ကိုလံဘို – မတ်(၂၅)
သီရီလင်္ကာနိုင်ငံအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ကုစားရေး အစီအစဉ်ထွက် ပေါ်လာပြီးနောက် ပျက်စီးသွားတဲ့ ဘဏ္ဍာရေးကဏ္ဍတွေ ပြန်လည်ကုစားဖို့ ချွေတာရေးအတိုင်း အတာတွေ သတ်မှတ်ရမှာဖြစ်သလို စီးပွားရေးအရထိခိုက်မှုတွေ ပိုမိုကြုံတွေ့လာနိုင်တယ်လို့ သမ္မတ ရာနေးလ်က ပြောခဲ့ပါတယ်။
နိုင်ငံရဲ့အကြီးစား အကြွေးရှင်ဖြစ်တဲ့ တရုတ်နိုင်ငံဘက်က ကြွေးမြီး လျော့ပါးသက်သာရေး အာမခံချက်တွေပေးအပ်ခဲ့ပြီးနောက် IMF ဟာ သူတို့ရဲ့ကယ်ဆယ်ရေးအစီအစဉ်ကို အတည် ပြုပေးခဲ့တာပါ။
၂၀၂၂ ခုနှစ်ရဲ့ မကြုံစဖူးစီးပွားရေးကပ်ဘေးမှ နိုင်ငံပြန်လည်နာလန်ထူနိုင်ရေးမှာ IMF ရဲ့ အပေး အယူဟာ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ သီရိလင်္ကာသမ္မတက ပါလီမန်မှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် သီရိလင်္ကာသမ္မတက ဒီငွေကျေးအထောက်အကူဟာ ပိုမိုခက်ခဲလာတဲ့ စနစ်ပြုပြင် ပြောင်းလဲရေးတွေအတွက် ပထမခြေလှမ်းတစ်ရပ်သာဖြစ်တယ်လို့ ဥပဒေပြုကိုယ်စားလှယ် တွေကိုဆိုထားပါတယ်။
“IMF ရဲ့ ချေးငွေဟာ အသူ့အထဲမှာပဲ အဆုံးသတ်သွားမယ့်အရာမဟုတ်ပါဘူး၊ ရှည်ကြာပြီး ပိုမိုခက်ခဲလာမယ့် ခရီးရဲ့ အစပါ။ ကျွန်ုပ်တို့အနေနဲ့ အဲ့ဒီအခြေအနေကို ဂရုတစိုက်ရှိပြီး အားပေးရင်း ဖြတ်သန်းသွားရမှာပါ။ နိုင်ငံရဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ဖို့ဆိုတာက တစ်ခုတည်းသော ဦးတည်ချက်ပါ” လို့ သီရိလင်္ကာသမ္မတက ပြောခဲ့ပါတယ်။
နိုင်ငံခြားအရန်ငွေပြတ်တောက်တာကတဆင့် သွင်းကုန်လုပ်ငန်းရှင်တွေ အတွက် အရေးကြီး ကုန်စည်တွေ တင်သွင်းနိုင်တာမရှိခဲ့တဲ့အပြင် နိုင်ငံရဲ့ အကြွေးဟာ အမေရိကန်ဒေါ်လာ (၄၆) ဘီလျံရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သီရိလင်္ကာသမ္မတဟာ အခွန်အတုပ်ကောက်ခံတာတွေကို သိသိသာသာ မြှင့်တင် ပြီး လောင်စာနဲ့ လျှပ်စစ်အတွက် အထွေထွေခံစားခွင့်တွေ ရုတ်သိမ်းတာတွေနဲ့အတူ အစိုးရ ဘဏ္ဍာတိုက်ကို ပြန်လည် ဦးမော့လာစေဖို့ လုပ်ဆောင်နေပါတယ်။
IMF ရဲ့ လိုအပ်ချက်အရ သီရိလင်္ကာနိုင်ငံအနေနဲ့ Sri Lankan လေကြောင်းလိုင်းလို အပိုငွေ ကုန်နေတဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေကို ရောင်းထုတ်ဖို့လိုအပ်ပြီး အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး ဥပဒေကိုလည်း အသက်သွင်းဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
သီရိလင်္ကာအစိုးရအနေနဲ့ အဓိက ကျတဲ့ ပြည်သူပိုင် ကုမ္ပဏီတွေရဲ့ အကြွေးတွေကို တာဝန်ယူ ဖြေရှင်းပေးသွားမယ်လို့ အာမခံပြီး ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့လည်း ကြိုးပမ်း နေတယ်လို့ သိရပါတယ်။
Ref: AFP