March 2023

ပျောက်ကွယ်သွားမယ့်အရေးနဲ့ ကြုံနေရတဲ့ မွန်ပြည်နယ်ဇာတ်သဘင်လောက

မော်လမြိုင်၊ မတ်(၅) မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် ဆက် လက် ရပ်တည်ဖို့ ပိုမိုခက်ခဲလာတာကြောင့် ပျောက်ကွယ်သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဇာတ် သဘင်လောကသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက စ တင်ရပ်နားခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်း တကျော့ပြန် စစ်တပ်အာဏာသိမ်းနဲ့အတူ စစ်ကောင်စီရဲ့ ညမထွက်ရအ…

ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လက်စဖျောက်ခံနေရ

မော်လမြိုင် ၊ မတ် (၅) မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေး တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ လက်စဖျောက်ခံနေရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆေးကုသခွင့်အပါအဝင် အကျဉ်းသားအခွင့်အရေး အပြည့်အဝပေးဖို့ တောင်းဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညပိုင်းအချိန်တွေမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ခေါ်ဆောင်တာတွေ ရှိနေတာပါ။ စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ…

အောက်ကျောက်ဝပ်ရွာသား ၅ ဦးကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကိုလည်းမီးရှို့သွား

လောင်းလုံး၊ မတ်(၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်က ရွာသား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မတ် ၄ ရက်နေ့ မနက် ၉ နာရီလောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်နီ မော်ကျေးရွာကနေ…

KNU တပ်မဟာ(၂) နယ်မြေထဲက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့နေ

သံတောင်၊ မတ်(၅) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေဖြစ်တဲ့ သံတောင်မြို့ ၁၃ မိုင်နဲ့ လိပ်သို မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မတ် ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ် သံတောင်မြို့ ၁၃ မိုင်နဲ့ လိပ်သို မြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက်…

ရွေးကောက်ပွဲနှောင့်နှေးစေတဲ့ တရားရုံးဆုံးဖြတ်ချက်ကို အင်ဒိုနီးရှား အလုပ်သမားပါတီ ကန့်ကွက်ဆန္ဒပြမယ်

ဂျာကာတာ၊ မတ်(၅) နိုင်ငံရဲ့ မဲရုံစီမံခန့်ခွဲမှုအဖွဲ့ (KPU) ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲနဲ့ အထွေထွေရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းဖို့ အခုသီတင်းပတ်မှာ အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် အငြင်းပွားဖွယ်တရားရုံး စီရင်ချက်ကို ဆန့်ကျင် ကန့်ကွက်မှာဖြစ်ကြောင်း အင်ဒိုနီးရှား အလုပ်သမားပါတီက မတ်လ ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ Central Jakarta ခရိုင်တရားရုံးက KPU ရဲ့ ရွေးကောက်ပွဲပြင်ဆင်မှုအားလုံးကို နှစ်နှစ်ကျော်…

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် နေအိမ်အကျယ်ချုပ် (၂၇) နှစ်ချမှတ်ခံရ

ဖနွမ်းပင် – မတ်(၅) နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ စွပ်စွဲခံရပြီးနောက် ကမ္ဘာဒီးယားအတိုက်အခံ ခေါင်းဆောင် ကင်မ်ဆိုခါ ကို နေအိမ်အကျယ်ချုပ်ထောင်ဒဏ်(၂၇) နှစ် ချမှတ်ခဲ့တယ်လို့ ဖနွမ်းပင်မြို့တော် တရားသူကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၃) ရက်နေ့ကအမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ကင်မ်ဆိုခါကို နိုင်ငံရေးအရ ပါဝင် ပတ်သက်မှု ရှိတဲ့ ရုံးလုပ်ငန်း၊ ရွေးကောက်ပွဲတွေမှာ မဲပေးတာတွေကိုပါ တားမြစ်သွားမယ် လို့ တရားသူကြီးက…

မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်တလဲလဲကျူးလွန်နေတယ်လို့ ကုလ အစီရင်ခံစာမှာဖော်ပြ

နေပြည်တော် – မတ်(၅) မြန်မာစစ်တပ်က လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို ထပ်တလဲလဲကျူးလွန်နေတာ ကြောင့်အရှေ့တောင်အာရှမှာ ရာသက်ပန်လူ့အခွင့်အရေးအကျပ်အတည်းကို ဖန်တီးနေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါ တယ်။ ပြီးခဲ့တဲ့ (၂) နှစ်က မြန်မာစစ်တပ်ဟာ ရွေးကောက်ခံအစိုးရဆီက မတရားအာဏာသိမ်းယူပြီး နောက်ပိုင်း အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းပြီးနောက် ဘက်ပေါင်းစုံက တပ်မတော် ကိုဆန့်ကျင်တဲ့ တော်လှန်ရေးလှုပ်ရှားမှုနဲ့…