March 2023

လာမယ့်နှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမယ်လို့ စစ်ကောင်စီပြောနေ

ပြည်တော် ၊ မတ် (၉) နိုင်ငံတော်ကို အရေးပေါ်ကာလအဖြစ် ၆ လသက်တမ်း ထပ်တိုးယူခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီက လာမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြိုင်တည်း ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမယ်လို့ ပြောဆိုလာတာပါ။ သန်းခေါင်းစာရင်းကောက်ယူရာမှာ အသုံးပြုမယ့် မေးခွန်းပုံစံပြုစုဖို့အတွက် အချက်အလက်အသုံး ပြုသူတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၆…

လောင်းလုံးမြို့နယ် ကရင်ကြီးရွာကို စစ်ကောင်စီတပ်မီးရှို့

လောင်းလုံး၊ မတ်(၉) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာကို မတ် ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့ကတည်းက က ရင်ကြီးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အဲဒီနေ့မနက်ပိုင်းမှာ မီးရှို့သွားခဲ့တာပါ။ စစ်ကောင်စီတပ်က…

မွန်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း လာရောက်ဖြေဆိုသူ ၉၃ ရာခိုင်နှုန်းနီးပါးအထိရှိခဲ့

မော်လမြိုင်၊ မတ်(၉) မွန်ပြည်နယ်မှာ စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ အခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားသူ တွေထဲမှာ ၉၃ ရာခိုင်နှုန်းနီးပါး လာရောက်ဖြေဆိုခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံး အချက်အလက်တွေအရ သိရပါတယ်။ ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားသူ ၆၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ၅၈၀၀ နီးပါး လာရောက်ဖြေဆိုခဲ့ကာ ပျက်ကွက်သူ ၄၅၂ ဦး ရှိခဲ့တာပါ။…

တရုတ် ခရီးသွားတွေအတွက် ကိုဗစ် ၁၉ စစ်ဆေးမှုလိုအပ်ချက်တွေကို အမေရိကန်ရုတ်သိမ်းပေး

ဝါရှင်တန်၊ မတ်(၉) အမေရိကန်ရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာဟာ တရုတ်နိုင်ငံကလာရောက်တဲ့ ခရီး သွားတွေအတွက် မဖြစ်မနေ ကိုဗစ်၁၉စစ်ဆေးဖို့ လိုအပ်ချက်တွေကို အခြားနိုင်ငံတွေနည်းတူ မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ဖျက်သိမ်းပေးသွားတော့မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီလိုတွေဖြေလျော့ပေးလိုက်ပေမယ့် တရုတ်နိုင်ငံနဲ့ ကမ္ဘာတဝှမ်းရှိ ကူးစက်မှုဖြစ်စဉ်တွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း သတင်းရင်းမြစ်တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကိုဗစ်၁၉စစ်ဆေးမှု…

ကမ္ဘာ့အမျိုးသမီးများနေ့ အထိမ်းအမှတ် အစိုးရတချို့က အပြောင်းအလဲ ကြိုးပမ်းနေကြပြီး တက်ကြွလှုပ်ရှားသူတွေ ချီတက် ဆန္ဒပြ

ဝါရှင်တန် – မတ်(၉) တက်ကြလှုပ်ရှားသူတွေဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုချီတက်ဆန္ဒပြ ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး နိုင်ငံအများအပြားက အစိုးရတွေကလည်း ကမ္ဘာ့လူဦးရေထက်ဝက် အတွက် တိုးတက်အောင် ကူညီလုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။ ကနေဒါနိုင်ငံက သမိုင်းဝင် မတရားမှုနဲ့ ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ဥပဒေတွေကို ရုပ်သိမ်းခဲ့ ပြီး ဂျပန်မှာ ကျားမရေးရာ သဘောထားတွေကို ပြောင်းလဲအောင်လုပ်ဆောင်ကြဖို့ လိုအပ်တယ်…

ထိုင်းတော်ဝင်မိသားစုကို စော်ကားပုပ်ခတ်ရေးသားထားတဲ့ ပြက္ခဒိန်ရောင်းချသူထောင် (၂) နှစ်ချခံရ

ဘန်ကောက် – မတ်(၉) ထိုင်းတရားရုံးတော်က အဝါရောင်ဘဲရုပ်တွေနဲ့ သရောစာတွေပါဝင်တဲ့ ပြက္ခဒိန်တွေကို ရောင်းချ တဲ့ ထိုင်းအမျိုးသားတစ်ဦးကို ထောင်ဒဏ်(၂) နှစ်ချမှတ်ခဲ့ပြီး အဲဒီအဝါရောင်ဘဲအရုပ်တွေဟာ တော်ဝင်မိသားစုကို စော်ကားပုပ်ခတ်တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ ရာဘာဘဲအရုပ်ပုံစံမျိုးစုံကို အတွဲလိုက်ဖော်ပြထားတဲ့ ၂၀၂၁ ပြက္ခဒိန်နဲ့ ပတ်သက်ပြီး ထောင်ဒဏ် (၁၅) နှစ်အထိ ချမှတ်နိုင်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံး ဘုရင့် ဥပဒေအရ ထိုင်းနိုင်ငံရဲ့…

သထုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးထိမှန်ပြီး ကလေးငယ် ၂ ဦး သေဆုံး

သထုံ၊ မတ်(၈) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၁) နဲ့…

ချဲလ်ဆီးနဲ့ ဘင်ဖီကာအသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်

မော်လမြိုင်၊ မတ် ၈ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်း ချဲလ်ဆီးအသင်းနဲ့ ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအသင်းတို့ဟာ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းတွေကို အသီးသီး အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂျာမန်ကလပ်အသင်း ဒေါ့မွန်အသင်းကို ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး…