ဒီးမော့ဆို – မတ်(၂၉)
ကယားပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ(၁) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၂၈) ရက်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်တာမရှိဘဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်း ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ထိခိုက်သေဆုံးသူတွေရဲ့ အချက်အလက်နဲ့ ကျေးရွာအမည်ကို လုံခြုံရေး အရ ထုတ်ဖော်ပြောဆိုလို့မရသေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ကယားပြည်နယ်က စစ်ဘေးရှောင်တွေ အများဆုံးနေထိုင်နေပြီး အဲဒီနေရာကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေသလို လေကြောင်းတိုက် ခိုက်မှုတွေလည်း မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီလအစောပိုင်းက တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ပိုများလာသလို ဒီးမော့ဆိုအရှေ့ခြမ်းမှာလည်း စစ်ရှောင်ပြည်သူတွေပိတ်မိနေတဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ဘေးရှောင်အရေးလှုပ်ရှားသူတွေရဲ့ အဆိုအရ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ကယားပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု (၁၃) ကြိမ်ထက်မနည်းလုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် (၁၈၀,၀၀၀) ရှိနေပြီး အဲဒီထဲ မှာ ကလေး (၃၀) ရာခိုင်နှုန်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNDF