April 2, 2023

စစ်အုပ်စုအုပ်ချုပ်နေသ၍ မြန်မာ့စီးပွားရေး တိုးတက်လာဖို့မရှိဘူးလို့ ပညာရှင်တွေပြော

မော်လမြိုင် ၊ ဧပြီ (၂) ပဋိပက္ခတွေကြောင့် ဆိုးဆိုးရွားရွားကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ စစ်အုပ်စုအုပ်ချုပ်နေသ၍ တိုးတက်လာဖို့ မရှိသလို ပိုဆိုးတဲ့အခြေအနေတစ်ခုကို ရောက်ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။မြန်မာ့စီးပွားရေးဟာ စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း ပဋိပက္ခတွေကြောင့် ဆိုးဆိုးရွားရွား ကျဆင်းနေသလို ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ကလည်း ဒီနှစ်စက်တင်ဘာလအထိ ၃ ရာခိုင်နှုန်းလောက်သာရှိလာနိုင်မယ်လို့ ကမ္ဘာ့ဘဏ်က မတ်…

ကျရှုံးနိုင်ငံ Fail State အဆင့်ကို ပိုမိုဦးတည်လာတဲ့ မြန်မာ

ရန်ကုန်၊ ဧပြီ(၂) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ Fail State အဆင့်ကို ဦးတည်ရောက်ရှိလာနေပြီလို့ စီးပွားရေး ပညာရှင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။နိုင်ငံ့အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီလက်ထက်မှာ စီးပွားရေး၊နိုင်ငံရေး၊ပညာရေး၊ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေမှာ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ အဘက်ဘက် ယို ယွင်းကျဆင်းလာလို…

KNU နယ်မြေကိုကိုင်တွယ်နေတဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိတချို့ အနားပေးခံရ

နေပြည်တော်၊ ဧပြီ(၂) ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေကို အဓိကကိုင်တွယ်နေတဲ့ စစ်ကောင်စီအမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးအပါအဝင် စစ်ဌာနချုပ်တိုင်းမှူးတို့ကို အနားပေးတာနဲ့ အရန်အင်အား ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ KNU လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့ကို အဓိကကိုင်တွယ်နေတဲ့ အမှတ် (၄) စကခမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်ကို အနားပေးပြီး သူရဲ့ နေရာမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး…

တနင်္သာရီမှာ စစ်ကောင်စီတပ်ဗျူဟာကုန်း တိုက်ခိုက်ခံရ

တနင်္သာရီ၊ ဧပြီ(၂) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တစ်ရက်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာ ရေဖြူကျေးရွာရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းကို KNU တပ်ရင်း ၁၁ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့…

ရေးမြို့နယ်မှာ အိမ်စီးကားပစ်ခတ်ခံရပြီး ဒေသခံ ၂ ဦး ဒဏ်ရာရ

ရေး၊ ဧပြီ(၂) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးလမိုင်းကျေးရွာနဲ့အေးကမ္ဘာကျေးရွာအကြား ရေး-မော်လမြိုင်ကာလမ်းမမှာ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက အိမ်စီးကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ဒေသခံ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၆ နာရီခွဲအချိန်လောက်မှာ လမိုင်းဘက်ကနေ မော်လမြိုင်ဘက်ကို ထွက်ခွာလာတဲ့ အိမ်စီးကားတစ်စီးဟာ ဘေးလမိုင်းကျေးရွာနဲ့ အေးကမ္ဘာကျေးရွာအကြား သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့်…