မော်လမြိုင် – မတ်(၂၀)

အမျိုးသားညီညွတ်ရေးအစိုးရက ရတနာစီမံကိန်းနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို PTT ဆီပေး ပို့ထားပြီး တောင်းဆိုချက်တွေကို ပူးပေါင်းလုပ်ဆောင်တာမရှိရင် စင်္ကာပူနိုင်ငံ အနုညာတ တရားရုံး မှာ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

စီးပွားရေးဆိုင်ရာအငြင်းပွားမှုအဖြစ် တရားဝင်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့အညီ လူထုရဲ့ အခြေခံ လူ့အခွင့်အရေး ဂုဏ်သိက္ခာတွေ ကျဆုံးခဲ့ရမှုအပေါ် မူတည်ပြီး စာချုပ်ပါအတိုင်း တရားစွဲသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။

လက်ရှိအချိန်မှာ စစ်အုပ်စုကို နိုင်ငံခြားငွေစီးဆင်းနေတာနဲ့ ပတ်သက်ပြီး အရေးတကြီး လိုအပ်နေပြီး အဲဒီငွေတွေနဲ့ စစ်အုပ်စုဟာ လက်နက်ဝယ်ယူကာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ဆေးရုံ နဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်ဆောင်နေသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ဒီနေ့အချိန်ထိ ကုလသမဂ္ဂထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ (၁.၇) သန်းကျော် တဲ့ ပြည်သူတွေဟာအိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး နောက်ထပ်ပြည်သူ (၁) သန်းကျော်ဟာ အိမ်နီး ချင်းနိုင်ငံတွေမှာ ခိုလှုံနေထိုင်ဖို့ ကြိုးပမ်းနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုမ္ပဏီတွေနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လူသားချင်းစာနာသော တာဝန်တရပ်အဖြစ် ဝိုင်းဝန်းကူညီတဲ့ အနေနဲ့ NUG ရဲ့ ရန်ပုံငွေ ဖြတ်တောက် ရေး လုပ်ဆောင်ချက်ကို ဝိုင်းဝန်းကူညီကြဖို့ လည်း တောင်းဆိုထားပါတယ်။

PTT ရဲ့ ရံပုံငွေတွေကြောင့် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နှိပ်စက်သတ်ဖြတ်နိုင်ဖို့ အာဏာသိမ်း စစ်အုပ်စုကို အထောက်အပံ့ဖြစ်ထွန်းနေတယ်လို့ ဖော်ပြထားပါတယ်။

NUG ရဲ့ တောင်းဆိုချက်ထဲမှာ စစ်အုပ်စုထံ စာချုပ်ပါ အချက်အလက်တွေကို မမှန်မကန်လုပ်ပြီး ပေးပို့ခဲ့တဲ့ အခွန်အကောက်တွေ၊ လစဉ်အစီရင်ခံစာတွေ၊ စစ်အာဏာလုယူပြီးနောက် ဆက်လုပ် ဆောင်ခဲ့တဲ့ လုပ်ငန်းအပေါ် ဖြေရှင်းချက် တောင်းခံတာဖြစ်တယ်လို့ ဆိုထားပါတယ်။

အရင်က အစိုးရအဆက်ဆက်နဲ့ ပေါင်းသင်းဆက်ဆံခဲ့တဲ့ PTT အပေါ် ထိခိုင်စေလိုတာ မရှိသလို လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုလည်း ရပ်တန့်စေလိုတာမရှိဘဲ PTT ရဲ့ ဆောင်ရွက်ချက် တွေကို လူ့အခွင့်အရေးတွေနဲ့ကိုက်ညီတယ်လို့ သက်သေပြနိုင်ဖို့ အားပေးဆောင်ရွက်တာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.