March 2023

KNU နယ်မြေမှာ လက်နက်ကြီးကြောင့် ဒေသခံ ၁၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

ကော့ကရိတ်၊ မတ်(၃၀) ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းရှိ မဲကနယ်ကျေး ရွာဘက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ(၁၀၀၀) ကျော် စစ်ဘေးရှောင် နေရပြီး စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးအခက်အခဲပြဿနာတွေ ရင် ဆိုင်ကြုံတွေ့နေရတယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့ကစပြီး မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ်-ကျုံဒိုး ကားလမ်းမမှာရှိတဲ့ စစ် ကောင်စီရဲ့ တပ်စခန်း၊ ရဲစခန်းနဲ့…

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေ

တနင်္သာရီ၊ မတ်(၃၀) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင်လမ်း ချောင်းနှစ်ပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တနင်္သာမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၂၈ ရက်နေ့ ညနေပိုင်းမှာ ချောင်းနှစ်ပေါက် ကျေးရွာအတွင်း ဝင်ရောက်လာတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်း…

စစ်အာဏာသိမ်း (၇၈၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၈၂ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၃၀) AAPP ရဲ့ မတ်(၂၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၇)ရက်အတွင်း ပြည်သူ (၃၁၈၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၉၂၅ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ရွေးကောက်ပွဲကျင်းပဖို့ မရေရာပေမယ့် စစ်ကောင်စီထံမှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိနေ

နေပြည်တော် ၊ မတ်(၃၀) စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ဒီကနေ့အထိ မကြေညာနိုင်သေးပေမယ့် အဲဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီအထိ ရှိနေပါတယ်။ နိုင်ငံတဝန်းစည်းရုံးမယ့်ပါတီ ၁၂ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့် ပါတီ ၅၁ ပါတီ ရှိနေပြီး အဲဒီပါတီတွေကို တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်နေတယ်လို့…

မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်စည်းကားရေး မဖြစ်မနေမဏ္ဍပ်ဆောက်လုပ်ကြဖို့ စစ်ကောင်စီဖိအားပေး

မော်လမြိုင်၊ မတ်(၃၀) မွန်ပြည်နယ်မှာ လာမယ့်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့အတွက်ဆိုပြီး စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို သင်္ကြန်မဏ္ဍပ် မဖြစ်မနေ ဆောက်လုပ်ကြဖို့ ဖိအားပေးလာတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မဟာသင်္ကြန်ပွဲတော် စည်းကားဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က စစ်ကောင်စီ ပြည်နယ်အစိုးရရုံးမှာပြုလုပ်တဲ့ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း…

မုပ္ပလင်လမ်းဆုံ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ကျိုက်ထို၊ မတ်(၃၀) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားအနီးလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ် ၂၉ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ် ၂၉ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် KNLA…

ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ၂ ဦး ထောင်ဒဏ် ၁၀ စီ ချမှတ်ခံရ

ထားဝယ်၊ မတ်(၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နည်းပညာ တက္ကသိုလ်ကျောင်းသား ၂ ဦးကို မနေ့ မတ် ၂၈ ရက်နေ့မှာ စစ်ကောင်စီ ထားဝယ်အကျဉ်းထောင် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်နည်းပညာ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်တဲ့ ကိုမျိုးမင်းဦးနဲ့ ကိုအောင်ဝေယံထွန်းတို့ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး…

နိုင်ငံရေးပါတီတွေကိုစစ်အုပ်စုက ဖျက်သိမ်းပိုင်ခွင့်မရှိဘူးလို့ NLD ထုတ်ပြန်

ရန်ကုန် – မတ်(၂၉) တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် လုံးဝမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ တည်ဆဲဥပဒေတွေကို ချိုးဖောက်ထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှုမရှိတဲ့အပြင် ပြည်သူလူထု ကို ကိုယ်စားပြုမှုလည်း မရှိတဲ့အတွက် သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်သမျှဟာ တရားဝင်မှုမရှိဘူး လို့ NLD ဗဟိုအလုပ်ကော်မတီအနေနဲ့ ကြေညာချက် ၇/၂၀၂၂၊၁၀/၂၀၂၂၊၁၂/၂၀၂၂…