ချင်းမိုင် – ဧပြီ(၄) 

လယ်ကိုင်းတွေ မီးရှို့ချိန်မှာထွက်လာတဲ့ PM2.5 ကြောင့် လေထုညစ်ညမ်းမှုလျှော့ချဖို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် စာသင်ကျောင်းတစ်ခုက ဒရုန်းတစ်စင်းဟာ လယ်သမားတွေကို အသိ ပေးစာတန်းချိတ်ဆွဲပြီး ပျံသန်းခဲ့ပါတယ်။ 

အဲဒီဒရုန်းမှာ ကျွန်ုပ်တို့အသက်ရှု၍မရတော့ပါ၊ တောမီးရှို့မှုများ ကျေးဇဓးပြု၍ ရပ်တန့်ပေးကြ၊ မြောက်ပိုင်းကိုကယ်တင်ပါ ဆိုတဲ့ စာသားတွေချိတ်ဆွဲထားတာပါ။ 

လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်ရတဲ့ ကျန်းမာရေးအကျိုးဆက်တွေကိုထင်ဟပ်တဲ့ တခြား စာသားတွေဖြစ်တဲ့ ကျွန်ုပ်တို့ မျက်လုံးတွေစပ်လှပြီ၊လည်ချောင်းတွေလည်းနာလှပြီ စတဲ့ စာသား တွေလည်းပါဝင်ခဲ့သလို ခရိုင်အတွင်း Mask တတပ်ဆင်ကြဖို့လည်းတိုက်တွန်းတဲ့စာသားတွေပါ ဝင်ခဲ့ပါတယ်။ 

အခုအစီအစဉ်အစီအစဉ်ပြုလုပ်တာဟာ ဒေသတွင်း PM2.5 ဆိုင်ရာ လေထုညစ်ညမ်းမှုကြောင့် လူတွေဖျားနာတာ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အတွက်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် PM2.5 ညစ်ညမ်းမှုဟာ အသက်သေဆုံးစေနိုင်တဲ့အထိဖြစ်နိုင်သလို အမှုအမွှားတွေဟာ ၂.၅ မိုက်ခရိုမီတာထက်သေးငယ်ပြီး လေထဲမှာ ပျံ့နှံ့နေတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ(၂) ရက်နေ့နောက်ဆုံးအချိန်ထိ PM2.5 ဟာချင်းရိုင်းနဲ့ ချင်းမိုင်တို့မှာ အန္တရာယ် ဖြစ်ပေါ်နိုင်တဲ့အခြေအနေရှိနေတယ်လို့ ဆိုထားပါတယ်။ 

လေထုညစ်ညမ်းမှုထိန်းချုပ်ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ချင်းရိုင်းနဲ့ ချင်းမိုင်ခရိုင်မှာ PM2.5 ဟာ လေထု(၁) ကုဗမီတာမှာ (၁၉၄) နဲ့ (၁၇၂) မိုက်ခရိုဂရမ်အထိ ရှိတယ်လို့ သိရပါ တယ်။ 

ထိုင်းနိုင်ငံမှာ PM2.5 နဲ့ပတ်သက်ပြီး ဘေးအန္တရာယ်အကင်းဆုံးအတိုင်းအတာမှာ လေထုတစ် ကုဗမီတာမှာ (၅၀) မိုက်ခရိုဂရမ်းအထိသာဖြစ်တယ်လို့ သိရပါတယ်။ 

ဒီအစီအစဉ်ကို Radio Control Airplane Modeller Sport အသင်း၊ ထိုင်းနိုင်ငံအမျိုးသားသုတေ သနကောင်စီနဲ့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာတို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.