ကီးယက် – မတ်(၂၅) 

ခေတ်မီလက်နက်တွေ ထောက်ပံ့မှု အရှိန်မြှင့်တင်ဖို့ ရုရှားအပေါ်ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု တွေ ချမှတ်ဖို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက တိုက်တွန်းခဲ့ပြီး ထောက်ပံ့မှုတွေမရရင် စစ်ပွဲ ဟာနှစ်ပေါင်းများစွာ ကြာရှည်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ 

ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားနိုင်ငံကို တစ်နှစ်ကျော်ကြာ ထိန်းထားဖို့ နိုင်ငံပေါင်း (၂၇) နိုင်ငံအစုအဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုအပေါ်မှာ မူတည်တယ်လို့ အီယူခေါင်း ဆောင်တွေကို ပြောခဲ့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောခဲ့တာပါ။ 

လက်ရှိမှာတော့ ယူကရိန်းအရာရှိတွေဟာ လက်နက်တွေ ထောက်ပံ့ပေးဖို့အတွက် မိတ်ဖက်နိုင်ငံ တွေကို တိုက်တွန်းတာတွေလုပ်နေပေမယ့် ဇယ်လန်းစကီးရဲ့ မှတ်ချက်တွေမှာ စိတ်ပျက်မှုတွေကို ဖော်ပြနေတာဖြစ်ပါတယ်။ 

“ဥရောပက စောင့်ဆိုင်းနေပါက မကောင်းမှုတွေဟာ နှစ်ပေါင်းများစွာကြာ စစ်ပွဲအတွက် ပြန် လည်စုဖွဲ့ရန် အချိန်ရသွားနိုင်တယ်၊ ၎င်းကို တားဆီးဖို့ သင်တို့မှာ ပါဝါရှိတယ်” လို့ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်နဲ့ ဆွေးနွေးခဲ့တဲ့ အီးယူခေါင်းဆောင်တွေကို မိန့်ခွန်းမှာ ပြောခဲ့တာပါ။ 

တာဝေးပစ်လက်နက်တွေနဲ့ ခေတ်မီတိုက်လေယာဉ်တွေ ပေးအပ်တာအပြင် ယူကရိန်းကို အီးယူ အဖွဲ့ဝင်အဖြစ် ပေးအပ်ဖို့ ဆွေးနွေးမှုတွေနဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ နှောင့်နှေးနေတယ်လို့ ဆိုပါ သေးတယ်။ 

“မဟာမိတ်များအနေနဲ့ ကျွန်ုပ်တို့၏ ပူးပေါင်းလုပ်ဆောင်မှုများတွင် နှောင့်နှေးခြင်းကြောင့် ကျွန်ုပ်တို့တွင် အောင်မြင်မှုနည်းပါးနေတယ်လို့ သင်တို့မတွေ့သိဘူးလား။ ကံမကောင်းစွာနဲ့ဘဲ ဒီကိစ္စနှင့် ပတ်သက်ပြီး ကရင်မလင်က မြင်နေတယ်” ယူကရိန်း သမ္မတက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ယူကရိန်းစစ်သည်တွေဆီကို လက်နက်လွှဲပြောင်းပေးဖို့ နှောင့်နှေးနေလို့ မရသလို ခေတ်မီလေယာဉ်တွေလည်း လိုအပ်နေပြီး ပံ့ပိုးပေးဖို့ နှောင့်နှေးနေတာဟာ တစုံတစ်ရာ ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေလားလို့လည်း ယူကရိန်းသမ္မတက မေးခွန်းထုတ်ခဲ့ပါတယ်။ 

နေတိုးအဖွဲ့ဝင်တွေနဲ့ အရင်က ဝါဆောဟာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပိုလန်နဲ့ စလိုဗက်ကီး ယားတို့က ယူကရိန်းလေယာဉ်မှူးတွေ သီးခြားလေ့ကျင့်စရာမလိုဘဲ ပျံသန်းနိုင်တဲ့ ဆိုဗီယက် တည်ဆောက်ထားတဲ့ MIG လေယာဉ်တွေထောက်ပံ့ပေးဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

အနောက်အုပ်စု မဟာမိတ်တွေက ယူကရိန်းကို နောက်ဆုံးပေါ် တိုက်ခိုက်ရေးယာဉ်တွေစေလွှတ် တာနဲ့ ပတ်သက်ပြီး ကြိုတင်တားမြစ်ထားတယ်လို့ ဖော်ပြထားသလို အီးယူကလည်း ရုရှား အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ တုံ့ဆိုင်းနေတယ်လို့ ဇယ်လန်းစကီးက ဝေဖန်ထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.