ကီးယက် – မတ်(၃၀)
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက တရုတ်ခေါင်းဆောင်ရှီရျင်းဖျင်ကို ယူကရိန်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားတယ်လို့ AP သတင်းဌာနက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရုရှားကယူကရိန်းကို စတင်ကျူးကျော်ခဲ့ချိန်ကစပြီး တရုတ်သမ္မတ ဟာ ယူကရိန်းခေါင်းဆောင်နဲ့ တစ်ခါမှ တွေ့ဆုံစကားပြောတာမရှိဘဲ တရုတ်က ယူကရိန်း အကျပ်အတည်းရဲ့ နိုင်ငံရေးဖြေရှင်းချက်အတွက် အချက်(၁၂) ချက်ပါ အစီအစဉ်ကို ထုတ်ပြန် ထားတာပါ။
“သူ့ကို ဒီမှာတွေ့ဖို့ ကျွန်တော်တို့ အဆင်သင့်ပါဘဲ” လို့ ဇယ်လန်းစကီးက သတင်းဌာနတစ်ခုကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး ယူရိန်းမှာ တိုက်ခိုက်မှု အရှိန်လျှော့ဖို့နဲ့ နောက်ဆုံးမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်တွေလည်းပါဝင်ပါတယ်။
ဒါပေမယ့် တရုတ်ဟာ ရုရှားရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ရှုတ်ချဖို့ ငြင်းဆိုထားတဲ့အတွက် အမေရိကန်က ပယ်ချထားပါတယ်။
အပစ်အခတ်ရပ်စဲရေးဟာ ရုရှားရဲ့ နယ်မြေပိုင်ဆိုင်မှုကို သေချာစေမှာဖြစ်သလို ပူတင်ရဲ့ စစ်တပ် ကို ပြန်လည်စုဖွဲ့ဖို့ အချိန်ပိုပေးတာဖြစ်တယ်လို့ အမေရိကန်က ပြောထားပါတယ်။
ယူကရိန်းအနေနဲ့ တရုတ်နိုင်ငံရဲ့ သံတမန်ရေးအရ ပါဝင်ပတ်သက်မှုကို ကြိုဆိုခဲ့ပေမယ့် ရုရှား တပ်တွေ ယူကရိန်းပိုင်နက်ထဲက ထွက်ခွာပြီးတဲ့နောက်မှသာ ငြိမ်ချမ်းရေး ဖြေရှင်းမှုတွေကို စဉ်းစားမှာဖြစ်တယ်လို့ ဇယ်လန်းစကီးက ပြောခဲ့ပါတယ်။
Ref: CNA