March 2023

မှတ်ပုံမတင်တဲ့ အသင်းအဖွဲ့တွေကို အရေးယူဖို့ စစ်ကောင်စီ ပြင်ဆင်

နေပြည်တော် ၊ မတ် (၂၅) စစ်ကောင်စီ အသစ်ပြဌာန်းထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေအတိုင်း ပြန်လည် မှတ်ပုံမတင်ဘဲ လုပ်ငန်းဆောင်ရွက်နေတဲ့ အသင်းအဖွဲ့ကို စတင်အရေးယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်လာတယ်လို့ အသင်းအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ အသင်းအဖွဲ့ပိုင် ငွေကြေးနဲ့ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တာ၊ အသင်းအဖွဲ့အတွင်း ပါဝင်သူတွေကိုလည်း ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်တဲ့ အသင်းအဖွဲ့…

BGF စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်း

ပိုက်ဘီးလင်း ၊ မတ် (၂၅) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လယ်ဆောလော့ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်တဲ့ လယ်ဆော့လော့ BGF စခန်းကို ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့…

ကြာအင်းဆိပ်ကြီးမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးနီးပါး သေဆုံး

ကြာအင်းဆိပ်ကြီး ၊ မတ်(၂၅) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ၁၀ ဦးနီးပါး သေဆုံးခဲ့သလို သေနတ်တွေပါ သိမ်းဆည်း ရမိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်တပ်စခန်းဆီကို…

ပါတီအသစ်ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ပါဝင်ခြင်းရှိ မရှိ မဆုံးဖြတ်ရသေးဘူးလို့ ပရာရွတ်ပြောကြား

ဘန်ကောက် – မတ်(၂၅) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရရွတ်ချန်အိုဟာ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရဝတ် ဦးဆောင်တဲ့ ဖလန်ဖရတ်ချာရတ် ပါတီ (PPRP) မှ နှုတ်ထွက်ပြီး ပါတီအသစ်တစ်ခုဖြစ်တဲ့ United Thai Nation ပါတီကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။ မေလ ၁၄ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ United Thai…

စစ်ရေးထောက်ပံ့မှုမလုပ်ရင် ဥရောပမှာ ကြာရှည်တဲ့စစ်ပွဲဖြစ်မယ်လို့ ယူကရိန်းသမ္မတ သတိပေ

ကီးယက် – မတ်(၂၅) ခေတ်မီလက်နက်တွေ ထောက်ပံ့မှု အရှိန်မြှင့်တင်ဖို့ ရုရှားအပေါ်ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု တွေ ချမှတ်ဖို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက တိုက်တွန်းခဲ့ပြီး ထောက်ပံ့မှုတွေမရရင် စစ်ပွဲ ဟာနှစ်ပေါင်းများစွာ ကြာရှည်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားနိုင်ငံကို တစ်နှစ်ကျော်ကြာ ထိန်းထားဖို့ နိုင်ငံပေါင်း (၂၇) နိုင်ငံအစုအဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုအပေါ်မှာ မူတည်တယ်လို့ အီယူခေါင်း ဆောင်တွေကို…

IMF အစီအစဉ်နောက်မှာ နိုင်ငံရဲ့ အခက်ခဲဆုံးအခြေအနေတွေရှိလာနိုင်တယ်လို့ သီရီလင်္ကာ သမ္မတ ဆို

ကိုလံဘို – မတ်(၂၅) သီရီလင်္ကာနိုင်ငံအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ကုစားရေး အစီအစဉ်ထွက် ပေါ်လာပြီးနောက် ပျက်စီးသွားတဲ့ ဘဏ္ဍာရေးကဏ္ဍတွေ ပြန်လည်ကုစားဖို့ ချွေတာရေးအတိုင်း အတာတွေ သတ်မှတ်ရမှာဖြစ်သလို စီးပွားရေးအရထိခိုက်မှုတွေ ပိုမိုကြုံတွေ့လာနိုင်တယ်လို့ သမ္မတ ရာနေးလ်က ပြောခဲ့ပါတယ်။ နိုင်ငံရဲ့အကြီးစား အကြွေးရှင်ဖြစ်တဲ့ တရုတ်နိုင်ငံဘက်က ကြွေးမြီး လျော့ပါးသက်သာရေး အာမခံချက်တွေပေးအပ်ခဲ့ပြီးနောက် IMF ဟာ သူတို့ရဲ့ကယ်ဆယ်ရေးအစီအစဉ်ကို…

ဘော်လခဲမြို့ကို စစ်တပ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးသေဆုံး

ဘော်လခဲ – မတ်(၂၄) ကယားပြည်နယ်၊ ဘော်လခဲမြို့က ကျေးရွာတစ်ရွာမှာရှိတဲ့ ဒေသခံတွေရဲ့ လုပ်ငန်းခွင်ကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ(၉)ဦးထိခိုက်ဒဏ်ရာ ရရှိသွားပြီး အဲဒီထဲက (၃) ဦးသေဆုံးသွားတယ်လို့ ကရင်နီပြည်နယ် လူ့အခွင့်အရေးကောင်စီက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၃) ရက်နေ့ ညနေပိုင်းက တောင်ငူလေတပ်က ပျံသန်းလာတယ်လို့ ယူဆထားတဲ့ စစ်ကောင်စီတိုက်လေယာဉ်ဟာ ဘော်ပလောက်ကျေးရွာဒေသခံတွေရဲ့သစ်လုပ်ငန်းလုပ်ကိုင်တဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ သေဆုံးသွားသူတွေဟာ…

နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၄ သန်းနီးပါးအထိ ရှိလာ

ရန်ကုန်၊ မတ်(၂၄) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ဖြစ် ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့မလုံခြုံမှု ပြဿနာတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ လူဦးရေ ၁ ဒသမ ၄ သန်းနီးပါးအထိ ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ…