March 2023

၂ လအတွင်း စစ်အုပ်စုလူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၆၀၀ ကျော် ကျုးလွန်ခဲ့

ရန်ကုန် ၊ မတ် (၇) နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လတာအတွင်း စစ်ကောင်စီတပ်က တိုင်းနဲ့ပြည် နယ် အသီးသီးမှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ နည်းလမ်း ၂၅ ခုအထိ ရှိခဲ့ပြီး အကြိမ်ရေ ၆၄၀ အထိ ကျူးလွန်ခဲ့တယ်လို့ နွေဦးမော်ကွန်း Spring Archive ရဲ့ အပတ်စဉ်အချက်အလက်တွေက သိရပါတယ်။ ဒီကိန်းဂဏန်းတွေဟာ…

ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် မိဘမဲ့ဂေဟာတွေ ရပ်တည်ဖို့ခက်ခဲလာ

မော်လမြိုင်၊ မတ်(၇) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့် လာတာကြောင့် မိဘမဲ့ဂေဟာတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပြီး ပိတ်သိမ်းရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မိဘမဲ့ပရဟိတကျောင်း ဆရာတော်တွေက သံလွင်တိုင်းမ်ကို မိန့်ဆိုပါတယ်။ မိဘမဲ့ဂေဟာတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်း ၃ဆနီးပါး မြင့်တက်လာတာ၊ စီးပွားရေးအကျပ်အတည်းတွေကြောင့် အလှူရှင်နည်းပါးသွားတဲ့အတွက် ဆက်လက်ရပ်တည်ဖို့ ခက်ခဲ လာကြပါတယ်။ ရပ်တည်ဖို့…

ရေးမြို့နယ်မှာ စစ်တပ်လက်နက်ကြီးထိမှန်ပြီး အဘွားအိုတစ်ဦး ဒဏ်ရာပြင်းထန်၊ အသက်အန္တရာယ် စိုးရိမ်ရ

ရေး၊ မတ်(၇) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာကျေးရွာမှာ မတ် ၅ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦး ပြင်းထန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ နေ့လည် ၂ နာရီလောက်မှာ လမိုင်းမြို့ အခြေစိုက် စစ်ကောင်စီ…

တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှု ၄၀၀ နီးပါးအထိတိုးလာ

တနင်္သာရီ၊ မတ်(၇) တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ အခုနှစ် ဖေဖော်ဝါရီလကုန် အထိ ၂ နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၄၀၀ နီးပါးအထိ တိုးလာတယ်လို့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ Southern Monitor အဖွဲ့က မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အရပ်သားသေဆုံးမှုဟာ အာဏာသိမ်းတဲ့ ၂ နှစ်နဲ့…

ရုရှားကို လက်နက်တွေ ပေးပို့ကူညီရင် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တရုတ်ကို ဂျာမနီသတိပေး

ဘာလင်၊ မတ်(၇) ဂျာမန်အဓိပတိ အိုလဖ်စကော့ဖ်က တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားထံ လက်နက်တွေပေးပို့ ကူညီရင် အကျိုးဆက်တွေရှိလာနိုင်မယ်လို့ သတိပေးခဲ့ပြီး ပေကျင်းအနေနဲ့ အဲဒီလိုလုပ်ဆောင်မှုကနေ ရှောင်ကြဉ်မယ်လို့ မျှော်လင့်တယ်လို့ တနင်္ဂနွေနေ့က CNN နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ စကော့ဖ်ရဲ့ မှတ်ချက်တွေဟာ ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီးတဲ့နောက် နှစ်ရက် အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။…

အမေရိကန်စစ်သားတွေကို ထိုင်းချန်ပီယံက မွေထိုင်းပညာသင်ပေး

ဘန်ကောက် – မတ်(၇) ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ကော်ဘရာ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းတိုက်ခိုက်ရေး ချန်ပီယံတစ်ဦးက အမေရိကန် စစ်သားတွေကို ရိုးရာမွေထိုင်းလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ အမေရိကန် စစ်သည်တွေဟာ ထိုင်းချန်ပီယံ Sombat Banchamek ၊ Buakaw(ဘူခေါ) တို့နဲ့အတူ သင်ကြားခဲ့ကြပြီး လက်သီးထိုးလေ့ကျင်ရေးကို အပြင်းအထန်လေ့ကျင့်ခဲကြတာပါ။ “Cobra Gold မှာ လေ့ကျင့်လာခဲ့တဲ့ အမေရိကန်…

ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်ဖို့ ပြောနေတဲ့ တရုတ်ကို မိမိတို့ရဲ့ ဒီမိုကရေစီကို လေးစားဖို့ ထိုင်ဝမ်တုံ့ပြန်

တိုင်ပေ – မတ်(၇) ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်ရေးကို တရုတ်ဝန်ကြီးချုပ် Li Keqiang က ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုတွေနဲ့ ကတိပြုခဲ့ပြီး တိုင်ပေ က ဒီမိုကရေစီနဲ့ လွတ်လပ်ရေးဆိုင်ရာ ကတိကဝတ်တွေကို လေးစားသင့်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ ဆိုထားတဲ့ တရုတ်နိုင်ငံဟာ လွတ်ခဲ့တဲ့…

မြိုင်မှာ စစ်ကောင်စီပျူစောထီးပူးပေါင်းစစ်ကြောင်းတိုက်ခိုက်ခံရ၊ (၇)ဦးသေဆုံး ဆယ်ဦးကျော် ဒဏ်ရာရ

မြိုင် – မတ်(၆) မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို Drop Bomb၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် (၇) ဦးသေဆုံးပြီး (၁၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၄) ရက်နဲ့ (၅) ရက်နေ့တွေမှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့သူတွေကို မြိုင်ဆေးရုံကို…

မြန်မာလူငယ်တွေ ဦးဆောင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပွဲ မဲဆောက်မြို့မှာ ကျင်းပ

မဲဆောက်၊ မတ် ၆ ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်နေရာမှာ ဒီကနေ့ မတ်လ ၆ ရက်နေ့ ညနေ (၅)နာရီက မြန်မာနိုင်ငံသားလူငယ်တွေ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပွဲတစ်ခုကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို Green Land -စိမ်းလန်းမြေ တောင်တန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ကျင်းပခဲ့တာဖြစ်ပြီး မဲဆောက်ရောက်တော်လှန်ရေးအင်အားစုတွေ အများစုတက်ရောက်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို တော်လှန်ရေးလုပ်ရင်း ကျွဲကူးရေပါလုပ်ဆောင်သွားရမယ့်လုပ်ငန်းစဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို သိရှိနားလည်စေဖို့အတွက်…