Radio Than Lwin Times(10/3)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ကိုးကန့် – မတ်(၁၁) ကိုးကန့်ဒေသ MNTJP/MNDAA လက်ထဲကို အလုံးစုံပြန်လည်ရရှိရေးလုပ်ငန်းတွေအပြင် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ ညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့ အတူတိုက်ပွဲဝင်သွားမယ်လို့ ULA/AA နဲ့ PSLF/TNLA တို့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီနေ့ မတ်လ(၁၁) ရက်နေ့မှာ ကျရောက်တဲ့ ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic…
https://youtu.be/JueqiHOS14A
လောင်းလုံး၊ မတ်(၁၁) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာကို မတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ် ကောင်စီတပ်က ဝင်ရောက်မီးရှို့နေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ မနက် ၇ နာရီလောက်မှာ လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာကနေ ပညစ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို အကြောင်းမဲ့မီးရှို့…
မော်လမြိုင်၊ မတ်(၁၁) AAPP ရဲ့ မတ်(၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၆၈)ရက်အတွင်း ပြည်သူ (၃၁၂၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၂၉၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…
နေပြည်တော် ၊ မတ် (၁၁) အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်အားပေးကူညီတဲ့ လူတစ်ဦးချင်း၊ အုပ်စု၊ အဖွဲ့အစည်းနဲ့ တာဝန်ခံတွေ စာရင်းကို ပုံစံနဲ့တကွ ပူးတွဲထုတ်ပြန်ကြေညာဖို့ လိုအပ်တဲ့အချက်အလက်တွေကို ပြုစုပြီး ကုလ သမဂ္ဂ ပေးပို့မယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၂၊ ပုဒ်မခွဲ့ (က) အရ…
မော်လမြိုင်၊ မတ်(၁၁) မွန်ပြည်နယ်မှာတော့ အခုနှစ် ပဲထွက်ရာသီမှာ ပြည်တွင်း ပဲဝယ်ယူသိုလှောင်သူတွေ များလာတဲ့အတွက် ဆယ်စုနှစ်အတွင်း ပဲဈေးစံချိန်တင်အမြင့်ဆုံးဈေးနှုန်းအထိ ရောက်ရှိလာတယ်လို့ ပဲလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းပဲမျိူးစုံဈေးနှုန်းဟာ နှစ်ဆန်းပိုင်းကစပြီး တရွေ့ရွေ့ မြင့်တက်လာရာကနေ လက်ရှိမှာတော့ စံချိန်တင်ဈေးနှုန်းအထိ ရောက်လာခဲ့သလို အဲဒီထဲမှာ ပဲတီစိမ်း(ရွှေဝါ) တစ်တင်းကို ကျပ် ၇၁၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။ တခြား…
တနင်္သာရီ၊ မတ်(၁၁) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမဟာမိတ် တပ် ပေါင်းစု တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၁၀ ရက်နေ့ မနက် ၈ နာရီလောက်က တနင်္သာရီမြို့နယ်၊ ဆန်းသစ်ရွာ ဘုန်းကြီးကျောင်းတောင်ပေါ်မှာ…
ကော့ကရိတ် – မတ်(၁၀) ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ကော့ရိတ်မြို့ နဘူးတံခွန်တိုင်ဒေသမှာ ဒီနေ့ မတ်လ(၁၀) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူလူထုနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွတ်ရေး ကော်မတီတွေ့ဆုံပွဲကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျာ်နီနဲ့ တာဝန်ရှိသူတွေ၊ KNU/KNLA PC…
မြိုင် – မတ်(၁၀) မကွေးတိုင်း၊ မြိုင်မြို့နယ် က စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့(၃၀) ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၉) ရက်နေ့က ကျောက်ခွက်ရေနံမြေ Well-2 အတွင်းမှာရှိတဲ့ စစ်ကောင်စီ စခန်း ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတာပါ။…