ပဲရစ်၊ ဧပြီ(၄)

ပြင်သစ်သမ္မတ အီမန်နျူရယ်မာကွန်ရဲ့ အဓိကဝန်ကြီးတွေထဲကတစ်ဦးဟာ ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ ရှေ့မျက် နှာဖုံးမှာဖော်ပြခဲ့ရမှုကြောင့် ပြင်သစ်အစိုးရကို လှုပ်ခတ်စေခဲ့ပါတယ်။

အဲဒီလို လှုပ်ခတ်သွားစေတဲ့ ကိုယ်လုံးတီးပုံတွေနဲ့ လူသိတဲ့ မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ ဝန်ကြီးမာလင်းချပ်ပါရဲ့ စာမျက်နှာ ၁၂မျက်နှာပါ အင်တာဗျူးကြောင့်လည်း ထောက်ခံမှုအဆင့်တွေ ကျဆင်းလာခဲ့ပါတယ်။

အဲဒီမဂ္ဂဇင်းအတွက် သရုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ဟာ ကိုယ်ပိုင်ပါတီအတွင်းမှ ဝန်ကြီးချုပ်နဲ့ မစ္စချပ်ပါရဲ့သူဌေး အယ်လီဇလတ်တို့ အပါအဝင် ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူ-နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ သူမဟာ အမျိုးသမီးဝါဒ၊ အမျိုးသမီးတွေနဲ့ အမျိုးသမီးအ ခွင့်အရေး အကြမ်းဖက်မှု၊ နိုင်ငံရေး၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ စာပေတို့အထိ အရာအားလုံးကို ရှင်းလင်းဖော်ပြ ဖို့အတွက် အင်တာဗျူးကို ဖြေဆိုဖို့ သဘောတူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

သူမဟာ မျက်နှာဖုံးပေါ်မှာ အပြည့်အစုံ ဝတ်ဆင်ထားပေမယ့် စာမျက်နှာ ၁၂ မျက်နှာပါရှိတဲ့ အတွင်းပိုင်း မှာတော့ ပြင်သစ်အလံကို ပတ်ရစ်ကာ စွဲဆောင်မှုရှိတဲ့ဟန်ပန်နဲ့ သရုပ်ဆောင်ထားကြောင်း ဖော်ပြထားပါတယ်။

ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေထဲမှာ ဝန်ကြီးဟာ ပုံတစ်ပုံမှာ ပခုံးရစ်တစ်ဖက်ထဲပါတဲ့ ဝတ်စုံနဲ့ အခြားတစ်ပုံမှာ တော့ “လွတ်မြောက်သောဝန်ကြီး” ဆိုတဲ့ ခေါင်းစည်းစာတန်းနဲ့ ဝတ်စုံကို ပြသထားတာဖြစ်ပါတယ်။

မစ္စချပ်ပါရဲ့ဝေဖန်သူတွေက သူမရဲ့အသွင်အပြင်ဟာ သဘာဝမကျဘဲ သူမရဲ့ပါတီအတွက် အရှက်ရစရာအဖြစ် ပြောကြားခဲ့တာပါ။

“အဲဒါက April Fool’s Day လို့ ကြိုထင်ခဲ့တယ်” လို့ မစ္စချပ်ပါရဲ့ ပါတီလုပ်ဖော်ကိုင်ဖက် မန်ဒီးက ပြောပါတယ်။

“အမျိုးသမီးရေးရာအတွက် ရပ်တည်တာကို ကျွန်တော်နားလည်နိုင်ပေမယ့် ပလေးဘွိုင်းမှာ ဘာကြောင့် ဒါကို လုပ်ရတယ်ဆိုတာကို နားမလည်နိုင်ပါဘူး၊ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်” လို့ သူကဆက်လက် ပြောကြားခဲ့တာပါ။

မစ္စချပ်ပါဟာ သူမရဲ့ Playboy ကာဗာကို ဝေဖန်သူတွေကို ကြောင်သူတော်လို့ ခေါ်ဆိုကာ “အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို စွန့်ပစ်ပိုင်ခွင့်ကို ခုခံကာကွယ်တာက နေရာတိုင်း၊ အချိန်တိုင်းပါပဲ။ ပြင်သစ်မှာ အမျိုးသမီးတွေက လွတ်လပ်တယ်၊ ဖောက်ပြန်သူတွေနဲ့ သူတော်ကောင်းတို့ကို ရိုသေလေးစားပါတယ်” လို့လည်း တွစ်တာမှာ  ရေးသားခဲ့ပါတယ်။  

Ref: Independent.ie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.