မော်စကို – ဧပြီ(၄) 

ရုရှားက သူတို့ရဲ့ နည်းဗျူဟာမြောက် နျူလက်နက်တွေကို ဘီလာရုစ်နိုင်ငံ အနောက်ဘက် နယ်နိမိတ်အနီးကို ရွှေ့ပြောင်းသွားမှာဖြစ်တယ်လို့ ရုရှားသံတမန်က ဧပြီလ(၂) ရက်နေ့က ပြောခဲ့ပါတယ်။ 

အဲဒီလက်နက်တွေကို နေတိုးရဲ့ လက်တစ်ကမ်းအလိုမှာ ချထားမှာဖြစ်တဲ့အတွက် ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက တင်းမာမှုတွေပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိနေတာပါ။ 

ယူကရိန်းကို စတင်ကျူးကျော်တည်းက ရုရှားရဲ့ အထင်ရှားဆုံးနျူကလီးယား အချက်ပြမှု တစ်ခုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေ တပ်ဆင်ထားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ(၂၆) ရက်နေ့က ပြောခဲ့ပါတယ်။ 

အိမ်နီးချင်းနှစ်နိုင်ငံဟာ ရုရှားရဲ့ တရာဝင်တစ်စိတ်တစ်ပိုင်းဖြစ်ပြီးနောက်ထပ်ပေါင်းစည်းဖို့ နှစ်ပေါင်းများစွာကြာအောင်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး မြို့တော် မင်စ်ကနေ ရုရှားတပ်တွေ ယူကရိန်းကို စေလွှတ်ဖို့ ဘီလာရုစ်ဆီးယမ်းနယ်မြေကို အသုံးပြုခွင့်ပြုပြီးနောက် အရှိန်မြှင့် လာတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ 

“ကျွန်ုပ်တို့၏ ပြည်ထောင်စုပြည်နယ်၏အ နောက်ဘက်နယ်စပ်သို့ ရွှေ့ပြောင်းမည်ဖြစ်ပြီး လုံခြုံရေးကိုသေချာစေရန်အတွက် ဖြစ်နိုင်ချေရှိတဲ့အရာများအားလုံးကို တိုးမြှင့်လိမ့်မယ်၊ ဥရောပနဲ့ အမေရိကမှာ ဆူညံနေပေမဲ့ ဒါက လုပ်မှာ” လို့ဘီလာရုစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဘိုရစ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ရုရှားသံအမတ်က လက်နက်တွေ ဘယ်နေရာမှာ စခန်းချထားမယ်ဆိုတာ မဖော်ပြထား ပေမယ့် ပူတင်ရဲ့ အမိန့်အတိုင်း လာမယ့် ဇူလိုင်လ(၁) ရက်နေ့ နောက်ဆုံးထားပြီး သိုလှောင်ရုံ တစ်ခု ပြီးစီးအောင်ဆောင်ရွက်ပြီး ဘီလာရုစ်နိုင်ငံရဲ့ အနောက်ဘက်ကို ပြောင်းရွှေ့သွားမှာ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ 

ဘီလာရုစ်နိုင်ငံမြောက်ဘက်မှာ လစ်သူယေးနီးယား၊လတ်ဗီးယားနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ် နေပြီး အနောက်ဘက်မှာ ပိုလန်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေကာ ရုရှားက ယူကရိန်းကို ကျူးကျော် ပြီးနောက် တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်မံဖြည့်တင်းထားတဲ့ နေတိုးရဲ့ အရှေ့ ခြမ်း အစိတ်အပိုင်းအားလုံးပါဝင်တယ်လို့ သိရပါတယ်။ 

အမေရိကန် မဟာမိတ်တွေကတော့ ရုရှားဟာ ဘီလာရုစ်ကို နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေပေးပို့နိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ ပြောဆိုထားသလို သမ္မတ ဘိုင်ဒင်က လည်း စိုးရိမ်စရာဖြစ်တယ်လို့ ပြောထားပါတယ်။ 

ဘီလာရုစ်နိုင်ငံက လိုအပ်ပါက နိုင်ငံထဲမှာ ရုရှားတိုက်ချင်းပစ်နျူကလီးယား ဒုံးကျည်တွေ ထား ခွင့်ပြုသွားမှာဖြစ်တယ်လို့ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဧပြီလ (၁) ရက်နေ့က ပြောခဲ့ ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.