March 2023

စစ်အာဏာသိမ်း (၇၇၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၂၄ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၁၅) AAPP ရဲ့ မတ်(၁၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၂)ရက်အတွင်း ပြည်သူ (၃၁၂၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၃၅၉ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေထံကနေ ထောင်ဝန်ထမ်းတွေ ငွေကြေးလိမ်လည်တောင်းခံတာတွေရှိနေ

ကျိုက်မရော၊ မတ်(၁၅) မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးပြစ်မှုတွေနဲ့ အ ကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေးလိမ်လည် တောင်း ခံတာတွေ ရှိနေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ အကျဉ်းဦးစီဌာန လက်အောက်ခံ ထောင်ဝန်ထမ်းတွေဟာ အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ အဆက်အသွယ် ဖြတ်ထားပြီး အပြင်မှာ…

ပါတီမှတ်ပုံတင်ဖို့ မွန်ညီညွတ်ရေးပါတီ နေပြည်တော်ရောက်ရှိနေ

နေပြည်တော်၊ မတ်(၁၅) မွန်ပြည်နယ်အခြေစိုက် မွန်တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားဖို့ နေပြည်တော်ကို ရောက်ရှိနေတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းကနေ သိရပါတယ်။ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ဖို့အတွက် ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ကတည်း နေပြည်တော်သို့ ရောက်ရှိနေတာဖြစ်ပြီး မတ် ၁၅ ရက်နေ့မှာ ပါတီမှတ်ပုံတင်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ…

KNU ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

ဖာပွန်၊ မတ်(၁၅) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မ ဟာ(၅)က မတ် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်(၁၀)ရက်နေ့က KNU ဖာပွန်ခရိုင် ဘူးသိုမြို့နယ် တာဘူကျိုးဒေသနဲ့ ကူးဆိပ်နဲ့ မြေနီကုန်းကြား မှာရှိတဲ့…

ပေါင်မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ပေါင်၊ မတ်(၁၅) မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မတ် ၁၄ ရက်နေ့ နေ့လည် ပိုင်းက စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်လောက်က ပေါင်မြို့ဘက်ကနေ ဖလပ်ကျေးရွာဘက်သို့ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ပြည်သူစစ်အဖွဲ့ဝင် ဦးကျော်စိုးမိုး(ခ)စတီးရိုးကို အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့…

စစ်ကောင်စီလေယာဉ်နဲ့ လေယာဉ်ဆီတင်သွင်းသူတွေတွေကို အမြန်ဆုံးပိတ်ဆို့ တားဆီးပေးဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ တောင်းဆို

မော်လမြိုင် – မတ်(၁၄) နိုင်ငံတကာအနေနဲ့ ပြည်သူတွေကို လေကြောင်းနဲ့ နေရာစုံ ဗုံးကြဲသတ်ဖြတ်နေမှုတွေ တားဆီး နိုင်ဖို့ လေယာဉ်နဲ့ လေယာဉ်ဆီတင်သွင်းမှုတွေကို အမြန်ဆုံး ပိတ်ဆို့ တားဆီးပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၀) ကြိမ် မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ…

မင်းတုန်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ ထိခိုက်သေဆုံးရှိနိုင်

မင်းတုန်း – မတ်(၁၄) မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးရှိနိုင်တယ်လို့ သရက်ခရိုင် တပ်ရင်း – (၄) က သတင်းထုတ်ပြန်ထားပါ တယ်။ ဒီနေ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်း ပုသိမ်-မုံရွာ ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီ (၅) မိုင် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး တပ်တွေက…

၂၀၂၀ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားခရီးသွားဗီဇာအားလုံးကို တရုတ်ပြန်ဖွင့်ပေး

ပေကျင်း၊ မတ်(၁၅) တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် (၃) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီဇာအမျိုးအ စားအားလုံးကို မတ်လ ၁၅ ရက်ကစတင်ပြီး ပြန်လည်ဖွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့လက အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာမှုအပေါ် အောင်ပွဲခံနိုင်ခဲ့ကြောင်း ကြေ ညာပြီးတဲ့နောက် ကိုဗစ်-၁၉ ကို ကာကွယ်ဖို့ နောက်ဆုံးချမှတ်ထားတဲ့ နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှု အစီအမံ တွေ အားလုံးကို…

ဘာလီကျွန်းမှာ ပြည်ပခရီးသွားဧည့်သည်တွေကို ဆိုင်ကယ်စီးခွင့် ကန့်သတ်

ဘာလီ – မတ်(၁၅) ခရီးသွားပြည်သူတွေအကြိုက်တွေ့တဲ့ ဘာလီကျွန်းမှာ မော်တော်ဆိုင်ကယ်စီးသူတွေ ရမ်းကားစွာ မောင်းနှင်ကြတဲ့အတွက် ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေဖြစ်နေတာကြောင့် ယာဉ်မတော် တဆမှုတွေဖြစ်ပေါ်နေလို့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ဆိုင်ကယ်စီးခွင့်ပိတ်ပင်လိုက်ပါ တယ်။ ဒီတားမြစ်ချက်နဲ့ပတ်သက်ပြီး ဘယ်လို လိုက်နာရမယ်ဆိုတာ တိတိကျကျရှင်းလင်းထားတာ တော့ မရှိသေးပါဘူး။ “သူတို့တွေက စနစ်တကျမရှိတဲ့အပြင် မလျော်မကန်ပြုမူကြတာပါ” လို့ အုပ်ချုပ်ရေး အရာရှိ ဝါယန် ကိုစတာက ဆိုထားပြီး…

မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့ဖို့ ICC ကိုတောင်းဆို

ရန်ကုန် – မတ်(၁၅) စစ်ကောင်စီ ခြေမြန်တပ်မ(၉၉) က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ အသေးစိတ်အချက်အလက်တွေကို NUG က ထုတ်ပြတ်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဧရိယာတစ်လျှောက် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လက်ရှိစုံစမ်းစစ်ဆေးမှုကို တိုးချဲ့ဖို့နိုင်ငံတကာ ရာဇဝတ်တရားရုံးကို တောင်းဆို လိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေအရ စစ်တပ်က အနည်းဆုံးလူ(၃၇)…