March 2023

ကျောက်မျက်ရတနာတွေ ရောင်းချပြီး စစ်အုပ်စု နိုင်ငံခြားဝင်ငွေရှာဖွေနေ

နေပြည်တော် ၊ မတ် (၂၁)အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာကျောက်မျက်တရတနာပြပွဲကနေ နိုင်ငံခြားဝင်ငွေ ရှာဖွေနေပြီး ဒီဝင်ငွေတွေဟာ လူထုတွေအပေါ် စစ်ရာဇဝတ်မှု ထပ်မံကျုးလွန်ဖို့ ဖြစ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ Blood Money က သတိပေးလိုက်ပါတယ်။ စစ်ကောင်စီဟာ ၅၈ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ် ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ နေပြည်တော်မှာ ခင်းကျင်းပြသနေပြီး…

လောင်းလုံးမှာ နေအိမ်တဲ ၂၀ ထက်မနည်းမီးရှို့ပြီး အမျိုးသမီး ၂ ဦးကို စစ်တပ်ဖမ်းဆီးသွား

လောင်းလုံး၊ မတ်(၂၁) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာနဲ့ဘဲအင်းကျေးရွာထဲ ဝင်ရောက် လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံနေအိမ်တဲအလုံး ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးပြီးနောက် အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မတ် ၁၉ ရက်နေ့က ဘဲအင်ကျေးရွာထဲ ရောက် ရှိပြီးနောက်…

သထုံမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းနဲ့ ကင်းစခန်းတွေ တိုက်ခိုက်ခံ

ရသထုံ၊ မတ်(၂၁) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်းပေါ်မှာ မတ် ၁၉ ရက်နေ့က စစ်ကောင်စီယာဉ်တန်းနဲ့ ကင်းစခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။ အဲဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဘားအံဘက်ကနေ သထုံဘက်ကို မောင်းနှင်းလာတဲ့ စစ်ကောင်စီကား ၂ စီးကို ဝါးဘိုတောကျေးရွာနဲ့ ဒူးရင်းဆိပ်ကျေးရွာအကြားမှာ…

NUG နဲ့ မပူးပေါင်းရင် PTT ကို စင်္ကာပူနိုင်ငံမှာ တရားစွဲမယ်လို့ ထုတ်ပြန်

မော်လမြိုင် – မတ်(၂၀) အမျိုးသားညီညွတ်ရေးအစိုးရက ရတနာစီမံကိန်းနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို PTT ဆီပေး ပို့ထားပြီး တောင်းဆိုချက်တွေကို ပူးပေါင်းလုပ်ဆောင်တာမရှိရင် စင်္ကာပူနိုင်ငံ အနုညာတ တရားရုံး မှာ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ စီးပွားရေးဆိုင်ရာအငြင်းပွားမှုအဖြစ် တရားဝင်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့အညီ လူထုရဲ့ အခြေခံ လူ့အခွင့်အရေး ဂုဏ်သိက္ခာတွေ ကျဆုံးခဲ့ရမှုအပေါ် မူတည်ပြီး…

ထိုင်ဝမ်သမ္မတဟောင်း မာရင်ဂျိုး တရုတ်ပြည်ကို သွားရောက်မယ်

ထိုင်ဝမ်၊ မတ်(၂၁) ထိုင်ဝမ်သမ္မတဟောင်း မာရင်ဂျိုးဟာ အခုလအတွင်း တရုတ်နိုင်ငံကို သွားရောက်လည်ပတ်သွားမယ်လို့ သူ့ရဲ့ ရုံးအဖွဲ့က ပြောကြားခဲ့ပါတယ်။ သမ္မတဟောင်းရဲ့ အဲဒီခရီးစဉ်ဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်တဲ့ ထိုင်ဝမ် ခေါင်းဆောင်တစ်ဦးရဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားတဲ့ ထိုင်ဝမ်အစိုးရရဲ့ အချုပ်အခြာအာဏာကို လက်ခံနိုင်ရေးအတွက် စစ်အင်အားနဲ့ နိုင်ငံရေးအင်အား အသုံးပြုပြီး လုပ်ဆောင်လာချိန်မှာ ဘေဂျင်းနဲ့…

မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းရည်မြှင့်တင်ဖို့ ကင်ဂျုံအွန်း အသိပေး

ပြုံယမ်း – မတ်(၂၁) အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ တိုးချဲ့နေတယ်လို့ စွပ်စွဲပြီး နောက် စစ်ပွဲတွေဟန့်တားဖို့အတွက် နျူကလီးယား နဲ့တုံ့ပြန်ဖို့ အသင့်ရှိနေရမှာဖြစ်တယ်လို့ ခေါင်းဆောင် ကင်ဂျုံအွန်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြောက်ကိုရီးယားရဲ့ ရန်သူတွေကို နျူကလီးယား တန်ပြန် တိုက်ခိုက်မှုပြုလုပ်ဖို့ စစ်ဆင်ရေး လေ့ကျင့်မှုအပြီးမှာ ကင်က ပြောခဲ့တာဖြစ်ပြီး လေ့ကျင့်ရေး ကြောင့် စစ်ပွဲစွမ်းရည်တွေကို…

ဝရမ်းထုတ်ခံထားရတဲ့ ပူတင်ကို တရုတ်သမ္မတ သွားတွေ့မယ်

ပေကျင်း – မတ်(၂၁) ကြီးထွားလာတဲ့ သံတမန်ရေး ဩဇာအာဏာကို ပြသဖို့နဲ့ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာကိုစိန်ခေါ် ဖို့ ရည်ရွယ်ချက်နဲ့ တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ ဒီသီတင်းပတ်အတွင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ အစည်းအဝေးကျင်းပဖို့ ကရင်မလင်နန်းတော်ကိုသွားဖို့ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေပွဲတွေ မြှင့်တင်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အခန်း ကဏ္ဍမှာ ပါဝင်ဖို့သမ္မတရှီက ထင်မြင်ထားပြီး ဘေဂျင်းဟာ ဒီခရီးစဉ်ကို…

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကို စစ်တပ်ဖမ်းဆီး

ရန်ကုန် – မတ်(၂၀) ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူ့ရဲ့ အိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ သူ့ကို ဒီနေ့ မတ်လ(၂၀) ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဘာအမှုနဲ့ ဖမ်းဆီးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်မှာ ရှိတဲ့ ဒါရိုက်တာ စတီးလ် ရဲ့ နေအိမ်ကို…