မနီလာ၊ ဧပြီ(၆)
ဖိလစ်ပိုင်အရှေ့ဘက် ဗီဂါကမ်းလွန်မှာ ပြင်းအား ၆.၆ မဂ္ဂနီကျုအဆင့်ရှိတဲ့ ငလျင်တစ်ခု ဧပြီလ (၄)ရက်နေ့မှာ လှုပ်ခတ်ခဲ့ပြီး နိုင်ငံအဆင့် ငလျင်ဗေဒအေဂျင်စီကနေ ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။
အင်အားပြင်းငလျင်ဟာ ဗီဂါအရှေ့ ၁၂၀ ကီလိုမီတာ၊ အနက်ပေ ၄၅ ကီလိုမီတာမှာလှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ငလျင်စတင်လှုပ်ခတ်ချိန်မှာ ပြင်းအား ၆.၃ မဂ္ဂနီကျုသာရှိတယ်လို့ ဥရောပမြေထဲပင်လယ်ငလျင်ဗဟိုဌာန က သီးခြား ထုတ်ပြန်ပေးခဲ့တာပါ။
မီးတောင်နဲ့ ငလျင်ဗေဒဆိုင်ရာ ဖိလစ်ပိုင်အင်စတီကျုက အဲဒီခရိုင်ဒေသန္တရရှိ ကမ်းခြေမှာ နေထိုင်တဲ့ လူတွေကို ပိုဝေးတဲ့ အတွင်းပိုင်းနေရာတွေကို ပြောင်းရွှေ့နေထိုင်ဖို့ အသိပေးထားပြီး မုန်တိုင်းဒီရေအတွက်လည်း သတိ ပေးချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။
သတိပေးချက်ထုတ်ထားတဲ့ ဒီရေလှိုင်းအမြင့်ပေဟာ ပင်လယ်ထွက်ပေါက်မရှိတဲ့ ပင်လယ်အော်နဲ့ ရေလက်ကြား တွေအတွက်တော့ ပိုမိုမြင့်မားတဲ့ အတိုင်းအတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီအရာက ပင်လယ်မှာဖြစ်ပေါ်တာပါ။ ပင်လယ်ရေအမြင့်မှာ အနည်းငယ် အနှောက်အယှက်ဖြစ် ပေါ်နိုင် တာကိုသတိထားဖို့တော့ ကျွန်တော်တို့ အကြံပြုပါတယ်” လို့ ဖိလစ်ပိုင်နိုင်ငံ ငလျင်ဗေဒအေဂျင်စီ ရဲ့ ပြောကြား ချက်အရ သိရပါတယ်။
“လူထုအနေနဲ့တော့ သာမန်မဟုတ်တဲ့ ရေလှိုင်းတွေကိုတော့ သတိထားဖို့ အကြံပြုပါတယ်။ ကမ်းခြေကနေ ဝေးရာမှာ နေဖို့ကိုလည်း အကြံပြုပါတယ်” လို့ ပြောကြားထားပြီး သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေတော့ မရှိပါ ဘူးလို့ အေဂျင်စီက ဆက်လက်ပြောကြားထားပါတယ်။
Ref,CNA