ပြုံယမ်း၊ မတ်(၃၁)

တောင်ကိုရီးယားယဉ်ကျေးမှုတွေ ဖုံးလွှမ်းထားတဲ့ စီးရီးတွေကို ကြည့်ရှု၊ မျှဝေခဲ့သူတွေအပါအဝင် မူးယစ် ဆေးဝါးသုံးစွဲသူတွေကို မြောက်ကိုရီးယားက ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယားက အစီရင်ခံစာတစ် စောင်ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ထိန်းချုပ်ချိုးဖောက်နေတယ် လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ကိုရီးယားနှစ်နိုင်ငံအရေးကို ကိုင်တွယ်နေတဲ့ တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဟာ သူတို့ ရဲ့ မွေးရပ်ကနေထွက်ပြေးလာတဲ့မြောက်ကိုရီးယား နိုင်ငံသား (၅၀၀)ကျော်ထံကနေ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကောက်ယူထားတဲ့ သက်သေခံချက် စာမျက်နှာ (၄၅၀) ပါ အစီရင်ခံစာကို အခြေခံထားတာ ဖြစ်တယ်လို့ သိရပါတယ်။

“မြောက်ကိုရီးယား နိုင်ငံသားတွေရဲ့ အသက်ရှင်သန်ခွင့်ကို ကြီးကြီးမားမား ခြိမ်းခြောက်နေပုံပေါ်ပါတယ်” လို့ ဝန်ကြီးဌာနက အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မူးယစ်ဆေးရာဇဝတ်မှုတွေ၊ တောင်ကိုရီးယားဗီဒီယိုတွေဖြန့်ဝေမှု၊ ဘာသာရေးနဲ့ အယူသီးမှုတွေအပါအဝင် သေဒဏ်နဲ့ မညီတဲ့ လုပ်ရပ်တွေအတွက်လည်း ကွပ်မျက်မှုတွေကို ထမင်းစား၊ ရေသောက်သလို လုပ်ဆောင်နေ တယ်လို့ အဲဒီအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားအစိုးရရဲ့ တွေ့ရှိချက်တွေကို သီးခြားအတည်မပြုနိုင်ပေမယ့်လည်း ဒီအချက်အလက်တွေ ဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေနဲ့ပါ ကိုက်ညီနေတယ် လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ မြောက်ကိုရီးယားအစိုးရအနေနဲ့ လူမြင်ကွင်းတွင်း ကွပ်မျက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မတရား ဖမ်းဆီးမှုတွေအပါအဝင် လူမှုအ သိုက်အဝန်း၊ အကျဉ်းစခန်းတွေ၊ အခြားနေရာတွေမှာကျူးလွန်ခဲ့တဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအကြောင်းကို အသေးစိတ်ဖော်ပြထားခဲ့တာလည်း ဖြစ်ပါတယ်။

ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ပုံမှန်ဖြစ်ပွားလေ့ရှိပြီး အချို့မှာ နယ်စပ်ဖြတ် ကျော်ဖို့ ကြိုးပမ်းမှုတွေကြောင့် ဖမ်းဆီးခံရပြီး တိတ်တဆိတ် ကွပ်မျက်ခံရတာဖြစ်တယ်လို့  ဝန်ကြီးဌာနက ပြော ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီးယားနဲ့ ဒုံးကျည်လက်နက်တွေကိုမြှင့်တင်ဖို့သာ အပူတပြင်းလုပ်ဆောင်နေ တာကြောင့် နိုင်ငံသားတွေရဲ့အခြေခံလိုအပ်ချက်တွေတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ပျက်ကွက်မှုကို မီးမောင်းထိုးပြဖို့အတွက် တောင်ကိုးရီးယားက ကြိုးပမ်းနေချိန်မှာ အဲဒီအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါ တယ်။

မြောက်ကိုရီးယားရဲ့ ဆိုးရွားလှတဲ့ မတရားဖိနှိပ်မှုတွေအကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကို ဒီအစီရင်ခံစာ ကနေ ပိုမိုကောင်းမွန်စွာ အသိပေးသင့်တယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အခွင့်အရေးအခြေအနေတွေကို နှစ်စဉ်အကဲဖြတ်ဖို့ ဥပဒေအရလိုအပ်တယ်လို့ ပေါင်းစည်း ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

တောင်ကိုးရီးယားမှာ မြောက်ကိုရီးယားနိုင်ငံသား (၃၄၀၀၀) နီးပါး အခြေချနေထိုင်ခဲ့ပေမယ့်လည်း နယ်စပ်လုံ ခြုံရေး တင်းကျပ်မှုကြောင့် ထွက်ပြေးလာသူ အရေအတွက် သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ သိရပါ တယ်။

ကိုဗစ်-၁၉ ပိတ်ဆို့မှုတွေကြားမှာ မြောက်ကိုရီးယားမှ လာရောက်မှုဟာ ၂၀၂၁ ခုနှစ်မှာ (၆၃) ဦးသာရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် (၆၇) ဦးအထိ တိုးလာခဲ့တယ်လို့  ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.