ဂျိုဟန်းနက်စ်ဘတ်၊ မတ်(၃၀)
တရုတ်အစိုးရက ၂၀၀၈ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း ခါးပတ်တစ်ကွင်း လမ်းတစ်စင်းလို့ အမည်ရတဲ့စီမံကိန်းမှာ ပါဝင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၂၂ နိုင်ငံကို အမေရိကန် ဒေါ်လာ ၂၄၀ ဘီလီယမ်ထုတ်ချေးခဲ့တဲ့အတွက် ဒီချေးငွေတွေ ပြန်လည်ပေးဆပ်ဖို့ကို သက်ဆိုင်ရာနိုင်ငံတွေက ရုန်းကန်နေကြရပါတယ်။
ကမ္ဘာ့ဘဏ်၊ ဟားဗက်ကီနီဒီကျောင်းနဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ကီရယ်အင်တီကျုတို့မှ သုတေသနပညာရှင် တွေရဲ့ အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေအတွင်း အာဂျင်တီနား၊ မွန်ဂိုလီးယားနဲ့ ပါကစ္စတန်တို့ လို ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေကို ကယ်ဆယ်ရေးချေးငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ထုတ်ချေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ဒေါ်လာဘီလီယမ် ရာချီထုတ်ချေး ခဲ့တဲ့ တရုတ်အစိုးရဟာ ဒီစီမံကိန်းတွေက မျှော်မှန်းထားတဲ့ ငွေကြေးအကျိုးအမြတ်အတိုင်း ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်လာခဲ့တာကြောင့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး အဲဒီအစီအစဉ်ကလည်း အမြီးပြတ်သွားခဲ့ရတာပါ။
အဲဒီလေ့လာမှုမှာပါဝင်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးပညာရှင်တစ်ဦးက “နိုင်ငံတကာကို ချေးငွေထုတ်ပေးခြင်း ဆိုတဲ့ အန္တရာယ်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်မိလိုက်တဲ့အတွက် ဘေဂျင်းဟာ သူရဲ့ ဘဏ်တွေကို ကယ်တင်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကြွေးမြီးအခက်အခဲဖြစ်နေတဲ့ နိုင်ငံတွေကို တရုတ်အစိုးရရဲ့ ထုတ်ချေးငွေဟာ ၂၀၁၀ ခုနှစ်မှာ ၅ ရာခိုင်နှုန်း အောက်သာရှိပြီး ၂၀၂၂ ခုနှစ်ရောက်သောအခါ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ လေ့လာချက်မှာ ဖော်ပြထားတာပါ။
အမေရိကန်ဒေါ်လာ ၁၁၁.၈ ဘီလီယမ်အထိ အများဆုံးချေးငွေအဖြစ် အာဂျင်တီးနားမှ လက်ခံရရှိထားပြီး သူ့ရဲ့အနောက်မှာ ကန်ဒေါ်လာ ၄၈.၅ ဘီလီယမ်ရယူထားတဲ့ ပါကစ္စတန်နဲ့ ကန်ဒေါ်လာ ၁၅.၆ ဘီလီယမ် ချေးယူထားတဲ့ အီဂျစ်တို့ဖြစ်ကြပြီး အခြားသော နိုင်ငံ ၉ နိုင်ငံကိုလည်း ကန်ဒေါ်လာ ၁ ဘီလီယမ် အောက် ချေးငွေတွေ ပေးအပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဆူရင်နင်မ်၊ သီရိလင်္ကာနဲ့ အီဂျစ်နိုင်ငံတို့ကို ဘဏ္ဍာရေးကယ်ဆယ်မှု အစီအစဉ်အရ ထုတ်ချေးထားတဲ့ ငွေမှာ အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယမ် အထိရှိတယ်လို့ တရုတ်ပြည်သူ့ဘဏ်က စာရင်းပြုစုထားတာပါ။
တရုတ်ရဲ့ ချေးငွေတွေဟာ ပွင့်လင်းမြင်သာမှုမရှိသလို ညှိနှိုင်းမှုလည်း မရှိဘူးလို့ ပညာရှင်တစ်ဦးမှ ပြောကြား ခဲ့ပါတယ်။
လေ့လာချက်အရ တရုတ်နိုင်ငံဘဏတွေရဲ့ ငွေကျန်လက်ကျန်ရှင်းတမ်းမှာ ကြုံတွေ့လာရနိုင်တဲ့ အန္တရာယ် တွေကြောင့် ချေးငွေရဲ့ လေးပုံ တစ်ပုံ သို့မဟုတ် ၅ပုံ ၁ပုံကိုသာ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံတွေကို ထုတ်ချေးပြီး ရယူထားတဲ့ နိုင်ငံတွေကိုလည်း ပြန်လည်ပေးဆပ်ဖို့ အလို့ငှာ သက်တမ်းတိုးကာလတွေကို ပေးအပ်ထားတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံဟာ ဇမ်ဘီယာ၊ ဂမ်နာ၊ သီရိလင်္ကာနိုင်ငံတို့နဲ့ ကြွေးမြီးကိစ္စ ပြန်လည်သတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်း မှုတွေကို ဆောင်ရွက်နေသလို စီမံကိန်းကို ရပ်ဆိုင်းထားတဲ့အတွက်ကြောင့်လည်း ဝေဖန်မှုတွေ ကြုံ တွေ့ခဲ့ ရတာပါ။
ဒါ့အပြင် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့တို့ကလည်း အဲဒီနိုင်ငံတွေကို အကြွေး သက်သာ ခွင့်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုထားပါတယ်။
Source: Reuters/lk