒိယအမျိုးသားပြစ်မှုမှတ်တမ်းဗျူရိုရဲ့ မှတ်တမ်းအရ ၂၀၁၄ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံအတွင်း လူသားယဇ်ပူဇော်မှုဖြစ်စဉ် (၁၀၃) ခုအထိရှိတယ်လို့ သိရပါတယ်။  

ထုံးတမ်းစဉ်လာအရ သတ်ဖြတ်တာတွေဟာ နတ်ဘုရားတွေကို နှစ်သိမ့်ဖို့အတွက် ပုံမှန်ပြုလုပ် လေ့ရှိပြီး စုန်းနဲ့ မှော်အတက်ပညာတွေကို ယုံကြည်မှုကျယ်ပြန့်ပြီး ဝေးလံခေါင်းပါးတဲ့ ဒေသတွေ မှာ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။ 

၂၀၂၂ ခုနှစ်မှာလည်း မြို့တော်ဒေလီမှာ အသက်(၆) နှစ်အရွယ်ကလေးငယ်တစ်ဦးကို ဆောက်လုပ်ရေးလုပ်သား(၂) ဦးက သတ်ဖြတ်ခဲ့ပြီး ဟိန္ဒူဘုရား သခင်ရှီဝချမ်းသာရာရေး အတွက် အဲဒီကလေးကို ပေးအပ်တာဖြစ်တယ်လို့ တရားခံတွေက ပြောခဲ့ပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.