March 2023

ဘီလာရုစ်နိုင်ငံက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့မှုအသစ်တွေ ချမှတ်

မင့်စ် – မတ်(၂၆) ဘီလာရုစ်နိုင်ငံရဲ့ ၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြ သူတွေကို ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဆက်နွယ်နေတဲ့ အဖွဲ့အစည်း(၃) ခုနဲ့ လူပုဂ္ဂိုလ် (၉) ဦးကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်လုပ် ဘိုးရင်း 737 ဂျက်လေယာဉ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်နဲ့…

မြဝတီနဲ့ ကျုံဒိုးမြို့နယ်ကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ကျားဖြူစစ်ကြောင်း အသိပေး

မြဝတီ – မတ်(၂၅) ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ကျုံဒိုးမြို့ကြား စစ်ရေးအခြေအနေ ရှုပ်ထွေးနေတဲ့အတွက် ပြည်သူတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ကျားဖြူစစ်ကြောင်းက အသိပေးထားပါတယ်။ ကော့ကရိတ်-ဘားအံ ကားလမ်းပေါ် ကျုံဒိုးမြို့ထဲမှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၄၆)တပ်ရင်းနဲ့ နယ်မြေခံ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတာပါ။ “ယနေ့ ( ၂၅၊၃၊၂၀၂၃ )…

ဒီးမော့ဆို တိုက်ပွဲတွေမှာ စစ်ကောင်စီအရာရှိတွေ အပါအဝင် (၉၀) ကျော်သေဆုံး

ဒီးမော့ဆို – မတ်(၂၅) ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ မတ်လဒုတိယအပတ်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် အရာရှိတွေအပါအဝင် တပ်သား(၉၀) ကျော်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၈) ရက်နေ့ကစပြီး ဘောလခဲမြို့ကနေ အင်အား (၃၀၀) ကျော်ပါတဲ့ စစ်ကြောင်း (၃) ကြောင်းဟာ ဒီးမော့ဆို၊ဒေါညင်းခူကျေးရွာဘက်ကို ဝင်လာတဲ့အတွက် ကရင်နီပြည်နယ် ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့…

ကြာအင်းဆိပ်ကြီးနဲ့ ကျုံဒိုးမြို့မှာလည်း တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အရှင်ဖမ်းမိတာတွေ ရှိနေ

ကြာအင်းဆိပ်ကြီး – မတ်(၂၅) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကျုံဒိုးမြို့ထဲမှာ ဒီကနေ့ မတ်လ(၂၅)ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးရမိတာတွေ ရှိတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ကော့ကရိတ်-ဘားအံ ကားလမ်းပေါ် ကျုံဒိုးမြို့ထဲမှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၄၆)တပ်ရင်းနဲ့ နယ်မြေခံ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့…

နိုင်ငံတဝန်းမှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုမို ဆိုးဝါးလာနိုင်နေ

နေပြည်တော် ၊ မတ် (၂၅) စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတည်ရှိတဲ့ နေပြည်တော်မှာ လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့သာ ပေးတော့တဲ့အတွက် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒီနွေရာသီကာလအတွင်း လျှပ်စစ်မီး ဖြတ်တောက်ခံရမှု ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဒေသခံ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ကလွဲရင် တိုင်းနဲ့ပြည်နယ်နေရာအနှံ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ ဓာတ်အားဖြန့်ဖြူးပေးတဲ့ လျှပ်စစ်မီးဟာ နာရီနဲ့ချီ ပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။…

မြဝတီကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ – မတ်(၂၅) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီနေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီနဲ့ KNLA ပူးပေါင်း တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေသလို ကော့ကရိတ် – မြဝတီအာရှလမ်းမမှာလည်း မိုင်း ပေါက်ကွဲထားတာကြောင့် လမ်းပျက်စီးမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြဝတီမြို့နယ် မဲကနယ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေဟာ မနက် (၅) နာရီ လောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး…

စစ်အာဏာသိမ်း (၇၈၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၆၀ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၂၅) AAPP ရဲ့ မတ်(၂၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၂)ရက်အတွင်း ပြည်သူ (၃၁၆၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၈၄၆ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

KNU သထုံခရိုင်မှာ စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

သထုံ ၊ မတ်(၂၅) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေထဲကို နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ KUN သထုံခရိုင်ရဲ့ မြို့နယ်တွေ ဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်ထဲက ကျေးရွာတွေအပေါ် ပြီးခဲ့တဲ့…